နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကြာသပတေးနေ့တွင်၊ ဒုတိယသမ္မတ ကာမလာ ဟဲရစ်သည် ချီကာဂိုတွင်ကျင်းပတဲ့ ဒီမိုကရက်တစ်အမျိုးသားညီလာခံနောက်ဆုံးညမှာ သူမရဲ့ ပါတီရဲ့သမ္မတအဖြစ် အမည်စာရင်းတင်သွင်းတာကို လက်ခံခဲ့ပါတယ်။

CNN သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ကာမလာဟဲရစ်မိန့်ခွန်းက ကောက်နှုတ်ဖော်ပြချက်တချို့ဖြစ်ပါတယ်။

+++++++++++++++++++++++++++++++

မနေ့ညက မီရှဲလ်ပြောခဲ့တဲ့ သင်ခန်းစာကို အမေက မာယာနဲ့ ကျမကို သင်ပေးခဲ့ပါတယ်။ မတရားမှုတွေကို ဘယ်တော့မှ ညည်းညူမနေဘဲ အဲဒါနဲ့ပတ်သက်လို့ တစ်ခုခုလုပ်လို့ ဆိုခဲ့ပါတယ်။ အမေက ကျွန်မတို့ကို သင်ပေးခဲ့တယ်။ တဝက်တပျက် ဘယ်တော့မှ မလုပ်ပါနဲ့တဲ့၊ ဒါက သူ့ပြောစကားကို တိုက်ရိုက်ကိုးကားချက်ပါ။ ကျမဟာ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှု စံနှုန်းတွေအတွင်းမှာ နှစ်မြုပ်ပြီး ကြီးပြင်းလာခဲ့တယ်။

လူ့အခွင့်အရေးဆိုင်ရာ စည်းဝေးပွဲတစ်ခုမှာ ကျွန်မ မိဘနှစ်ဦး တဦးနဲ့တဦး တွေ့ခဲ့ကြတာဖြစ်တယ်။ ပြည်သူ့အခွင့်အရေး ခေါင်းဆောင်တွေဖြစ်တဲ့ သာဂွတ်မာရှယ် (Thurgood Marshall) နဲ့ ကွန်စတင်စ်ဘေကာမို့လေ (Constance Baker Motley) တို့လို ရှေ့နေတွေ အပါအဝင် သူတို့အကြောင်းတွေကို ကျမမိဘတွေက ကျမတို့ကို လေ့လာစေခဲ့တယ်။

အမေရိကရဲ့ ကတိကဝတ်ကို အမှန်တကယ် ဖြစ်လာအောင် တရားရုံးမှာ တိုက်ပွဲဝင်သူတွေ ရှိပါတယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက ဒီအလုပ်မျိုးကို လုပ်ချင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကျမ ရှေ့နေ ဖြစ်ချင်ခဲ့တယ်။

ဘယ်လိုပညာရပ်ကို ရွေးချယ်မလဲဆိုတဲ့ အချိန်ရောက်လာတဲ့အခါ ဘယ်လိုဥပဒေအမျိုးအစားမျိုးကို ငါလိုက်ပါလုပ်ဆောင်ရမလဲလို့ စဉ်းစားတဲ့အခါ ကျမဘဝရဲ့အရေးကြီးတဲ့အခိုက်အတန့်တစ်ခုကို ပြန်လည်တွေးတောဆင်ခြင်မိတယ်။ ဒါကတော့ ကျမ အထက်တန်းကျောင်းတက်တုန်းက ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း ဝမ်ဒါ (Wanda) ကို တစ်ခုခု ဖြစ်နေတယ်ဆိုတာကို သတိထားမိခဲ့တယ်။ သူက ကျောင်းမှာ ဝမ်းနည်းနေခဲ့တယ်။ သူအိမ်မပြန်ချင်တဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါနဲ့ တစ်နေ့တော့ သူကို အားလုံးအဆင်ပြေရဲ့လားလို့ မေးလိုက်တယ်။ ဒီတော့ သူက ကျမကို ယုံကြည်ပြီး သူ့ပထွေးဖြစ်သူက လိင်ပိုင်းဆိုင်ရာ စော်ကားတာကို ခံနေရတယ်လို့ ကျွန်မကို ရင်ဖွင့်ခဲ့ပါတယ်။ ကျမက သူ့ကို ကျမတို့နဲ့အတူတူနေဖို့ ချက်ချင်းပြောခဲ့တယ်။ သူက ကျမတို့နဲ့ အတူလာနေခဲ့တယ်။ အဲဒါက ကျမရှေ့နေဖြစ်လာရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

ဝမ်ဒါလို လူတွေကို ကာကွယ်ဖို့။ ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာ ဘေးကင်းစွာ နေနိုင်ဖို့၊ ဂုဏ်သိက္ခာ ရှိစေဖို့၊ တရားမျှတမှုရဖို့ အခွင့်အရေးရှိတယ်၊ ဒါတွေကို ကျမ ယုံကြည်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အစိုးရရှေ့နေတယောက်အနေနဲ့ ကျအမှုတခုကို ကိုင်တွယ်ရတဲ့အခါ ကျမက တရားစွဲတဲ့အခါ တရားလို (သားကောင်) ဖြစ်သူရဲ့အမည်နဲ့ တရားမစွဲခဲ့ဘူး။ ပြည်သူအမည်နဲ့ပဲ အရေးယူခဲ့တယ်။

ရိုးရှင်းတဲ့အကြောင်းပြချက်ပေးရရင်တော့ ကျမတို့ရဲ့တရားစီရင်ရေးစနစ်မှာ ကျမတို့တစ်ဦးဦးအား ထိခိုက်နစ်နာမှုဟာ ကျမတို့အားလုံးအပေါ် ထိခိုက်နစ်နာမှုပဲ ဖြစ်ပါတယ်။

ရာဇဝတ်မှုမှ လွတ်မြောက်သူများကို ဖြေသိမ့်ရန် ဤအရာကို ကျမ မကြာခဏ ရှင်းပြလေ့ရှိပါတယ်။ ၎င်းတို့အား အသိပေးခဲ့တာကတော့- ဘယ်သူမှ တစ်ဦးတည်း ခုခံတိုက်ခိုက်နေရန် မဟုတ်ဘဲ။ ကျမတို့အားလုံး အတူတကွဝင်တိုက်ကြရမှာဖြစ်တယ်။

တရားခွင်မှာ နေ့တိုင်း ကျမဟာ တရားသူကြီးရှေ့မှာ ဂုဏ်ယူဝံ့ကြွားစွာရပ်ပြီး စကားငါးလုံးနဲ့ “ပြည်သူ့အတွက် ကာမလာဟဲရစ်” လို့ပြောပါတယ်။

ရှင်းရှင်းလင်းလင်း ပြောရရင် ကျမရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုလုံးမှာ ဖောက်သည်တစ်ယောက်သာ ရှိခဲ့ပါတယ်။ ဒါကတော့ ပြည်သူပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူ့ကိုယ်စား၊ အမေရိကန်တိုင်းရဲ့ကိုယ်စား။ ပါတီစွဲမထားပဲ ဘယ်ပါတီဝင်ဖြစ်ဖြစ်။ ဘယ်ယောက်ျားမိန်းမ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဖွားပြောတဲ့ ဘာသာစကားမျိုးပြောသူဖြစ်ဖြစ် ကျမတွေ့ပါတယ်။ ကူညီခဲ့ပါတယ်။

ကျမအမေနဲ့ ဘယ်သူမဆို အခြားသူတွေနဲ့ မတူညီနဲ့ဘဝခရီးကို ထွက်ဖူးသူတိုင်းကိုယ်စား၊ အမေရိကန်တွေရဲ့ကိုယ်စား ကျမနဲ့အတူ ကြီးပြင်းလာကြသူတွေလို အလုပ်ကြိုးစားသူတွေ၊ သူတို့ရဲ့ အိပ်မက်တွေကို လိုက်လံရှာဖွေနေသူတွေ။ တယောက်ကိုတယောက် စောင့်ရှောက်နေသူတွေ သူတို့ဇာတ်လမ်းတွေကို ကမ္ဘာပေါ်က အကြီးကျယ်ဆုံးနိုင်ငံမှာသာ ရေးနိုင်သူတိုင်းကိုယ်စား အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတလောင်းအဖြစ် သင်တို့ရဲ့ အမည်စာရင်းတင်သွင်းလိုက်ခြင်းကို ကျမ လက်ခံပါတယ်။

ဒီရွေးကောက်ပွဲမှာ ကျမတို့နိုင်ငံဟာ ခါးသီးမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အတိတ်က ကွဲလွဲနေတဲ့ တိုက်ပွဲတွေကို ကျော်ဖြတ်ဖို့ အလွန်အဖိုးတန်တဲ့ အခွင့်အရေး ရှိပါတယ်။

ရှေ့တိုးတက်ရန်အတွက် လမ်းသစ်ကို ပုံစံချရန် အခွင့်အရေးကတော့ ပါတီတစ်ခု ဒါမဟုတ် အစုအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တွေအဖြစ် မဟုတ်ဘဲ အမေရိကန်တွေအဖြစ် ခံယူကြဖို့ ဖြစ်ပါတယ်။ ဒီညမှာ နိုင်ငံရေးအမြင်အမျိုးမျိုးနဲ့ စောင့်ကြည့်နေသူတွေ ရှိတယ်ဆိုတာ သိပါတယ်။

ပြီးတော့ ကျမ သင်တို့ကို သိစေချင်တယ်။ ကျမက အမေရိကန်အားလုံးအတွက် သမ္မတဖြစ်ရစေမယ်လို့ ကတိပြုပါတယ်။

ပါတီနဲ့ ကိုယ်ကျိုးအထက်မှာ နိုင်ငံကို အမြဲထားဖို့ သင်တို့အနေနဲ့ ကျမကို အမြဲယုံကြည်နိုင်ပါတယ်။ မြင့်မြတ်တဲ့ အမေရိကန်ရဲ့ အခြေခံမူတွေကို လက်ကိုင်ထားဖို့၊ တရားဥပဒေစိုးမိုးရေးကနေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး အားလုံးဟာ တိုင်းပြည်အကျိုးအတွက်ပဲ ဖြစ်ရပါမယ်။

ကျမတို့ရဲ့ အမြင့်ဆုံး မျှော်မှန်းချက်တွေနဲ့ ညီညွတ်ရေးကို တည်ဆောက်ပေးနိုင်တဲ့သမ္မတ ဖြစ်စေမှာပါ။ ဦးဆောင်နိုင်တဲ့သမ္မတတစ်ဦး ပြီးတော့ ပြည်သူ့အသံကို နားထောင်သူ၊ အရှိအတိုင်း လက်ခံသူ၊ လက်တွေ့ကျသူ၊ ယထာဘူတအမြင်ရှိသူအနေနဲ့နေပြီး အမေရိကန် ပြည်သူတွေအတွက် အမြဲတမ်း တိုက်ပွဲဝင်သွားပါ့မယ်။

“ဒေါ်နယ်ထရန့်ဟာ အလေးအနက်ထားသူတစ်ဦး မဟုတ်ပါ” လို့ သူမက ပြောကြားခဲ့ပါတယ်။ “ဒါပေမယ့် ဒေါ်နယ်ထရန့်ကို အိမ်ဖြူတော်မှာ ပြန်နေရာပေးလိုက်ခြင်းရဲ့ အကျိုးဆက်တွေကတော့ အလွန်ဆိုးရွားသွားစေမှာ ဖြစ်ပါတယ်”

သူဟာ သမတရာထူး ယူထားတုန်းက ပရမ်းပတာနဲ့ ဘေးဆိုးတွေသာမက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးပြီးကတည်းက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဒေါ်နယ်ထရန့်က သင်တို့ရဲ့ မဲတွေကို ဖယ်ဖို့ကြိုးစားခဲ့ပါတယ်။ မအောင်မြင်တဲ့အခါမှာ လက်နက်ကိုင်လူအုပ်ကို လွှတ်တော်ကြီး (United States Capitol) ကို စေလွှတ်ပြီး ဥပဒေစိုးမိုးရေးအရာရှိတွေကို ရိုက်နှက်စေခဲ့ပါတယ်။ သူ့ပါတီထဲက နိုင်ငံရေးသမားတွေက သူ့ကို လူအုပ်ထဲက ခေါ်ထုတ်ဖို့ အကူအညီပို့ဖို့ တောင်းတဲ့အခါ သူက ဆန့်ကျင်ဘက် လုပ်ခဲ့တယ်။ သူဟာ မီးတောက်ကို ယပ်ခပ်ပေးလိုက်ပါတယ်။

အခုအခါ လုံးဝကွဲပြားတဲ့ ရာဇဝတ်မှုတွေအတွက်၊ နေ့စဉ် အမေရိကန်လူမျိုး ဂျူရီလူကြီးတွေက လိမ်လည်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ကြတယ်။ သီးခြား လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခြင်းအတွက် တာဝန်ရှိကြောင်း တွေ့ရှိခဲ့တယ်။ အာဏာထပ်ပေးရင် သူဘာလုပ်ဖို့ ရည်မှန်းထားလဲ စဉ်းစားကြပါ။

လွှတ်တော်မှာရှိတဲ့ တရားရေး အရာရှိတွေကို နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ အကြမ်းဖက်အစွန်းရောက်တွေကို လွှတ်ပေးဖို့ ထရန့်ရဲ့ ပြတ်သားတဲ့ ရည်ရွယ်ချက်ကို သုံးသပ်ကြည့်ကြပါ။

သတင်းသမားတွေကို ထောင်ချဖို့ ပြတ်ပြတ်သားသား ရည်ရွယ်ချက် သူ့မှာရှိတယ်။ နိုင်ငံရေးအတိုက်အခံတွေကို ဘယ်သူ့ကိုမဆို ရန်သူလို့ မြင်တယ်။ ကကျမတို့ရဲ့ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ကို ကျမတို့ရဲ့ နိုင်ငံသားတွေအပေါ်မှာ အသုံးချဖို့ ပြတ်သားတဲ့ ရည်ရွယ်ချက်ရှိတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က သူ့ကို ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုထားတာကနေ ကင်းလွတ်ခွင့် ပေးမယ်ဆိုတဲ့ စီရင်ချက်ချပြီးနောက်မှာ သူရရှိမဲ့အာဏာကို ထည့်သွင်းစဉ်းစားကြည့်ကြပါ။

ကန့်သတ်မှုတွေ မရှိဘဲ ဒေါ်နယ်ထရန့်ကို စိတ်ကူးကြည့်ပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ကြီးမားတဲ့ပါဝါတွေကို သူဘယ်လို အသုံးချမလဲ စဉ်းစားကြည့်ကြပါ။ သူက မင်းဘဝ တိုးတက်ဖို့ လုပ်မှာ မဟုတ်ဘူး။ အမျိုးသားလုံခြုံရေးကို ခိုင်မာအောင်ဖို့လုပ်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် သူ့မှာရှိဖူးတဲ့ တစ်ယောက်တည်းသောဖောက်သည်ကို ဝန်ဆောင်မှုပေးဖို့က သူ့ကိုယ်သူပဲ ဖြစ်ပါတယ်။

ပြီးတော့ ဒေါ်နယ်ထရန့်ရဲ့ ဒုတိယသက်တမ်းက ဘယ်လို ပုံစံဖြစ်မယ်ဆိုတာ ကျမတို့ သိပါတယ်။ အားလုံးကို “ပရောဂျက် ၂၀၂၅” မှာ ဖော်ပြထားတယ်။ သူ့အရင်းနှီးဆုံး အကြံပေးတွေက ရေးသားခဲ့တယ်။ ပြီးတော့ သူ့ရဲ့ စုစုပေါင်းလုပ်မဲ့ပမာဏက ငါတို့နိုင်ငံကို အတိတ်ကို ပြန်ဆွဲယူသွားဖို့ပဲ။ ဒါပေမယ့် အမေရိကရေ ကျမတို့ နောက်ကို ပြန်မသွားပါဘူး။

လူမှုဖူလုံရေးနဲ့ မက်ဒီကဲ (ကျန်းမာရေးအာမခံ) တို့ကို ဒေါ်နယ်ထရန့် ဖြတ်တောက်ဖို့ ကြိုးစားခဲ့တဲ့အချိန်ကို ကျမတို့ ပြန်သွားမှာ မဟုတ်ပါဘူး။ Affordable Care Act ကို ဖယ်ရှားဖို့ ကြိုးပမ်းမှုနောက်ကို ကျမတို့ လိုက်မှာမဟုတ်ပါဘူး။ အာမခံကုမ္ပဏီတွေက နဂိုရှိရင်းစွဲ အခြေအနေတွေနဲ့ လူတွေကို ငြင်းနိုင်တဲ့အခြေအနေကို ကျမတို့ ပြန်သွားမှာ မဟုတ်ပါဘူး။

ကျမတို့ အစိုးရကျောင်းတွေကို ထောက်ပံ့တဲ့ ပညာရေးဌာနကို ငါတို့က သူ့ကို ပေးဖျက်မှာ မဟုတ်ဘူး။ မူကြိုနဲ့ ကလေးစောင့်ရှောက်မှုပေးတဲ့ Head Start လို ပရိုဂရမ်တွေကို ကျမတို့က သူ့ကို အဆုံးသတ်ခွင့် ပြုမှာ မဟုတ်ပါဘူး။ အမေရိကရေ ငါတို့နောက်ကိုပြန်မသွားဘူး။ အားကောင်းပြီး ကြီးထွားလာတဲ့ လူလတ်တန်းစားတွေနဲ့အတူ အနာဂတ်အတွက် ရှေ့တိုးချီတက်ကြပါ။

ဟဲရစ်ဟာ အထူးသဖြင့် နိုင်ငံခြားရေးမူဝါဒမှာ သူမရဲ့ ကိုယ်ပိုင်မူဝါဒဆိုင်ရာ ရပ်တည်ချက်တွေကို ပိုမိုနက်ရှိုင်းစွာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူမက “လက်တွေ့ဆန်သော၊ အရှိအတိုင်း လက်ခံသူ၊ ယထာဘူတအမြင်ရှိသူအနေနဲ့ ” သမ္မတတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဆိုလိုက်ခြင်းက သူမအား လစ်ဘရယ်ဆန်လွန်းတယ်လို့ ထရန့်ရဲ့ ပြောဆိုတိုက်ခိုက်ခြင်းကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဟဲရစ်နဲ့ ဒေါ်နယ်ထရန့် အချေအတင် စကားစစ်ထိုးတွေ မကြာခင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

သူမနဲ့အတူ ယူနိူက်တက်စင်တာခန်းမ အတွင်းရှိ ထောင်ပေါင်းများစွာသော အော်ဟစ်သံတွေ အပါအဝင် အခြားသူတွေအနေနဲ့ သူမဟာ မထင်မှတ်ထားတဲ့ ဆန်ခါတင်စာရင်းဝင် ဖြစ်လာပြီးကတည်းက “ကျမတို့ နောက်ကြောင်း ပြန်မသွားဘူး” လို့ ဟဲရစ်က ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီဆောင်ပုဒ်ဟာ ထရန့်ရဲ့မူဝါဒတွေကို ပြစ်တင်ရှုတ်ချခြင်းနဲ့ တိုးတက်တဲ့ အပြောင်းအလဲအတွက် ကတိပေးထားတဲ့အတိုင်းလက်ရှိသက်တမ်းအတွက် အာမခံချက်အဖြစ် ဆောင်ရွက်ဖို့ အချိန်အနည်းငယ်သာ ရှိနေပါတယ်။

သူမရဲ့ မဲဆွယ်စည်းရုံးမှု အရှိန်မရမှီ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပင် “ကျမတို့ နောက်ကြောင်း ပြန်မသွားဘူး” ဆိုတဲ့ ကြွေးကြော်မှုကို စတင်ခဲ့ပါတယ်။

ဟဲရစ်ရဲ့ ကမ်ပိန်းဟာ အစိုးရရဲ့ စွက်ဖက်မှုကို မေးခွန်းအဖြစ်လည်းကောင်း၊ မျိုးပွားမှုဆိုင်ရာအခွင့်အရေးလို ပြဿနာတွေကို ပြန်လည်ဘောင်သွင်းရန် ကြိုးပမ်းနေတဲ့အတွက် “လွတ်လပ်မှု” နဲ့ ပတ်သက်ပြီး ရှည်လျားစွာ ပြောဆိုခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက