နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တိုင်ဝမ်ကို တရုတ်မှအင်အားသုံး ခြိမ်းခြောက်မှု စတင်ပြုလုပ်

++++++++++++++++++++++++++++++++++

တိုင်ဝမ်ကျွန်းစု၏သမတခေါင်းဆောင်သစ်မှကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ရက်ပိုင်းအကြာ ထိုင်ဝမ်တစ်ဝိုက်တွင် တရုတ်က ‘ပြစ်ဒဏ်’ပေးသည့် စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့သည်။

မေ ၂၃ ရက်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်ဝမ်ကျွန်းစုသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသော ခေါင်းဆောင်သစ်၏ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပိုင်းအတွင်း တရုတ်က ထိုင်ဝမ်ကို ခွဲထွက်ရေး လုပ်ရပ်များကို အားပေးသည့် သူကိုရွေးချယ်လိုက်သည့်အတွက် “ပြစ်ဒဏ်” ဟု ခေါ်သည့် ကျွန်းပတ်ပတ်လည် ပတ်ဝန်းကျင်တဝိုက်ကို စစ်ရေးလေ့ကျင့်မှုကို နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီက ထိုင်ဝမ်ကို ၎င်းတို့အနေနှင့် ထိန်းချုပ်ထားခြင်း မရှိသော်လည်း လိုအပ်ပါက အင်အားသုံး၍ ကျွန်းစုကို သိမ်းယူမည်ဟု ကတိပြုထားသည်။

ကြာသပတေးနေ့ အစောပိုင်းတွင် စတင်ခဲ့ပြီး ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်ကို ဝန်းရံမည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ကျွန်းမှသူ၏ အိမ်နီးချင်း အင်အားကြီးတရုတ်အာဏာရှင်နှင့် ဆက်ဆံရေးကိုထိန်းသိမ်း စီမံခန့်ခွဲရန် ကြိုးပမ်းနေစဉ်တွင် အသစ်ရွေးချယ်ခံရသော သမတသစ် လိုင်ချင်းတီအတွက် ပထမဆုံး စမ်းသပ်မှု ဖြစ်လာသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ကြာသပတေးနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ထိုင်ဝမ်တစ်ဝိုက်ရှိ ကြည်းတပ်၊ ရေတပ်၊ ၊ လေတပ်နှင့် ဒုံးပျံတပ်ဖွဲ့တို့ ပါဝင်သော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်၏ မြောက်၊ တောင်နှင့် အရှေ့ဘက်ကျွန်းကို ပိုင်းခြားထားသော ကျဉ်းမြောင်းသော ရေပြင်တွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု ဖြစ်သည်။ ၎င်းတို့သည် တရုတ်နိုင်ငံ အရှေ့တောင်ဘက်ကမ်းရိုးတန်းအနီးရှိ ထိုင်ဝမ်၏အစွန်အဖျားရှိ ကင်မန်(Kinmen)၊ မတ်ဆု (Matsu)၊ ဝူကျူ (Wuqiu) နှင့် ဒွန်ဂျင်း (Dongyin) ကျွန်းများအနီးရှိ နေရာများတွင်လည်း လုပ်ဆောင်နေသည်ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ၏ အရှေ့ပိုင်းကွပ်ကဲမှုအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ PLA ရေတပ်ကွပ်ကဲမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး လီဇီ (Li Xi) က အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့များ၏ ခွဲထွက်ရေးလုပ်ရပ်အတွက် ပြင်းထန်သော ပြစ်ဒဏ်ဖြစ်ပြီး ပြင်ပတပ်ဖွဲ့များ၏ ဝင်ရောက်စွက်ဖက်မှုနှင့် ရန်စမှုများကို ပြင်းထန်စွာ သတိပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ခေါင်းဆောင်သစ်လိုင်သည် ထိုင်ဝမ်ကျွန်း၏အချုပ်အခြာအာဏာနှင့် သီးခြားအမှတ်အသားကို သတ်မှတ်ဆောင်ရွက်ရန်အတွက် အန္တရာယ်ရှိသော ခွဲထွက်ရေးသမားအဖြစ် ဘေဂျင်းက စက်ဆုပ်ရွံရှာခြင်းခံရသည်။ ၎င်းသည် အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီအတွက် မကြုံစဖူး တတိယသက်တမ်း အဖြစ် ဆက်တိုက် အာဏာရယူခဲ့ပြီး နှစ်သက်တမ်းနှစ်ခုအုပ်ချုပ်ခဲ့သည့် သမ္မတ Tsai Ing-wen ထံမှ အမွေ ကို ဆက်ခံခဲ့သည်။

လိုင်၏ကျမ်းသစ္စာကျိန်ဆိုမှု မိန့်ခွန်းတွင် ထိုင်ဝမ်အား တရုတ်နိုင်ငံမှ ခြိမ်းခြောက်နေမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံအား တောင်းဆိုခဲ့ပြီး သူ့မိန့်ခွန်းအား ပေကျင်းက ရှုတ်ချခဲ့သည်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် အသုံးမကျသော ရန်စမှုများနှင့် လုပ်ရပ်များအဖြစ် ရှုတ်ချခဲ့သည်။ ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ၎င်းသည် စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်ရန်အတွက် ပင်လယ်၊ ဝေဟင်နှင့် မြေပြင်တပ်ဖွဲ့များကို စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ခိုင်မာတဲ့ဆန္ဒနဲ့ ထိန်းထိန်းသိမ်းသိမ်း ရပ်တည်ပါတယ်။ ကျွန်တော်တို့ ပဋိပက္ခတွေကို မရှာပေမဲ့ တစ်ဦးနဲ့ တစ်ဦး ရှောင်တိမ်းမှာ မဟုတ်ပါ။ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိပါတယ်” ဟု ၎င်းကဆိုသည်။ ထိုင်ဝမ်၏ သမ္မတပြောရေးဆိုခွင့်ရှိသူ ကရင်ကူအို (Karen Kuo) က “တရုတ်က ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တစ်ဖက်သတ် ရန်စမှုတွေနဲ့ ခြိမ်းခြောက်နေတာ တွေ့ရတာ ဝမ်းနည်းစရာပါပဲ” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ “ပြင်ပစိန်ခေါ်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်တော်တို့ဟာ ဒီမိုကရေစီကို ဆက်လက်ကာကွယ်ပြီး နိုင်ငံတော်လုံခြုံရေးကို အကာအကွယ်ပေးနိုင်တဲ့ ယုံကြည်မှုနဲ့ စွမ်းရည်ကို ရရှိမှာပါ” ဟု ကူအို က ပြောကြားခဲ့သည်။

တင်းမာမှုများ မြင့်တက်လာခြင်း

++++++++++++++++++

ခေါင်းဆောင်ရှီကျင်းဖျင့် (Xi Jinping) လက်ထက်တွင် တရုတ်နိုင်ငံသည် ထိုင်ဝမ်အပေါ် အမေရိကန်နှင့် အလွတ်သဘော ဆက်ဆံမှုများကြောင့်သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ဖိအားများ ပိုမိုအားကောင်းလာခဲ့သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) ၏ ထိုင်ပေသို့ လာရောက်လည်ပတ်မှုကို မကျေနပ်ကြောင်း ပြသရန်အတွက် တရုတ်သည် ထိုင်ဝမ်တစ်ဝိုက်တွင် စစ်ပွဲလေ့ကျင့်ခန်းကြီးများကို ကျင်းပခဲ့သည်။ ပေကျင်းသည် နှစ်များအတွင်း ၎င်း၏ အကြီးမားဆုံး အင်အားပြသမှုအဖြစ် ကျွန်းပတ်ပတ်လည်ရှိ ရေထဲသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီး တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများဖြင့် ကျွန်းပတ်ပတ်လည်ကို ပိတ်ဆို့ခြင်းကို ပုံဖော်ခဲ့သည်။

ယခုအခါ တရုတ်စစ်လေယာဉ်များသည် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) နှင့် ထိုင်ဝမ်ရေလက်ကြားရှိ ပေကျင်းက အသိအမှတ်မပြုထားသော်လည်း မကြာသေးမီနှစ်များအထိ အလွတ်သဘော နယ်နိမိတ်သတ်မှတ်ထားသည့် မီဒီယန်မျဉ်းကို လေးစားလိုက်နာခဲ့မှုကို ဖျက်၍ ဖြတ်ကျော်ခဲ့သည်။ လိုင်၏ကျမ်းသစ္စာကျိန်ဆိုပွဲတက်ခြင်းကိုလည်း ဘေဂျင်းက ဖိအားပေးခဲ့သည်။ လိုင်ရာထူးမယူမီ ရက်ပိုင်းအလို မေလ ၁၅ ရက်နေ့တွင် ထိုင်ပေက ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၄၅ စင်းကို တွေ့ရှိခဲ့ပြီး ယခုနှစ် တစ်ရက်တာအတွင်း အမြင့်ဆုံးဖြစ်ကြောင်း တိုင်ပေက ပြောကြားခဲ့သည်။

နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့ Carnegie Endowment for International Peace မှ ဒုဥက္ကဌ အီဗင် အေ ဖီဂင်ဘန်းမ် (Evan A. Feigenbaum) က တရုတ်၏ နောက်ဆုံးလေ့ကျင့်မှုမှာ “ခြိမ်းခြောက်မှုနည်းဗျူဟာ၊ ပုံစံ၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မကြာမီ စစ်ပွဲဖြစ်တော့မည့် လက္ခဏာမဟုတ်” ဟု ခေါ်ဆိုခဲ့သည်။ “ဘေဂျင်းမှာ ရောနှောပြီး လိုက်ဖက်မယ့် ခိုင်မာတဲ့ အကျပ်ကိုင်တဲ့ ကလေးကစားကွက် (kitbag)တွေ ရှိပါတယ်၊ အတင်းအကျပ် နာကျင်စေမယ့် ရွေးချယ်စရာတွေကို အချက်ပြဖို့ အခေါက်ခေါက်အခါခါ ဘယ်လိုလုပ်နိုင်တယ်ဆိုတာကိုတင်ပြထားပါတယ်” ဟု လူမှုပလက်ဖောင်း X တွင် ရေးသားခဲ့သည်။

တရုတ်၏နောက်ဆုံးထွက်စစ်ရေးလေ့ကျင့်မှု “Joint Sword-2024A” ဟူသော အမည်သည် ယခုနှစ်နှောင်းပိုင်းတွင် B, C များ တပ်၍နောက်ထပ်လေ့ကျင့်မှုများပြုလုပ်နိုင်ကြောင်း ကာကွယ်ရေးကျွမ်းကျင်သူအချို့က မှတ်ချက်ပြုခဲ့သည်။ စင်္ကာပူနိုင်ငံ လီကွမ်းယူ အမျိုးသားတက္ကသိုလ်ရှိ ပြည်သူ့မူဝါဒရေးရာကျောင်းမှ အကြီးတန်း သုတေသနလုပ်ဖော်ကိုင်ဖက် ဒယူးသော်မဆင် (Drew Thompson) က ထိုစစ်ရေးလေ့ကျင့်ခန်းများသည် ပုံစံတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

“ဒါဟာ အံ့သြစရာမဟုတ်သလို သမ္မတ လိုင်ရဲ့ မိန့်ခွန်းကို နည်းဗျူဟာကျကျ တုံ့ပြန်မှုလည်း မဟုတ်ပါဘူး။ ဒီလေ့ကျင့်ခန်းတွေဟာ ထိုင်ဝမ်ကို တိုက်ခိုက်ပြီး စစ်ပွဲအနိုင်ရဖို့အတွက် PLA ရဲ့ ရေရှည်မဟာဗျူဟာပြင်ဆင်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်” ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 69 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက