နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပြောကြားခဲ့တဲ့ ဟီလာရီကလင်တန်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်

သြဂုတ်လ (၂၃) ရက်။

ဟီလာရီကလင်တန်-

ဟီလာရီကလင်တန်က အနာဂတ်က ဒီမှာပါ’ လို့ ဆိုပါတယ်။ ဟီလာရီကလင်တန်ဟာ ပါတီကြီးတစ်ခုရဲ့ သမ္မတလောင်းအဖြစ် ပထမဆုံး အမျိုးသမီးအဖြစ် သမိုင်းဝင်ပြီးနောက် ရှစ်နှစ်အကြာမှာ သူမဟာ ဒီမိုကရက်တစ်အမျိုးသားညညီလာခံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး နောက်ဆုံးမှာ ကာဆီးထားတဲ့ “ဖန်မျက်နှာကျက်” ကို ချိုးဖျက်ရန် အမေရိကန်တွေကို တိုက်တွန်းခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ သူမကို ထောက်ခံခဲ့တဲ့အမေရိကန်တွေဟာ “ ကျမတို့ရဲ့ အိပ်မက်တွေအတွက် ကာဆီးထားတဲ့ မျက်နှာကျက် မရှိတဲ့ အနာဂတ်အတွက် မဲပေးခဲ့ကြတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။ သူမကို သမတရွေးပွဲမှာ ရှုံးပြီးနောက် “ကျွန်မတို့ အမေရိကအတွက် အရှုံးမပေးဘူး။ သန်းပေါင်းများစွာ ချီတက်ခဲ့ကြပါတယ်။ တော်တော်များများက ရာထူးရဖို့ ကြိုးစားကြတယ်။ အနာဂတ်ကို ကျမတို့က စောင့်ကြည့်နေပါတယ်” လို့ ကလင်တန်က ပြောကြားခဲ့ပါတယ်။ “ကောင်းပြီ မိတ်ဆွေတို့၊ အနာဂတ်က ဒီမှာပါ”

“ကျွန်မအမေနဲ့ ကာမလာရဲ့အမေကို ကျွန်မတို့ကို မြင်စေချင်တယ်။ သူတို့က ‘ဆက်လုပ်ပါ’ လို့ ပြောမှာပါလို့ ကလင်တန်က ပြောပါတယ်။ သူမဟာ ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် ပထမဆုံးအမျိုးသမီး Shirley Chisholm နဲ့ ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းတဲ့ ပထမဆုံးအမျိုးသမီး Geraldine Ferraro တို့ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူတို့ကလည်း ကျမတို့ကို “ဆက်လုပ်ပါ” လို့ ပြောမှာပါလို့ ကလင်တန်က ပြောလိုက်တဲ့အခါ လူအုပ်ကြီးကလည်း “ဆက်လုပ်ပါ” လို့ ပဲ့တင်ထပ်ပြီး အော်ကြပါတယ်။ နိုဝင်ဘာလမှာ ဟဲရစ်ရဲ့ မျှော်လင့်ချက်တွေနဲ့ သူမရဲ့ ရှုံးခဲ့ခြင်းအမွေအနှစ်တို့ကိုလည်း ချိတ်ဆက်ထားပါတယ်။ ကလင်တန်က သူမသည် “အမြင့်ဆုံး၊ အမာဆုံး ပိတ်ကာထားသည့်မျက်နှာကျက်” တွင် အက်ကွဲကြောင်းများစွာဖြစ်အောက်ထိုးနှက်ထားခဲ့ပြီး ယခုအခါ ဟဲရစ်သည် “အလွန်နီးကပ်စွာ ကာရံပိတ်ဆီးထားမှုကို ဖောက်ထွက် ဖြတ်ကျော်ရန် နီးကပ်နေပြီ” ဟု ပြောကြားခဲ့ပါတယ်။

“ ကျွန်မတို့ထဲမှ တစ်ဦးအတွက် အတားအဆီးတစ်ခုပြို ကျလာသွားတဲ့အခါ၊ ထိုပြိုကျလာမှုဟာ ကျွန်မတို့အားလုံးအတွက် လမ်းရှင်းပေးတော့မှာ ဖြစ်တယ်” ဟု ကလင်တန်က ပြောကြားခဲ့သည်။ “ကျွန်မမြေးတွေနဲ့ သူတို့ရဲ့မြေးတွေကို ဒီအခိုက်အတန့်မှာ ကျွန်မ ဒီနေရာမှာ ရှိနေတယ်ဆိုတာကို သိစေချင်တယ် ကျွန်မတို့က ဒီအခိုက်အတန့်မှာ ခြေလှမ်းတိုင်းမှာ ကာမလာဟဲရစ်နဲ့ အတူရှိနေတာကို သိစေချင်တယ်။ အမေရိကားရေ ဒီအချိန်ဟာ ကျမတို့ခေတ်၊ ကျမတို့အချိန်ပဲ၊ ကျမတို့ အတူတကွ ရပ်တည်ကြမယ်။ ဒီအချိန်ဟာ ကျမတို့ အတူဖောက်ထွက်ရမဲ့ အချိန်ပါ။ အနာဂတ်က ဒီမှာပါ။ ကျမတို့ ကိုင်စွဲထားကြပြီး အနိုင်ယူလိုက်ကြရအောင်။”

ကလင်တန်ရဲ့ထရန့်အပေါ် တိုက်ခိုက်မှုဟာ ‘ရင်းနှီးမှုရှိပြီးသားအသံ’ ဖြစ်ပါတယ်။ ကလင်တန်ရဲ့ မိန့်ခွန်းဟာ ဟားရစ်စ်အတွက် ခိုင်မာတဲ့ထောက်ခံအားပေးတဲ့ကိစ္စ ဖြစ်ပေမဲ့ သူမဟာ သူမရဲ့ ၂၀၁၆ ခုနှစ်က ပြိုင်ဘက်ကို အနည်းငယ်သာ တိုက်ခတ်ဖို့ ရွေးချယ်ထားပုံရပါတယ်။ နယူးယောက်မှာ ထရန့်ရဲ့ ပြစ်ဒဏ်တွေကို ရည်ညွှန်းကာ၊ အရင်သမ္မတဟောင်းထရန့်ဟာ “ ရာဇဝတ်မှု ၃၄ မှုနဲ့ သမ္မတရွေးပွဲမှာ ပထမဆုံး အရွေးခံရန် ဝင်ရောက်လာသူ” လို့ သူမက ပြောကြားခဲ့ပါတယ်။

လူအုပ်ကြီးက “သူ့ (ထရန့်) ကို သော့ခတ် (ထောင်ထဲထည့်) လိုက်” လို့ ကြွေးကြော်သံတွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ ထရန့်ရဲ့ ၂၀၁၆ မဲဆွယ်စည်းရုံးပွဲတွေမှာ ယှဉ်ပြိုင်ခဲ့တဲ့ ကလင်တန်ကို ရီပတ်ပလီကင်တွေက “ သူမကိုသော့ခတ်ထားလိုက်” လို့ ကြွေးကြော်ခဲ့မှုကို ဒီမိုကရက်တွေက ထရန့်အတွက် အလားတူ တန်ပြန်အသုံးချ ကြွေးကြော်ခဲ့ကြပါတယ်။ ကလင်တန်က ခေတ္တရပ်ပြီး ပြုံးလိုက်ပါတယ်။ အဲ့ဒီနောက်မှာ သူမက “ကျွန်မ မအံ့သြမိပါဘူး၊ (ထရန့်) က ကာမလာ ရဲ့ မှတ်တမ်းကို လိမ်ညာနေတာ အံ့သြစရာ မဟုတ်ပါဘူး။ သူက ကာမလာ နာမည်နဲ့ သူမ ရယ်မောနေပုံ တွေကို သရော်နေတယ်” “ဒါဟာ သူလုပ်နေကြလို့ မထင်ကြဘူးလား” လို့ကလင်တန်က မေးခွန်းထုတ်ရင်း သက်ပြင်းချလိုက်ပါတယ်။ “ဒါပေမယ့် အခု ကျမတို့က သူ့ကို ထွက်ပြေးခိုင်းထားပြီးပြီ” လို့ သူမက ဆိုပါတယ်။ “ဒါကြောင့် မဲရုံခန့်မှန်းချက်တွေက ဘာပဲပြောပြော ကျွန်မတို့လက်လျှော့လို့ မရဘူး။ ရူးသွပ်တဲ့ ပူးပေါင်းကြံစည်မှုတွေ ကောလဟာလစကားတွေ ကျမတို့ ချေပနေစရာ မလိုပါဘူး။ အမှန်တရားအတွက် တိုက်ပွဲဝင်ရမယ်။ ကျွန်မတို့အတွက် ကာမလာက တိုက်ပွဲဝင်နေသလို ကာမလာအတွက် ကျွန်မတို့ တိုက်ပွဲဝင်ရမယ်” လို့ သူမက ပြောလိုက်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 35 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 41 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 45 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်