နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်တွင်းကုန်ဈေးနှုန်းတည်ငြိမ်ဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်

နိုဝင်ဘာလ (၂၂)ရက်။

မနေ့က နေပြည်တော်မှာ ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်စေဖို့ဆိုပြီး စစ်ကောင်စီရဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဆောင်တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပုံသေဝင်ငွေရရှိနေတဲ့ လခစားဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုကြီးမားနေတယ်လို့ စစ်ကောင်စီဝန်ကြီး ဦးဝင်းရှိန်က ဆိုပါတယ်။

ဒါ့ကြောင့် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ အခြေခံစားသောက်ကုန်တွေအပါအဝင် ဆေးနဲ့ ဆေးပစ္စည်းတွေ၊ စက်သုံးဆီ ဖြန့်ဖြူးရောင်းချတာတွေကို ထိန်းကျောင်းဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

နောက်ပြီး ရေကြီးတာတွေကြောင့် မိုးစပါးစိုက်ဧကတွေ ထိခိုက်ပျက်စီးခဲ့ပြီး စပါးစိုက်ပျိုးထွက်ရှိတာ၊ ပြည်တွင်းစားသုံးမှု၊ အရန်ဆန်နဲ့ ပြည်ပတင်ပို့တာတွေကို တွက်ချက် ဆောင်ရွက်သွားဖို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စားသောက်ကုန်ပစ္စည်းတွေ ဈေးနှုန်းတည်ငြိမ်ဖို့၊ ပြည်တွင်းလိုအပ်ချက်နဲ့ ထုတ်လုပ်တဲ့ပမာဏ မျှတဖို့နဲ့ ကုန်စည်စီးဆင်းမှု အဝင်အထွက်မှန်ကန်စေဖို့အပြင် ကုန်ဈေးနှုန်းတည်ငြိမ်တာ ပျက်ပြားစေမယ့် ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ကြပ်မတ်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတဲ့အချိန်ကစပြီး နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် အရေးယူတာတွေနဲ့အတူ ပြည်တွင်း မတည်ငြိမ်တာတွေကြောင့် ပြည်သူတွေဟာ နေ့တိုင်း အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

“ အခု ကုန်ဈေးနှုန်းက ဘယ်ဟာကိုပဲကြည့်ကြည့် (၃)ဆ (၄)ဆလောက် တက်သွားတာ၊ နင်းကန်ရှာနေလဲ ရတဲ့လစာနဲ့ ဒီကုန်ဈေးနှုန်းနဲ့က စားဖို့‌တောင် အနိုင်နိုင်။ အခုစကစလက်ထက်မှာ ဘယ်ဟာမှကောင်းတာမရှိဘူး၊ အလုပ်အကိုင်တွေလဲ ရှားပါးလာတော့ အကုန်ပြည်ပထွက်ရနဲ့ စီးပွားရေးတွေလဲ မကောင်းတော့ဘူး။ ဘာမှလုပ်ကိုင်လို့ကို မကောင်းတော့တာ။ ဒါတောင် မအလက စီးပွားရေး ဦးမော့လာပြီဆိုပြီး အသံကောင်းဟစ်သေးတယ်” လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တာအပါအဝင် အလုပ်အကိုင်ရှားပါးတဲ့ ပြဿနာတွေကြောင့် တိုင်းပြည်စီးပွားရေး ကျဆင်းနေပေမယ့် စစ်ခေါင်းဆောင်ကတော့ စီးပွားရေး ဦးမော့လာပြီလို့ မကြာခဏ ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးပရိဿတ်များ –

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 4 Views
ဒီအပတ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၂၆ရက် ၊ တနင်္ဂနွေနေ့ မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင် ဟောပြောသူတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော် နဲ့
မြန်မာသတင်း

မြင်းခြံမြို့ ဆင်းဂွတ်ရွာစာသင်ကျောင်းအနီး ဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် ဒါဇင်နဲ့ချီသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 17 Views
ဇန်နဝါရီလ (၂၆)ရက်။ ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မြင်းခြံမြို့ ဆင်းဂွတ်ရွညစာသင်ကျောင်းအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်ရှေ့တန်းပို့ခံရတဲ့ စစ်ကောင်စီတပ်သား(၇)ဦး KNDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 4 Views
ဇန်နဝါရီလ (၂၆)ရက်။ စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွေဆီ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား (၇)ဦး ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၁၉)ရက်နေ့က လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ထွက်ပြေးလာတဲ့ ခမရ(၃၄၀)တပ်ရင်းက
မြန်မာသတင်း

စစ်ရေးသတိရှိဖို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုရောက်ချိန် စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 5 Views
ဇန်နဝါရီလ (၂၆)ရက်။ မနေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ် သန်လျင်တပ်နယ်မှာ စစ်ရေးသတိရှိဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့ ဘယ်တပ်ဖွဲ့၊ ဘယ်နေရာမှာ တာဝန်ထမ်းဆောင်နေပါစေ စစ်ရေးသတိ၊ စစ်ရေးအသိ၊
မြန်မာသတင်း

တရုတ်အနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကို ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 11 Views
ဇန်နဝါရီလ (၂၆)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်နိုင်ငံပြည်သူတွေအကြား ရင်းနှီးချစ်ကြည်ဖို့ကို ပိုမိုတိုးတက်ခိုင်မာအောင် အလေးအနက်ထား ဆောင်ရွက်သွားမယ်လို့
မြန်မာသတင်း

တပတ်တာတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၂၀)ဦးကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 13 Views
ဇန်နဝါရီလ (၂၅)ရက်။ အခုလ (၁၈)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ကို (၁၆)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်သား စုစုပေါင်း (၂၇)ဦး
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ CDM ဝန်ထမ်းတွေနဲ့ အရပ်သားတွေ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 17 Views
ဇန်နဝါရီလ (၂၅)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲပြည်သူ့ဆေးရုံကို နေ့လယ်(၁)နာရီ (၂၅)မိနစ်နဲ့ (၂၉)မိနစ်တို့မှာ လေကြောင်းကနေ
မြန်မာသတင်း

ပအိုဝ်းဒေသကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့က အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 9 Views
ဇန်နဝါရီလ (၂၅)ရက်။ ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းရှိ ပအိုဝ်း‌ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလို ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းက ပအိုဝ်းရွာတွေကို လက်နက်ကြီးတွေနဲ့