နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရှေ့နေချုပ် ရာထားခံရသည့် AG (Attorney General) မတ်ဂိတ်ဇ် နှုတ်ထွက်ပြီးနောက် ပန်းမ်ဘွန်ဒီ (Pam Bondi) ကို ထရန့်ရွေးချယ်

+++++++++++++++++++++++++++++++

ရှေ့နေချုပ် ရာထားခံရသည့် မတ်ဂိတ်ဇ် (Matt Gaetz) နုတ်ထွက်ပြီးနောက် ၆ နာရီအတွင်း ထရန့်သည် ပန်းမ်ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်အဖြစ် ထပ်မံရွေးချယ်ခဲ့သည်။

ရွေးကောက်ခံသမ္မတထရန့်သည် ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ်ဟောင်း ပန်းမ်ဘွန်ဒီကို တရားရေးဌာနကို ကြီးကြပ်ရန် ရွေးချယ်ခဲ့သည်။ ထရန့် ပထမဆုံးရွေးချယ်ထားသော မတ်ဂိတ်ဇ်သည် အတည်ပြုရန် လုံလောက်သော ရီပတ်ပလီကင်အမတ်များ (GOP) ၏ ထောက်ခံမှုကို မရရှိနိုင်ဟု စိုးရိမ်မှုများ ကြီးထွားလာသောကြောင့် ကြာသပတေးနေ့တွင် မတ်ဂိတ်ဇ်က နုတ်ထွက်သွားခဲ့သည်။

ဂိတ်ဇ်အကြောင်းအစီရင်ခံစာ

+++++++++++++++

ဂိတ်ဇ်သည် လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များနှင့် အခြားတိုင်ကြားချက်များအပေါ် သိသိသာသာ စိစစ်ခံနေရပြီး ၎င်းက စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ အောက်လွှတ်တော်ကျင့်ဝတ်ကော်မီတီမှ ရီပတ်ဘလီကန်များက ၎င်း၏ စုံစမ်းစစ်ဆေးမှု ရလဒ်များကို ထုတ်ပြန်ခြင်း မပြုရန် ဗုဒ္ဓဟူးနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ သတင်းရင်းမြစ်များက CNN မှ ဂိတ်ဇ်၏ လိင်ပိုင်းဆိုင်ရာစွပ်စွဲခံရမှု ၂မှုတွင် တစ်မှုမှာ ၂၀၁၇ ခုနှစ်တွင် အသက်မပြည့်သေးသည့် အသက် ၁၇နှစ် အရွယ်မိန်းကလေးတဦးနှင့် လိင်ဆက်ဆံမှုရှိခဲ့ကြောင်းကို ကော်မတီက ပြောပြခဲ့သည်။

တစ်ချိန်တည်းတွင် ကက်ပီတယ်ဟေးလ် လွှတ်တော်သို့ ဟက်ဆက်သည် ရွေးကောက်ခံ ဒုတိယသမ္မတဂျေဒီဗန့် ( JD Vance) နှင့်အတူ သွားရောက်ခဲ့သည်။ ကြာသပတေးနေ့တွင် ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ်များနှင့် ရွေးကောက်ခံ ဒုတိယသမ္မတဂျေဒီဗန့်သည် ထရန့်၏ ကာကွယ်ရေးဝန်ကြီးအဖြစ်ရွေးချယ်ခံရသည့် ပိ့ဟက်ဆက် (Pete Hegseth) နှင့်အတူ တွေ့ဆုံခဲ့သည်။ Fox News အစီအစဉ် တင်ဆက်သူဟောင်းက လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်ခဲ့သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြသည့် အသစ်ထွက်ရှိလာသော ရဲအစီရင်ခံစာကို အကြောင်းပြုပြီး ဂျေဒီဗန့် သည် ဟက်ဆက်၏ ရှင်းလင်းချက်ပေးခြင်းကို တင်ပြပြီး ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ်များက ဟက်ဆက်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုချက်ပေးရန် ကြိုးစားနေသည်။

ဘွန်ဒီသည် မီဒီယာကို နားလည်တတ်ကျွမ်းပြီး ထိရောက်သော တရားစီရင်ရေးသူအဖြစ် နာမည်ကျော်ကြားသည်။

နိုင်ငံ၏ ထိပ်တန်းဥပဒေစိုးမိုးရေးအေဂျင်စီ ဦးဆောင်သူအဖြစ် မတ်ဂိတ်ဇ်ကို တာဝန်ထမ်းဆောင်ရန် ဒေါ်နယ်ထရန့်က ပထမဆုံးရွေးချယ်ပြီးနောက် မတ်ဂိတ်ဇ်က နှုတ်ထွက်သွားခဲ့ပြီး ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ်ဟောင်း ပန်းဘွန်ဒီအား တရားရေးဌာနကို တာဝန်ထမ်းဆောင်ရန် ၎င်း၏ရွေးချယ်မှုအသစ်အဖြစ် သတ်မှတ်ခဲ့သည်။

ဘွန်ဒီ၏ဥပဒေသမိုင်းကို ပြန်ကြည့်သည့်အခါ

+++++++++++++++++++++

ဘွန်ဒီသည် ဖလော်ရီဒါတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဥပဒေကိုလေ့လာ ကျင့်သုံးခဲ့သည်။ ပထမ တမ်ပါ (Tampa) တွင် အစိုးရရှေ့နေချုပ်အဖြစ် ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မီဒီယာကို နားလည်တတ်ကျွမ်းပြီး ထိရောက်သော တရားစွဲဆိုသူတစ်ဦးအဖြစ် နာမည်ကျော်ကြားခဲ့သည်။

ရှေးရိုးကွန်ဆာဗေးတစ်အုပ်စုထဲတွင် ဖလော်ရီဒါ၏ ထိပ်တန်းအစိုးရရှေ့နေအဖြစ် ရွေးကောက်ခံရပြီး သူမသည် ၎င်း၏ရာထူးသက်တမ်း နှစ်ကြိမ်အတွင်း Fox News တွင် ပုံမှန်ပါဝင်‌ပြောကြားခဲ့ပြီး ထရန့် ၏ ၂၀၁၆ မဲဆွယ်စည်းရုံးမှုအတွင်း ထရန့်အတွက် ထိပ်တန်းဖလော်ရီဒါကိုယ်စားလှယ်တဦးဖြစ်လာခဲ့သည်။

တရားရုံးစီရင်မှုများတွင် ဘွန်ဒီ၏သမိုင်းသည် တစ်ခါတစ်ရံတွင် ထိလွယ်ရှလွယ်သော ပြဿနာများကို ကြုံတွေ့ရပြီး သူမအကြောင်းအား သတင်းထဲတွင် ထပ်ခါတလဲလဲ ဖော်ပြခြင်းခံခဲ့ရသည်။ သူမသည် ၂၀၁၂ ခုနှစ်တွင် အိုဘားမား ကျန်းမာရေး စောင့်ရှောက်မှု (Obamacare)အစီအစဥ်ကို လွှမ်းမိုးရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲ ၂၀၁၆ ခုနှစ်တွင် ပေါလ်စ် (Pulse) နိုက်ကလပ်တွင် သေနတ်နှင့်အပစ်ခံရပြီး မကြာမီအချိန်တွင် ဘွန်ဒီသည် CNN ၏ Anderson Cooper နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူမကိုယ်သူမ ခုခံကာကွယ်ခဲ့ပြီး ဖလော်ရီဒါတွင် လိင်တူချင်းလက်ထပ်ခြင်းကို တားမြစ်ပိတ်ပင်ထားမှုကို ထိန်းသိမ်းထားရန် ခုခံကာကွယ်ခဲ့သည်။

ဖလော်ရီဒါ ရှေ့နေချုပ်ရုံးမှ ထွက်ခွာပြီးနောက် ဘွန်ဒီသည် ထရန့် နှင့် ဝိုင်းလ် (Wiles) တို့နှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိသည့် လော်ဘီစည်းရုံးရေး ကုမ္ပဏီ Ballard Partners နှင့် ပူးပေါင်းခဲ့သည်။ နိုင်ငံခြားအေးဂျင့်များ မှတ်ပုံတင်ခြင်း အက်ဥပဒေအရ ဖက်ဒရယ်အစိုးရထံသို့ တင်ပြသည့် စာရွက်စာတမ်းများအရ သူမသည် ကာတာနိုင်ငံကို ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကိုယ်စားပြုခဲ့သည်။

မကြာသေးမီက ဘွန်ဒီသည် ထရန့်ကို ဆန့်ကျင်သည့် အထူးအကြံပေး ဂျက်စမစ်၏ အမျိုးအစားခွဲထားသော စာရွက်စာတမ်းကိစ္စတွင် ပြည်ထောင်စု အယူခံတရားရုံးသို့ အကျဉ်းချုံးတင်ပြခဲ့သော ထရန့် လိုလားသောရှေ့နေများအဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ အထူးအကြံပေးဂျက်စမစ် ( Jack Smith) ကို တရားမ၀င် ခန့်အပ်ခံရကြောင်း ထရန့်၏ အဆိုကို ထောက်ခံခြင်းဖြစ်သည်။ တရားသူကြီး အယ်လိင်းကန်နွန် (Aileen Cannon) သည် ယခုနှစ်အစောပိုင်းက ရွေးကောက်ခံသမ္မတအပေါ် စွဲချက်အားလုံးကို ပယ်ချစေခဲ့သည်။

ဘွန်ဒီသည် ဟာရီကိန်းကက်ထရီနာကြောင့် ပျောက်ဆုံးသွားခဲ့သော ၎င်းတို့၏ စိန့်ဘားနတ်အမျိုးအစားခွေး Master Tank နှင့်ပတ်သက်ပြီးခွေးပိုင်ရှင် လူဝီစီယားနားရှိ မိသားစုက သူမကို တရားစွဲဆိုခဲ့သည်ဟု သိရှိရသည်။ ဘွန်ဒီသည် သူတို့ခွေးကို ခိုးယူသွားသည်ဟု မိသားစုက The Tampa Bay Times သို့ ပြောကြားခဲ့ပြီး ဘွန်ဒီက သူတို့က ခွေးကိုလျစ်လျူရှုခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ဤအမှုကို ရုံးတင်စစ်ဆေးပြီး Master Tank သည် သူ့မိသားစုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက