နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပြောကြားခဲ့တဲ့ ဟီလာရီကလင်တန်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်

သြဂုတ်လ (၂၃) ရက်။

ဟီလာရီကလင်တန်-

ဟီလာရီကလင်တန်က အနာဂတ်က ဒီမှာပါ’ လို့ ဆိုပါတယ်။ ဟီလာရီကလင်တန်ဟာ ပါတီကြီးတစ်ခုရဲ့ သမ္မတလောင်းအဖြစ် ပထမဆုံး အမျိုးသမီးအဖြစ် သမိုင်းဝင်ပြီးနောက် ရှစ်နှစ်အကြာမှာ သူမဟာ ဒီမိုကရက်တစ်အမျိုးသားညညီလာခံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး နောက်ဆုံးမှာ ကာဆီးထားတဲ့ “ဖန်မျက်နှာကျက်” ကို ချိုးဖျက်ရန် အမေရိကန်တွေကို တိုက်တွန်းခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ သူမကို ထောက်ခံခဲ့တဲ့အမေရိကန်တွေဟာ “ကျမတို့ရဲ့ အိပ်မက်တွေအတွက် ကာဆီးထားတဲ့ မျက်နှာကျက် မရှိတဲ့ အနာဂတ်အတွက် မဲပေးခဲ့ကြတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။ သူမကို သမတရွေးပွဲမှာ ရှုံးပြီးနောက် “ကျွန်မတို့ အမေရိကအတွက် အရှုံးမပေးဘူး။ သန်းပေါင်းများစွာ ချီတက်ခဲ့ကြပါတယ်။ တော်တော်များများက ရာထူးရဖို့ ကြိုးစားကြတယ်။ အနာဂတ်ကို ကျမတို့က စောင့်ကြည့်နေပါတယ်” လို့ ကလင်တန်က ပြောကြားခဲ့ပါတယ်။ “ကောင်းပြီ မိတ်ဆွေတို့၊ အနာဂတ်က ဒီမှာပါ”

“ကျွန်မအမေနဲ့ ကာမလာရဲ့အမေကို ကျွန်မတို့ကို မြင်စေချင်တယ်။ သူတို့က ‘ဆက်လုပ်ပါ’ လို့ ပြောမှာပါလို့ ကလင်တန်က ပြောပါတယ်။ သူမဟာ ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် ပထမဆုံးအမျိုးသမီး Shirley Chisholm နဲ့ ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းတဲ့ ပထမဆုံးအမျိုးသမီး Geraldine Ferraro တို့ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူတို့ကလည်း ကျမတို့ကို “ဆက်လုပ်ပါ” လို့ ပြောမှာပါလို့ ကလင်တန်က ပြောလိုက်တဲ့အခါ လူအုပ်ကြီးကလည်း “ဆက်လုပ်ပါ” လို့ ပဲ့တင်ထပ်ပြီး အော်ကြပါတယ်။ နိုဝင်ဘာလမှာ ဟဲရစ်ရဲ့ မျှော်လင့်ချက်တွေနဲ့ သူမရဲ့ ရှုံးခဲ့ခြင်းအမွေအနှစ်တို့ကိုလည်း ချိတ်ဆက်ထားပါတယ်။ ကလင်တန်က သူမသည် “အမြင့်ဆုံး၊ အမာဆုံး ပိတ်ကာထားသည့်မျက်နှာကျက်” တွင် အက်ကွဲကြောင်းများစွာဖြစ်အောက်ထိုးနှက်ထားခဲ့ပြီး ယခုအခါ ဟဲရစ်သည် “အလွန်နီးကပ်စွာ ကာရံပိတ်ဆီးထားမှုကို ဖောက်ထွက် ဖြတ်ကျော်ရန် နီးကပ်နေပြီ” ဟု ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ထဲမှ တစ်ဦးအတွက် အတားအဆီးတစ်ခုပြို ကျလာသွားတဲ့အခါ၊ ထိုပြိုကျလာမှုဟာ ကျွန်မတို့အားလုံးအတွက် လမ်းရှင်းပေးတော့မှာ ဖြစ်တယ်” ဟု ကလင်တန်က ပြောကြားခဲ့သည်။ “ကျွန်မမြေးတွေနဲ့ သူတို့ရဲ့မြေးတွေကို ဒီအခိုက်အတန့်မှာ ကျွန်မ ဒီနေရာမှာ ရှိနေတယ်ဆိုတာကို သိစေချင်တယ် ကျွန်မတို့က ဒီအခိုက်အတန့်မှာ ခြေလှမ်းတိုင်းမှာ ကာမလာဟဲရစ်နဲ့ အတူရှိနေတာကို သိစေချင်တယ်။ အမေရိကားရေ ဒီအချိန်ဟာ ကျမတို့ခေတ်၊ ကျမတို့အချိန်ပဲ၊ ကျမတို့ အတူတကွ ရပ်တည်ကြမယ်။ ဒီအချိန်ဟာ ကျမတို့ အတူဖောက်ထွက်ရမဲ့ အချိန်ပါ။ အနာဂတ်က ဒီမှာပါ။ ကျမတို့ ကိုင်စွဲထားကြပြီး အနိုင်ယူလိုက်ကြရအောင်။”

ကလင်တန်ရဲ့ထရန့်အပေါ် တိုက်ခိုက်မှုဟာ ‘ရင်းနှီးမှုရှိပြီးသားအသံ’ ဖြစ်ပါတယ်။ ကလင်တန်ရဲ့ မိန့်ခွန်းဟာ ဟားရစ်စ်အတွက် ခိုင်မာတဲ့ထောက်ခံအားပေးတဲ့ကိစ္စ ဖြစ်ပေမဲ့ သူမဟာ သူမရဲ့ ၂၀၁၆ ခုနှစ်က ပြိုင်ဘက်ကို အနည်းငယ်သာ တိုက်ခတ်ဖို့ ရွေးချယ်ထားပုံရပါတယ်။ နယူးယောက်မှာ ထရန့်ရဲ့ ပြစ်ဒဏ်တွေကို ရည်ညွှန်းကာ၊ အရင်သမ္မတဟောင်းထရန့်ဟာ “ရာဇဝတ်မှု ၃၄ မှုနဲ့ သမ္မတရွေးပွဲမှာ ပထမဆုံး အရွေးခံရန် ဝင်ရောက်လာသူ” လို့ သူမက ပြောကြားခဲ့ပါတယ်။

လူအုပ်ကြီးက “သူ့ (ထရန့်) ကို သော့ခတ် (ထောင်ထဲထည့်) လိုက်” လို့ ကြွေးကြော်သံတွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ ထရန့်ရဲ့ ၂၀၁၆ မဲဆွယ်စည်းရုံးပွဲတွေမှာ ယှဉ်ပြိုင်ခဲ့တဲ့ ကလင်တန်ကို ရီပတ်ပလီကင်တွေက “သူမကိုသော့ခတ်ထားလိုက်” လို့ ကြွေးကြော်ခဲ့မှုကို ဒီမိုကရက်တွေက ထရန့်အတွက် အလားတူ တန်ပြန်အသုံးချ ကြွေးကြော်ခဲ့ကြပါတယ်။ ကလင်တန်က ခေတ္တရပ်ပြီး ပြုံးလိုက်ပါတယ်။ အဲ့ဒီနောက်မှာ သူမက “ကျွန်မ မအံ့သြမိပါဘူး၊ (ထရန့်) က ကာမလာ ရဲ့ မှတ်တမ်းကို လိမ်ညာနေတာ အံ့သြစရာ မဟုတ်ပါဘူး။ သူက ကာမလာ နာမည်နဲ့ သူမ ရယ်မောနေပုံ တွေကို သရော်နေတယ်” “ဒါဟာ သူလုပ်နေကြလို့ မထင်ကြဘူးလား” လို့ကလင်တန်က မေးခွန်းထုတ်ရင်း သက်ပြင်းချလိုက်ပါတယ်။ “ဒါပေမယ့် အခု ကျမတို့က သူ့ကို ထွက်ပြေးခိုင်းထားပြီးပြီ” လို့ သူမက ဆိုပါတယ်။ “ဒါကြောင့် မဲရုံခန့်မှန်းချက်တွေက ဘာပဲပြောပြော ကျွန်မတို့လက်လျှော့လို့ မရဘူး။ ရူးသွပ်တဲ့ ပူးပေါင်းကြံစည်မှုတွေ ကောလဟာလစကားတွေ ကျမတို့ ချေပနေစရာ မလိုပါဘူး။ အမှန်တရားအတွက် တိုက်ပွဲဝင်ရမယ်။ ကျွန်မတို့အတွက် ကာမလာက တိုက်ပွဲဝင်နေသလို ကာမလာအတွက် ကျွန်မတို့ တိုက်ပွဲဝင်ရမယ်” လို့ သူမက ပြောလိုက်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက