နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ မြစ်ဆုံစီမံကိန်း လှည့်ကွက်

+++++++++++++++++++++++

မေလ (၂၃) ရက်။

ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်ဖို့ ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၅) ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၄/၂၀၂၄) နဲ့ စစ်ကောင်စီက ဖွဲ့စည်းပေးခဲ့တယ်လို့ သိရှိရပါတယ်။

အဲ့ဒီ ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ်က ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးတို့က ဆောင်ရွက်ကြမှာ ဖြစ်ပြီး အဖွဲ့ဝင်(၉) ဦးပါဝင်တယ်လို့ ကြော်ငြာစာအရ သိရှိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ လုပ်ငန်းတာဝန် (၅) ရပ်ကို ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

(၁) SPIC Yunnan International Power Investment Co, Ltd (SPICYN) က ဦးဆောင်အဖွဲ့နဲ့အတူ ပူးပေါင်းပြီး ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်း၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်ဖို့

(၂) SPIC Yunnan International Power Investment Co. Ltd (SPICYN) က ဦးဆောင်အဖွဲ့အဲ့အတူ ပူးပေါင်းပြီး ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းရဲ့ အဓိကကိစ္စရပ်တွေအပေါ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့ကို လမ်းညွှန်မှုပေးတာ၊ ဆုံးဖြတ်ချက်ချမှတ်တာတွေကို ဆောင်ရွက်ဖို့

(၃) လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို တင်ပြဖို့

(၄) နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ဖို့

(၅) မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အစိုးရအကြား စီမံကိန်းကိစ္စတွေ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်မျက်နှာပြင် ဖွင့်ထားပြီး လက်ရှိအချိန်မှာ ကချင်ပြည်နယ်မှာလည်း အကြီးအကျယ် ရှုံးနိမ့်နေတဲ့အချိန် ဖြစ်တယ်။ ဒေသခံတွေရဲ့ အဆိုအရ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဝိုင်းမော်မြို့အနီးကို ရောက်လာနေပြီး KIA ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန် မတိုင်မီ လွန်ခဲ့တဲ့တစ်လက ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာ ဖြစ်တဲ့အတွက် လက်ရှိအချိန်နဲ့ စစ်ရေးအခြေအနေက ကွာဟနေတယ်လို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဒီလို စစ်ရှုံးနေတဲ့ကာလမှာ စစ်ကောင်စီအနေနဲ့ ဒီစီမံကိန်းကို လက်တွေ့ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူး။ နယ်မြေသိမ်းပိုက်လာနေပြီဖြစ်တဲ့ KIA ကို ဆက်ပြီးမတိုးနိုင်အောင် တရုတ်ရဲ့ လိုလားချက်ကို နှပ်ကြောင်းပေးလိုက်ပြီး ဒီကိစ္စကို တရုတ်က ဝယ်မယ်ဆိုရင် တရုတ်နဲ့ KIA ကို ထိပ်တိုက်တွေ့ဖို့ ဖန်တီးလိုက်တာပဲ ဖြစ်တယ်။ ဒီလို အလားတူ ဖြစ်စဉ်မျိုးကို ရခိုင်မှာလည်း ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာမူဆလင်လူမျိုးစုတွေနဲ့ လူမျိုးရေး ပဋိပက္ခဖန်တီးသလို ကချင်မှာလည်း တရုတ်က KIA ကို ဖိအားပေးလာဖို့ သွေးရူးသွေးတန်းနဲ့ တရုတ်ကို လက်ကမ်းလိုက်တာဖြစ်တယ်။ မြစ်ဆုံစီမံကိန်းကြောင့် မြန်မာနိုင်ငံမှာ လျှပ်စစ်မီး အလုံအလောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ဆိုတာလည်း လုံးဝမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်လုပ်တဲ့ လျှပ်စစ်ရဲ့ ၁၀ ရာခိုင်နှုန်းပဲ မြန်မာနိုင်ငံရမှာ ဖြစ်တယ်လို့ သူက ဆက်လက် ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 32 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 24 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 24 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 43 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 36 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့
မြန်မာသတင်း

(၂)လတာထဲ စစ်တပ်ထံက ဖမ်းမိသူ (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 29 Views
ဇန်နဝါရီလ (၁၃)ရက်။ (၂)လတာထဲ စစ်တပ်ထံက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေဟာ SAF ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြတဝိုက်က
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ SAC-M ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 34 Views
ဇန်နဝါရီလ (၁၃)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်ပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အခိုင်အမာ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေက စစ်အုပ်စုနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 53 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက ကြိမ်ခါးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တာ” လို့