နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မွန်ပြည်သူနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ MLA ထုတ်ပြန်

စက်တင်ဘာလ (၂၃)ရက်။

မွန်ပြည်သူတွေနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးလေးစားရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်တော်တည်ထောင်တာ (၂)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

MLA အနေနဲ့ ပြည်သူ့ဆန္ဒနဲ့အညီ အာဏာရှင်စနစ်ပျက်သုဉ်းဖို့၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာဖို့ စတဲ့ မူဝါဒတွေကို ကိုင်စွဲပြီး ပြည်နယ်သူ/သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ကာကွယ်နိုင်တဲ့ တပ်တော်ဖြစ်လာဖို့ ရည်ရွယ်ဖွဲ့စည်းတာလို့ ဆိုပါတယ်။

နောက်ပြီး လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၆၀)ထဲ ပဲခူး၊ ရန်ကုန်နဲ့ ဧရာ၀တီတိုင်းတို့မှာ မွန်လူမျိုးဆိုတာကို လေပေါ် အရုပ်ဆွဲပြရမယ့် အခြေအနေအထိ လူမျိုးပျောက်ကွယ်ခဲ့ပြီး အကြောင်းအရင်းဟာ အမျိုးသားရေးကို ကာကွယ်ပေးတဲ့ အမျိုးသာတပ်တော်ရဲ့ ထိရောက်စွာ မကာကွယ်နိုင်တာကြောင့်လို့ ဖော်ပြထားပါတယ်။

ဒီလို မွန်အမျိုးသားရေး တိမ်ကောလာတဲ့ အန္တရာယ်ကို ထိရောက်စွာ ကာကွယ်နိုင်ဖို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ကို ဖွဲ့စည်းရတဲ့ တပ်တော်ရဲ့ ရည်ရွယ်ချက်တစ်ခု အပါအ၀င်ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် MLA အနေနဲ့ အသံကောင်းဟစ်နေတာမဟုတ်ဘဲ မွန်တမျိုးသားလုံးအတွက် လွတ်မြောက်ရေးအတွက် အာဏာရှင်စနစ်ကို တွန်းလှန်ကာ ပြည်သူ့ဘက် ရပ်တည်ကာကွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်တဲ့အထိ ချီတက်မယ်လို့ ပြောဆိုထားပါတယ်။

MLA အနေနဲ့ သံန္ဒိဌာန်နဲ့ သံမဏိစည်းမျဉ်းတွေ ချမှတ်ပြီး တော်လှန်ကြိုးစား တိုက်ပွဲ၀င်နေတာကြောင့် တစ်စိတ်တစ်ဒေသကနေ ပါ၀င်၀န်းရံသွားကြဖို့ တိုက်တွန်းထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 10 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 55 Views
မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ
မြန်မာသတင်း

စစ်အုပ်စု ခံစစ်ဆင်ရတဲ့နေရာတွေ များပြားလာအောင် ကြိုးစားတိုက်ပွဲဝင်ရမယ့်အချိန်လို့ PLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 17 Views
ဇန်နဝါရီလ (၂၃)ရက်။ အခုနွေဦးတော်လှန်ရေး (၅)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးမိုးနယ်မြေတွေ ရယူထားနိုင်တဲ့ကာလလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစိုးမိုးနယ်မြေတွေကို စစ်ကောင်စီက စစ်ရေး၊ သံတမန်အရေး ဖိအားတွေနဲ့ ပြန်လည်ရယူထားနိုင်ပေမယ့် အချို့နေရာတွေမှာ ခံစစ်ဆင်နေရတဲ့ အခြေအနေလို့
မြန်မာသတင်း

ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက စစ်ရှောင်တွေနေတဲ့ရွာကို စစ်တပ်ဗုံးကြဲ၊ သေဆုံးသူ (၂၀)နီးပါးရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 19 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က ဗန်းမော်မြို့အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကောင်ဂျာရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ကချင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူထံက သိရပါတယ်။ “ ညနေ(၄)နာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ ကောင်ဂျာရွာကို စကမက လေကြောင်းကနေ ပေါင်
မြန်မာသတင်း

ထိုင်ရဲကို ပစ်ခတ်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်အဖွဲ့ထံ ပြန်လွှဲပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 25 Views
ဇန်နဝါရီလ (၂၂)ရက်။ ထိုင်းရဲတပ်ကြပ်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၂၀)ရက်နေ့ ညနေ (၅)နာရီခွဲခန့်က
မြန်မာသတင်း

မောင်တောမြို့မှာ စစ်တပ်ထောင်ထားတဲ့ M-14 မိုင်း (၇၈)လုံး AA သိမ်းဆည်းရမိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 32 Views
ဇန်နဝါရီလ (၂၂)ရက်။ မောင်တောမြို့မှာ စစ်တပ်နဲ့ ARSA ARA နဲ့ RSO အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို AA က ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ဇန်နဝါရီလ (၂၀)ရက်နဲ့ (၂၁)ရက်တို့မှာ
မြန်မာသတင်း

ICJ နဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာတွေ မလုပ်ဖို့ဆိုပြီး စစ်ကော်မရှင် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 30 Views
ဇန်နဝါရီလ (၂၂)ရက်။ ICJ မှာ တရားရင်ဆိုင်ဆဲကာလ အားပေးထောက်ခံတဲ့သူတွေအနေနဲ့ အထူးသတိပြု လိုက်နာရမယ့်အချက်တွေဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က သတိပေးထားတဲ့ အချက်တွေထဲ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာ၊
မြန်မာသတင်း

မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် ရလဒ်ထုတ်ပြန်ဖို့ တိုင်ကြားသူတွေ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 28 Views
ဇန်နဝါရီလ (၂၂)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွက်းဝန် မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် စစ်ဆေးတဲ့ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားသူတွေက မနေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်တာနဲ့