နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

ဆိုမာလီပင်လယ်ဓါးပြများ ပြန်လည်ထကြွသောင်းကျန်းလာ

ဒုက္ခရောက်နေကြောင်း အရေးပေါ်အချက်ပြမှုနဲ့ hotline ဖုန်းခေါ်ဆိုမှုတွေက ဆိုမာလီပင်လယ်ဓါးပြတွေထံကနေ အဗ္ဗဒူလာသင်္ဘောကို မကယ်တင်နိုင်ခဲ့ပါဘူး။ ဘင်္ဂလာဒေ့ရှ်နိုင်ငံပိုင်အဲဒီသင်္ဘောဟာ ယခင်က ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ယူဆထားခဲ့ကြတဲ့ ဆိုမာလီပင်လယ်ဓါးပြတွေရဲ့ ပြန်ပေးဆွဲခြင်းခံခဲ့ရတာပါ။

ရက်သတ္တပတ် တစ်ပတ်အကြာမှာတော့ အဗ္ဗဒူလာကုန်တင်သင်္ဘောကို ဆိုမာလီယာအနီးနားမှာ ကျောက်ချရပ်နားထားတာတွေ့ရပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Puntland ဒေသရဲ့ ကမ်းရိုးတန်းကို ဖုန်းနဲ့ ဆက်သွယ်ကြည့်ရာမှာတော့ ပင်လယ်ဓါးပြရန်ကာကွယ်တားဆီးရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အစ္စမေးအစ္စစီက နိုင်ငံတကာရေတပ်တွေဟာ ဆိုမာလီယာပင်လယ်ပြင်အတွင်း လုံခြုံရေးစောင့်ကြပ်မှုတွေကို လျှော့ချလိုက်ကြပြီလို့ ဆိုပါတယ်။

ဆိုမာလီယာပင်လယ်ပြင်နဲ့ ရေမိုင် ရာကျော် ကွာဝေးတဲ့ မြောက်ဘက်က ပင်လယ်နီမှာတော့ နိုင်ငံတကာကုန်သွယ်ရေးသင်္ဘောတွေကို ဒရုန်း၊ ဒုံးကျည်တွေနဲ့ ဟူသီသူပုန်တွေက အကြိမ်ကြိမ်တိုက်ခိုက်မှု ပြုလုပ်နေကြပါတယ်။ နိုင်ငံတကာရေကြောင်းလုံခြုံရေးအဖွဲ့တွေ အာရုံစိုက်စရာ များပြားနေတာက ဆိုမာလီပင်လယ်ပြင်မှာ ဓါးပြတွေ ပြန်ထကြွဖို့ အခွင့်အရေးတစ်ခုဖြစ်နေတယ်လို့ ဆိုမာလီယာသမ္မတ ဟာဆန်ရှိတ်မိုဟာမက်က ပြောပါတယ်။

“ အခုဖြစ်နေတဲ့ကိစ္စတွေဟာ သေးငယ်တုန်းမှာ မတားဆီးနိုင်ရင် ကြာလာတဲ့အခါ ကြီးထွားလာနိုင်ပါတယ်”

အလုပ်အများဆုံး ပင်လယ်ရေးကြောင်းလမ်းတွေမှာ ဆယ်စုနှစ်တစ်ခုအကြာ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ပင်လယ်ဓါးပြမှုတွေ သင်္ဘောပြန်ပေးဆွဲတဲ့အမှုတွေဟာ ငြိမ်သက်သွားခဲ့တာကြာခဲ့ပါပြီ။

လက်ရှိပြန်လည်ထကြွလာတဲ့ ပင်လယ်ဓါးပြတွေကြောင့် ဆိုမာလီယာနိုင်ငံအနေနဲ့ ကုန်းမြေနဲ့ ပင်လယ်ပြင် နှစ်ခုစလုံးမှာ ဥပဒေစိုးမိုးရေးကို အမြင့်ဆုံးမြှင့်တင်သွားဖို့လိုအပ်နေပြီလို့ ဆိုမာလီယာသမ္မတဟာဆန်ရှိတ်မိုဟာမက်က ပြောပါတယ်။

ဆိုမာလီယာအစိုးရရဲ့အချက်အလက်တွေအရတော့ သူတို့ရဲ့ ကမ်းခြေစောင့်တပ်မှာ ပင်လယ်ပြင်အတွင်း ကင်းလှည့်နိုင်တဲ့ သင်္ဘောတစ်စင်းသာရှိတယ်လို့ သိရပါတယ်။ မြို့တော်မိုဂါဒစ်ရှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဆိုမာလီလန်းနဲ့ ပန့်လန်းတို့မှာလည်း ရေကြောင်းလုံခြုံရေးအဖွဲ့က အကန့်အသတ်ဖြင့်သာ ရှိနေကြတာပါ။

ဆိုမာလီပင်လယ်ဓါးပြတွေဟာ 2011 ခုနှစ်အတွင်း အကြီးအကျယ်သောင်းကျန်းခဲ့ကြပြီး နိုင်ငံတကာရေကြောင်းသွားလာရေးဗျူရိုရဲ့ အချက်အလက်တွေအရ အဲဒီနှစ်မှာ ဆိုမာလီဓါးပြတွေရဲ့ တိုက်ခိုက်မှု 237 ကြိမ်အထိရှိခဲ့ပြီး ရာနဲ့ချီတဲ့ ဓါးစာခံတွေကို ဖမ်းဆီးခဲ့ပါတယ်။

Ocean Beyond ပင်လယ်ဓါးပြစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ချက်တွေအရတော့ 2011 ခုနှစ်မှာ ဓါးစာခံတွေနဲ့ သင်္ဘောတွေကို ပြန်လည်ရွေးယူမှုအပါအဝင် ကမ္ဘာ့စီးပွါးရေးကို ကန်ဒေါ်လာ 7 ဘီလျံအထိ ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ဆိုမာလီပင်လယ်ပြင်မှာ ပြန်ပေးဆွဲခံရမှုနှုန်းကတော့ နည်းပါးနေပါသေးတယ်။

အီးယူရဲ့ ပင်လယ်ဓါးပြတိုက်ဖျက်ရေး မစ်ရှင်တစ်ခုဖြစ်တဲ့ EUNAVFOR Atalanta က ဖော်ပြတဲ့ အချက်အလက်တွေအရတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနောက်ပိုင်း ပင်လယ်ဓါးပြတွေဖမ်းဆီးသွားတဲ့ ကုန်တင်သင်္ဘော 2 စင်း၊ ငါးဖမ်းသင်္ဘော 12 စင်းတို့ကို အောင်မြင်စွာ ပြန်လည် ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက အိန္ဒိယရေတပ်ဟာ ပင်လယ်ပြင်အတွင်း ပြန်ပေးဆွဲခြင်းခံခဲ့ရတဲ့ သင်္ဘောအမြောက်အများကို ကယ်တင်နိုင်ခဲ့ပါတယ်။ ပင်လယ်ဓါးပြတွေရဲ့ စီးနင်းတိုက်ခိုက်မှုတွေကြောင့် သင်္ဘောကုမ္ပဏီတွေဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေကြရသလို ကုန်ကျစရိတ်တွေလည်း တိုးပွါးနေကြပါတယ်။

အာမခံကုမ္ပဏီတွေမှာ ပရီမီယံကြေးပေးသွင်းမှု ပိုများလာပြီး ပုဂ္ဂလိက လက်နက်ကိုင်တပ်ဖွဲ့တွေကို သင်္ဘောလုံခြုံရေးအတွက် ငှားရမ်းအသုံးပြုနေကြရတာကြောင့် ကုန်ကျစရိတ်တွေ ပိုများလာခဲ့ကြတာပါ။ အခုလို ဆိုမာလီယာ ပန့်လန်းကမ်းရိုးတန်းတလျှောက် ဓါးပြမှုတွေပြန်လည် ထကြွလာတာဟာ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောကုမ္ပဏီတွေအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှုတစ်ခု ထပ်ဖြစ်လာခဲ့ရပါတယ်။ ဆိုမာလီတံငါသည်တစ်ဦးဖြစ်တဲ့ ကာမီကီးနန်းကတော့ သူတို့နိုင်ငံမှာ လူငယ်တွေဟာ ပင်လယ်ပြင်ထွက် ဓါးပြမတိုက်ဘူးဆိုရင် တခြားရွေးချယ်စရာ အလုပ်အကိုင် နည်းပါးတယ်လို့ ထောက်ပြပါတယ်။

“နိုင်ငံရပ်ခြားက တရားမဝင် ငါးဖမ်းသင်္ဘောတွေ မရပ်ဘူးဆိုရင် ကျတော်တို့ လူငယ်တွေကလည်း သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ မဆုံးရှုံးဖို့ ပင်လယ်ပြင်ကို ကာကွယ်ကြရမှာပါ”

နိုင်ငံခြားငါးဖမ်းသင်္ဘောတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆိုမာလီတံငါသည်တွေအတွက် တစ်ခုတည်းသောရွေးချယ်မှုဟာ လက်နက်ကိုင်ပြီး လက်စားချေဖို့ တစ်ခုသာရှိတယ်လို့လည်း ပြောသွားခဲ့ပါတယ် ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက