နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ မြစ်ဆုံစီမံကိန်း လှည့်ကွက်

+++++++++++++++++++++++

မေလ (၂၃) ရက်။

ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်ဖို့ ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၅) ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၄/၂၀၂၄) နဲ့ စစ်ကောင်စီက ဖွဲ့စည်းပေးခဲ့တယ်လို့ သိရှိရပါတယ်။

အဲ့ဒီ ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ်က ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးတို့က ဆောင်ရွက်ကြမှာ ဖြစ်ပြီး အဖွဲ့ဝင်(၉) ဦးပါဝင်တယ်လို့ ကြော်ငြာစာအရ သိရှိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ လုပ်ငန်းတာဝန် (၅) ရပ်ကို ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

(၁) SPIC Yunnan International Power Investment Co, Ltd (SPICYN) က ဦးဆောင်အဖွဲ့နဲ့အတူ ပူးပေါင်းပြီး ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်း၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်ဖို့

(၂) SPIC Yunnan International Power Investment Co. Ltd (SPICYN) က ဦးဆောင်အဖွဲ့အဲ့အတူ ပူးပေါင်းပြီး ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းရဲ့ အဓိကကိစ္စရပ်တွေအပေါ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့ကို လမ်းညွှန်မှုပေးတာ၊ ဆုံးဖြတ်ချက်ချမှတ်တာတွေကို ဆောင်ရွက်ဖို့

(၃) လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို တင်ပြဖို့

(၄) နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ဖို့

(၅) မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အစိုးရအကြား စီမံကိန်းကိစ္စတွေ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်မျက်နှာပြင် ဖွင့်ထားပြီး လက်ရှိအချိန်မှာ ကချင်ပြည်နယ်မှာလည်း အကြီးအကျယ် ရှုံးနိမ့်နေတဲ့အချိန် ဖြစ်တယ်။ ဒေသခံတွေရဲ့ အဆိုအရ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဝိုင်းမော်မြို့အနီးကို ရောက်လာနေပြီး KIA ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန် မတိုင်မီ လွန်ခဲ့တဲ့တစ်လက ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာ ဖြစ်တဲ့အတွက် လက်ရှိအချိန်နဲ့ စစ်ရေးအခြေအနေက ကွာဟနေတယ်လို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဒီလို စစ်ရှုံးနေတဲ့ကာလမှာ စစ်ကောင်စီအနေနဲ့ ဒီစီမံကိန်းကို လက်တွေ့ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူး။ နယ်မြေသိမ်းပိုက်လာနေပြီဖြစ်တဲ့ KIA ကို ဆက်ပြီးမတိုးနိုင်အောင် တရုတ်ရဲ့ လိုလားချက်ကို နှပ်ကြောင်းပေးလိုက်ပြီး ဒီကိစ္စကို တရုတ်က ဝယ်မယ်ဆိုရင် တရုတ်နဲ့ KIA ကို ထိပ်တိုက်တွေ့ဖို့ ဖန်တီးလိုက်တာပဲ ဖြစ်တယ်။ ဒီလို အလားတူ ဖြစ်စဉ်မျိုးကို ရခိုင်မှာလည်း ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာမူဆလင်လူမျိုးစုတွေနဲ့ လူမျိုးရေး ပဋိပက္ခဖန်တီးသလို ကချင်မှာလည်း တရုတ်က KIA ကို ဖိအားပေးလာဖို့ သွေးရူးသွေးတန်းနဲ့ တရုတ်ကို လက်ကမ်းလိုက်တာဖြစ်တယ်။ မြစ်ဆုံစီမံကိန်းကြောင့် မြန်မာနိုင်ငံမှာ လျှပ်စစ်မီး အလုံအလောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ဆိုတာလည်း လုံးဝမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်လုပ်တဲ့ လျှပ်စစ်ရဲ့ ၁၀ ရာခိုင်နှုန်းပဲ မြန်မာနိုင်ငံရမှာ ဖြစ်တယ်လို့ သူက ဆက်လက် ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 9 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 11 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 24 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 26 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ တအာင်းပညာရေးရန်ပုံငွေထီကို တအာင်းပြည်ရဲ့ ပညာရေးကို ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ နိုင်ငံရေးမတည်ငြိမ်တာနဲ့
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 35 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း