နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ကိယက်ဗ်မြို့ကို ရုရှားဒုံးကျည် ထိမှန်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး သံရုံးအများအပြား ပျက်စီးခဲ့ကြောင်း ယူကရိန်း ပြော

ဒီဇင်ဘာလ (၂၁) ရက်။

ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး သံရုံးအများအပြား ပျက်စီးခဲ့သည်။

ကိယက်ဗ်မြို့ စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့က တယ်လီဂရမ်တွင် ပို့စ်တင်ခဲ့ပြီးတဦး သေဆုံး၍ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများအနက် ငါးဦးကို ဆေးရုံတင်ထားရပြီး ကျန်သူများကို အခင်းဖြစ်နေရာတွင်ပင် ကုသပေးခဲ့ကြောင်း သိရသည်။

ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်က ၎င်း၏နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးကို တယောက်ချင်းချရန် စိမ်ခေါ်ခဲ့မှုကို ဇလန်းစကီးက ရုရှားခေါင်းဆောင်ကို “ငတုံး”ဟု တစ်ရက်အကြာတွင် ‌ပြောကြားခဲ့သည်။

“သူတို့ကို အဆိုပြုပါရစေ ၂၁ ရာစုရဲ့ နည်းပညာမြင့် ပြိုင်ပွဲတစ်မျိုးဖြစ်တဲ့ နည်းပညာဆိုင်ရာ စိမ်ခေါ်ပြီး တိုက်ကြတဲ့ စမ်းသပ်မှုမျိုး ဆိုကြပါစို့၊” ဟု ပူတင်က မော်စကိုတွင် ကြာသပတေးနေ့က ကျင်းပသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ ဇလန်းစကီးက အွန်လိုင်းပေါ်တွင် ကရင်မလင်ခေါင်းဆောင်အား ရိုင်းစိုင်းသော နှိမ့်ချပြောဆိုမှုဖြင့် ရေးသားတုံ့ပြန်ခဲ့သည်။

ယူကရိန်းလေတပ်ကွပ်ကဲမှု၏အဆိုအရ ရုရှားသည် သောကြာနေ့ နံနက် ၇ နာရီခန့်တွင် ကိယက်ဗ်မြို့၌ ပဲ့ထိန်းဒုံးကျည်ငါးစင်း ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ ယူကရိန်းလေကြောင်း ကာကွယ်ရေးက ဒုံးကျည်ငါးစင်းလုံးကို ပစ်ချခဲ့ပါသည်။ ထို့အပြင် UAV အစင်း ၄၀ ပစ်ချခံခဲ့ရပြီး အခြားမောင်းသူမဲ့လေယာဉ် အစီး ၂၀ သည် ၎င်းတို့၏ ပစ်မှတ်များသို့ မရောက်ခဲ့ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အပျက်အစီးများ ပြိုကျမှုကြောင့် မြို့လယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ခရိုင်တစ်ခုတွင် ရုံးခန်းအဆောက် အအုံတစ်ခု၊ လမ်းမျက်နှာပြင်နှင့် ဂတ်စ်ပိုက်များ ပျက်စီးခဲ့ပြီး ကားငါးစီး မီးလောင်ခဲ့ကြောင်း ကိယက်ဗ်မြို့ရှိ စစ်အုပ်ချုပ်ရေး အကြီးအကဲ ဆာဟေး ပေ့ါကို (Serhiy Popko) က တယ်လီဂရမ်တွင် ပြောကြားခဲ့သည်။ အခြားခရိုင်တွင် ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ “ဟီရိုရီ တိုက်ချီ (Heorhii Tykhyi)” က တိုက်ခိုက်မှုဟာ “ရိုင်းစိုင်းတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဆိုခဲ့ပြီးအဆောက်အအုံမှာရှိတဲ့ သံရုံးအများအပြားလည်း ပျက်စီးခဲ့တယ်” ဟု ဆိုသည်။

“အယ်လ်ဘေးနီးယား၊ အာဂျင်တီးနား၊ ပါလက်စတိုင်း၊ မြောက်မက်စီဒိုးနီးယား၊ ပေါ်တူဂီနဲ့ မွန်တီနီဂရိုးတို့ရဲ့ သံရုံးတွေပါ” “ရုံးမှာရှိတဲ့ ပြတင်းပေါက်တွေနဲ့ တံခါးတွေ ပျက်စီးသွားတယ်။” ဟု တိုက်ချီက မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ပေါ်တူဂီကသူတို့ ရုံးသည် အပျက်အစီးအနည်းငယ် ကြုံတွေ့ခဲ့ရပြီး ကန့်ကွက်ရန် ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့သည်။

ရုရှားနိုင်ငံ ရော့စတော့ဗ် (Rostov) ဒေသရှိ ဓာတုစက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ယူကရိန်း တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ယခုသီတင်းပတ်အစောပိုင်းတွင် ယူကရိန်း၏ စစ်ရေးပစ်မှတ်များကို တာဝေးပစ်ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယူကရိန်းတို့ ပြုလုပ်ခဲ့သည့် ယင်းတိုက်ခိုက်မှုတွင် “အမေရိကန်လုပ် ATACMS ဒုံးကျည်တွေသုံးပြီး တိုက်ခိုက်ခဲ့တာ” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“အနောက်တိုင်းက ထောက်ပံ့မှုတွေ ပံ့ပိုးပေးထားတဲ့ ကိယက်ဗ်အစိုးရရဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ဒီမနက်မှာ တိကျတဲ့ တာဝေးပစ်လက်နက်တွေနဲ့ အုပ်စုဖွဲ့ တိုက်ခိုက်မှုကို SBU ကွပ်ကဲမှု စခန်းဖြစ်တဲ့ Neptune ဒုံးခွင်းဒုံးစနစ်၊ Olkha၊ မြေပြင်အခြေစိုက် ခရုဇ်ဒုံးပျံ ဒီဇိုင်းထုတ်တဲ့ ကိယက်ဗ် Luch ဒီဇိုင်းဗျူရိုနဲ့ Patriot လေယာဉ်ပစ်ဒုံးကျည် စနစ်ချထားတဲ့နေရာစတာတွေကို” ကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့သည် ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

“ပစ်မှတ်တွေက အောင်မြင်တယ်။ ပစ်မှတ်အားလုံး ထိမှန်သွားတယ်” ဟု ၎င်းကဆိုသည်။

ကိယက်ဗ်မြို့အား ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဇီလန်စကီးက “ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ပိုမိုလိုအပ်သည်” ဟု သောကြာနေ့တွင် ပြောကြားခဲ့သည်။

“ဒီနဲ့ တခြားရုရှားတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပံ့ပိုးပေးဖို့ အဆင်သင့် တုံ့ပြန်ပေးထားတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ခါဆွန် (Kherson) မြို့ကို ချီတက်ရန် ကြိုးပမ်းနေသည့် ရုရှားတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုတွင် သောကြာနေ့မနက်ပိုင်းက ပြင်းထန်စွာ ပစ်မှတ်ထားခံခဲ့ရသည်ဟု ဒေသဆိုင်ရာ စစ်တပ်အာဏာပိုင်များက ပြောကြားခဲ့သည်။

တောင်ပိုင်းမြို့ကို ရုရှား၏ တိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ခါဆွန် ဒေသ စစ်အုပ်ချုပ်ရေး အကြီးအကဲ အိုလက်ဆန်ဒါ ပရိုကူဒင် (Oleksandr Prokudin) က ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 85 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက