နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပျူစောထီးရွာတွေအနီးရှိ ရွှေဘို၊ သင်တောနဲ့ ရေသာရွာတို့က မီးဘေးသင့်နဲ့ စစ်ဘေးရှောင်ပြည်သူတွေ အရေးပေါ်အကူအညီလိုအပ်နေ

မေလ (၂၃)ရက်။

ပျူစောထီးရွာတွေနဲ့ အနီးဆုံးဖြစ်တဲ့ ရွှေဘို၊ သင်တောနဲ့ ရေသာရွာတို့က မီးဘေးသင့်နဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဂန့်ဂေါမြို့နယ်-ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မေလ (၁၆)ရက်နေ့ နံနက်(၆)နာရီကစပြီး ဂန့်ဂေါမြို့မြောက်ပိုင်းနဲ့ ကလေးမြို့နယ်တောင်ပိုင်းက ပျူစောထီးရွာ(၁၂)ရွာက စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်း(၂၀၀)ကျော်ဟာ ဂန့်ဂေါမြို့နယ်၊ သင်တော၊ ရွှေဘိုနဲ့ ရေသာရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ရွှေဘိုရွာက ပြည်သူ (၂)ဦးကို သတ်ဖြတ်ခဲ့ပြီး ရွှေဘိုရွာနဲ့ ရေသာရွာတို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူ(၃၀၀၀)ဝန်းကျင်ဟာ စစ်ဘေးရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။

အခုအခါ ရွှေဘိုရွာနဲ့ ရေသာရွာက ပြည်သူတွေဟာ နီးစပ်တဲ့ကျေးရွာတွေအပါအဝင် ဆွေမျိုးသားချင်းရှိတဲ့ ကျေးရွာတွေကို တိမ်းရှောင်နေကြရပြီး မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ရေးသားထားပါတယ်။

ဂန့်ဂေါမြို့နယ်-ပအဖအနေနဲ့ တစုတစည်းထဲ စစ်ရှောင်နေကြတဲ့ ပြည်သူတွေအတွက် အရေးပေါ်ထောက်ပံ့တာတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နေပြီး တစုတစည်းထဲ စစ်ရှောင်နိုင်ဖို့နဲ့ ယာယီတဲတွေ ဆောက်လုပ်ပေးဖို့ ရပ်ကျေးပအဖအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် မေလ (၁၈)ရက်နေ့က မောက်လင်းရွာ ပအဖ၊ ပကဖအဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကနေ ရွှေဘိုနဲ့ ရေသာရွာက မီးဘေးသင့်ပြည်သူတွေအတွက် ဆန်(၁၇)တင်း၊ ဆား၊ ငပိ၊ ဆနွင်းနဲ့ အဝတ်အထည်တွေကို မြို့နယ်ပအဖကနေတစ်ဆင့် လှုဒါန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပျူစောထီးရွာတွေနဲ့ အနီးဆုံးဖြစ်တဲ့ ရွှေဘို၊ သင်တောနဲ့ ရေသာရွာတို့က မီးဘေးသင့်နဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့ကိုလဲ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 5 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 10 Views
စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ဇူလိုင်လ (၁၂)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့
မြန်မာသတင်း

အခုနှစ် (၅)လထဲ စစ်ကောင်စီတပ်က ပြည်သူ (၂၉၀၀)နီးပါးအထိ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 21 Views
ဇူလိုင်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စစ်ကောင်စီတပ်က ပြည်သူ (၂၈၇၆)ဦးကို ဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ ကျေးရွာတွေမှာ ဖမ်းဆီးခံရသူ (၁၃၀၆)ဦး၊
မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ TNP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 14 Views
ဇူလိုင်လ (၁၂)ရက်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNP က ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ (၃)ရက်ကြာပြုလုပ်ခဲ့တဲ့ (၆)လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကနေ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်ထဲ ‌ပြောဆိုထားပါတယ်။ အဲ့ဒီကြေညာချက်ထဲ
မြန်မာသတင်း

တိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့ရှိ ကျေးရွာ (၇)ရွာက ပြည်သူ (၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ဇူလိုင်လ (၁၂)ရက်။ ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့ကစပြီး စစ်ကိုင်းမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာက ပြည်သူ
မြန်မာသတင်း

ရန်ကုန်မှာ ရွေးကောက်ပွဲကိစ္စ ဆောင်ရွက်နေတဲ့ ကြံ့ခိုင်ရေးရုံး အဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ဇူလိုင်လ (၁၂)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံးကို အဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပက ကြံ့ဖွတ်ရုံးမှာ ရွေးကောက်ပွဲကိစ္စတွေ လုပ်နေတာကြောင့် အဝေးပစ်လောင်ချာ
မြန်မာသတင်း

ဇွန်လထဲ အလင်းဝင်၊ လက်နက်ချ၊ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၇၀)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 27 Views
ဇူလိုက်လ (၁၁)ရက်။ ပြီးခဲ့တဲ့ ဇွန်လထဲ စစ်ကောင်စီဘက်က လက်နက်ချ၊ အလင်းဝင်၊ ဖမ်းဆီးခံရသူ (၂၇၀)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ အလင်းဝင်လာသူ (၁၁၁)ဦးရှိခဲ့ပြီး တနင်္သာရီ၊ မွန်၊ ရန်ကုန်၊ မကွေး၊
မြန်မာသတင်း

(၂)ပတ်တာထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို စစ်ကောင်စီ လေကြောင်းနဲ့ (၇)ကြိမ် ဗုံးကြဲ၊

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ကလေးငယ်အပါအဝင် ပြည်သူ (၆)ဦးသေဆုံးပြီး (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ဇူလိုင်လ (၁၁)ရက်။ အခု (၂)ပတ်တာထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို စစ်ကောင်စီက လေကြောင်းကနေ (၇)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ