နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

သိုင်းငင်းလမ်းမကြီး ပြန်လည်ဖွင့်လှစ်ကြောင်း CDF CDM SIYIN ကြေညာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်၊

တီးတိန်အခြေစိုက် CDF CDM SIYIN က နှစ်လနီးပါး ပိတ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ တီးတိန်မြို့နဲ့ ဖလမ်းမြို့ကို ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီး ကလေး သိုင်းငင်းလမ်းမကြီးကို ဒီကနေ့ ဇန်နဝါရီလ (၂၂) ရက်နေ့က စပြီး အများပြည်သူတွေ လုံခြုံစိတ်ချ ဘေးကင်းစွာ ပြန်လည်အသုံးပြု သွားလာနိုင်ပြီဖြစ်တယ်လို့ မနေ့က ဇန်နဝါရီလ (၂၁) ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လမ်းပိတ်ထားတဲ့ နှစ်လကျော်အတွင်း သီးခံပေးကြတဲ့ ခရီးသွားပြည်သူအားလုံးအပေါ် ကျေးဇူးအထူးတင်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

ချင်းတော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ သိုင်းငင်းရွာက စစ်ကောင်စီတပ်ကင်းစခန်းကို လေ့လာကြည့်ရှုလိုတဲ့ ပြည်သူတွေအနေနဲ့ CDF CDM SIYIN ကို အကြောင်းကြားပြီးမှ သွားလာကြည့်ရှုလေ့လာကြဖို့ကို တောင်းဆိုထားပါတယ်။

CDF CDM SIYIN ကို အကြောင်းမကြားဘဲ သွားရောက်ပြီး ကြည့်ရှုနေရင်း တစ်စုံတစ်ခု ဖြစ်ခဲ့ပါက CDF CDM SIYIN က တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

သိုင်းငင်းစခန်းသိမ်းပြီးနောက် ကျန်ရှိနေသေးတဲ့ ကိုးမိုင်ခိုင်ကမ်းရဲစခန်းကိုလည်း မကြာခင်အချိန်အတွင်းမှာ သိမ်းပိုက်ထိန်းချုပ်တော့မှာ ဖြစ်တဲ့အတွက်ကိုးမိုင်ခိုင်ကမ်း ရဲစခန်းအနီးရှိ ပြည်သူတွေ ဘေးကင်းရာကို ရှောင်ပေးဖို့ကို တောင်းဆိုထားပါတယ်။

ကိုးမိုင်ခိုင်ကမ်းရှိ ပြည်သူ့ချစ်တွေ့ ရဲဝန်ထမ်းတွေ၊ စစ်ဝန်ထမ်းတွေ အနေနဲ့လည်း တိုက်ပွဲမစမီ CDF CDM SIYIN ဆီကို အမြန်ဆုံး အလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 26 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 27 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 26 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 31 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 32 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏