နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

နိုဝင်ဘာလ (၂၂) ရက်။

ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလ ၂၀ ရက်နေ့က အမေရိကန်က ပယ်ချလိုက်ပါတယ်။ ပယ်ချရတဲ့အကြောင်းရင်းက ဓားစာခံတွေကို လွှတ်ပေးဖို့ အာမမခံနိုင်တဲ့အချက်ကြောင့် အမေရိကန် ဗီတိုအာဏာသုံးထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ရောဘတ်ဝုဒ်က “ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းမှုကနေတစ်ဆင့် ဓားစာခံတွေ လွတ်မြောက်ရေး မပါရှိတဲ့ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို မထောက်ခံနိုင်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။ ဟု ပြောဆိုခဲ့သည်။ ‘ဂါဇာမှာ အမေရိကန် နိုင်ငံသား ၇ ဦးကို ဓားစာခံအဖြစ် ဆက်လက် ချုပ်နှောင်ထားဆဲဖြစ်ပြီး “သူတို့ကို ကျွန်တော်တို့မေ့နေမှာ မဟုတ်ကြောင်း” သူက ပြောကြားခဲ့ပါတယ်။

အဲ့ဒီဆုံးဖြတ်ချက်ကို အမြဲတမ်းမဟုတ်တဲ့အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံက လုံခြုံရေးကောင်စီကို အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ချက်ခြင်း ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တာဝန်ရှိသူတွေက ဓားစာခံတွေကို လွှတ်ပေးခြင်းမှာ အပစ်အခတ်ရပ်စဲရေးအတွက် သတ်မှတ်ချက်တစ်ခုအဖြစ် မလုပ်ဆောင်နိုင်ခြင်းကြောင့် စကားလုံး မ လုံလောက်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကို သဘောတူညီချက်ရရှိနိုင်အောင် အလျှော့အတင်း လုပ်နိုင်မယ့် စကားလုံး မပါဝင်ကြောင်းနဲ့ အောက်တိုဘာ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုအတွက် ဟားမတ်စ်အား ရှုတ်ချခြင်းလည်း မပါဝင်ကြောင်း ရောဘတ်ဝုဒ်က စောဒကတက်ခဲ့သည်။

လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံအနက် အမေရိကန် တစ်နိုင်ငံတည်းက ဗီတိုအာဏာကို ကျင့်သုံးခဲ့ပါတယ်။ အရင်အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက် (၃) ကြိမ်လုံးကိုလည်း အမေရိကန်က ပယ်ချခဲ့ပါတယ်။ အရင် ၃ ကြိမ်က မဲမပေးခဲ့တဲ့ဗြိတိန် အပါအဝင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ကျန်လေးနိုင်ငံက ထောက်ခံမဲပေးခဲ့ကြပါတယ်။

မဲမခွဲမီ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး Danny Danon က အဲ့ဒီဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါက သစ္စာဖောက်မှုဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အမေရိကန်ရဲ့ ဗီတိုအာဏာသုံးမှုကို ပါလက်စတိုင်းအရာရှိတွေက ရှုတ်ချခဲ့ပါတယ်။ ဒုတိယ သံအမတ်ကြီး Majed Bamiya က “အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပိုင်ခွင့် မရှိဘူး၊ အရပ်သားပြည်သူ တစ်ရပ်လုံး အစာငတ်ခံပိုင်ခွင့် မရှိသလို လူတွေကို အတင်းအကျပ် ဖယ်ရှားပိုင်ခွင့်လည်း မရှိပါဘူး။ ဒီလို လုပ်ရပ်တွေကို ဂါဇာမှာ အစ္စရေးတို့က လုပ်နေတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ရောဘတ်ဝုဒ် မိန့်ခွန်းပြောနေစဉ်/Michael M. Santiago/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

နယူးယောက်မှ စီအက်တဲလ်နှင့် ဒီစီအထိ ဒီမိုကရက်တစ် ဆိုရှယ်လစ် ခေါင်းဆောင်များကို မြို့ကြီးများက ပိုမိုရွေးချယ်လာကြ

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 63 Views
CNN – ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ရက် အမေရိကန်ပြည်ထောင်စု၏ အဓိက မြို့ကြီးများတွင် အိမ်ရာနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ကုန်ကျစရိတ်များကို
နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 21 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ရန် ကိဗ် (ယူကရိန်းအစိုးရ) ၏ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိကြောင်း အမေရိကန်ပြောကြား၊ လက်ဘနွန်တွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားကြောင်း သတင်းရရှိ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက် အစ္စရေး၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တောင်ပိုင်းတွင် လူ ၄၇ ဦး သေဆုံးခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့သည် အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီခဲ့ကြကြောင်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို