နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်သည် `ဖက်ဆစ်´ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီသူဖြစ်ကြောင်း လက်ထောက်ဖြစ်သူက ပြောကြား++++++++++++++++++++++++++++++++++

ဒေါ်နယ်ထရန့်သည် “ အာဏာရှင်နည်းလမ်းများကို နှစ်သက်သည်´ ဟုလည်းဆို

အောက်တိုဘာလ (၂၃) ရက်။

ဒေါ်နယ်ထရန့်အစိုးရအတွင်း အငြိမ်းစား ယူအက်စ် မရိန်းတပ်ဖွဲ့ အထွေထွေနှင့် ဝန်ထမ်းအကြီးအကဲ ဂျွန်ကယ်လီက ထရန့်သည် “ ဖက်ဆစ်ဝါဒ၏ စံသတ်မှတ်ချက်နှင့် ကိုက်ညီသည်” ဟု ပြောကြားခဲ့သည်။ “ ဟစ်တလာလက်ထက်မှာ အမှုထမ်းခဲ့တဲ့ ဗိုလ်ချုပ်အမျိုးအစား´ ကို ရှာနေတယ်လို့လည်း သူက ပြောပါတယ်။ ဤအကြောင်းကို အောက်တိုဘာလ ၂၂ ရက်နေ့က အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

သမ္မတရွေးကောက်ပွဲကျင်းပရန် သီတင်းနှစ်ပတ်သာလိုတော့သည့်အချိန်၌ ရီပတ်ဘလစ်ကန်သမ္မတလောင်းထရန့်၏ လက်ထောက်ဟောင်းများသည် သမ္မတရာထူးအပေါ် ထရန့်၏ခံယူချက်နှင့် သူပြန်လည် အရွေးခံရပါက ထရန့်ကိုင်စွဲမည့်အာဏာနှင့်ပတ်သက်၍ အချင်းချင်းသတိပေးနေကြသည်။

ကယ်လီသည် ထရန့်၏ ဝန်ထမ်းအကြီးအကဲအဖြစ် ၂၀၁၇ မှ ၂၀၁၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဖက်ဆစ်ဝါဒီများနှင့်ပတ်သက်သည့် ၎င်း၏မှတ်ချက်များအပြင် New York Times နှင့် အင်တာဗျူးတစ်ခုတွင် ထရန့်က “အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့နည်းလမ်းတွေကို သေချာပေါက် နှစ်သက်တယ်” ဟု ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာကို နာခံမှုရှိတဲ့ နာဇီဗိုလ်ချုပ်တွေလို ပြသဖို့ ထရန့်က အမေရိကန် စစ်ဘက်တွေကို အလိုရှိကြောင်း The Atlantic မဂ္ဂဇင်းက အတည်ပြုခဲ့ပါတယ်။

ထရန့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့က ယင်းအချက်သည် မမှန်ကန်ကြောင်း ငြင်းဆိုခဲ့သည်။ မဲဆွယ်စည်းရုံးလှုံ့ဆော်ရေးအကြံပေး Alex Pfeiffer က “ ဒါဟာ လုံးဝလွဲမှားနေပြီး သမ္မတထရန့် တစ်ခါမှ မပြောခဲ့ဖူးပါဘူး။” ဟု ဆိုခဲ့သည်။

ဒါပေမယ့် ဒီမိုကရက်တွေဟာ ထရန့်က စွပ်စွဲထားတဲ့ ဒီမှတ်ချက်တွေကို မြန်မြန်ဆန်ဆန် အသုံးချခဲ့ကြပါတယ်။ မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေ့ါဇ်သည် အောက်တိုဘာ ၂၂ ရက်ညတွင် ဝစ္စကွန်းဆင်းပြည်နယ်၌ မဲဆွယ်စည်းရုံးပွဲတစ်ခု၌ ဟစ်တလာနှင့်ပတ်သက်သော ထရန့်၏မှတ်ချက်များကို “ အလွန်စက်ဆုပ်ရွံရှာသည်” ဟု ဝေဖန်ခဲ့သည်။

ထရမ့်က ဟစ်တလာကို ချီးကျူးကြောင်း ကယ်လီက နယူးယောက်တိုင်း(မ)စ်ကို ပြောခဲ့သည်။ “ ဟစ်တလာက ကောင်းတာတွေ လုပ်ခဲ့တယ်” ဟု တစ်ကြိမ်ထက်မက ပြောခဲ့ဖူးသည်ဟု ပြောဆိုခဲ့သည်။

ဟစ်တလာ၏ ဗိုလ်ချုပ်များ၏ သစ္စာစောင့်သိမှုကို ချီးကျူးကြောင်း The Atlantic မဂ္ဂဇင်း၏ အစီရင်ခံစာနှင့် ပတ်သက်၍ မဂ္ဂဇင်း၏ အမှုဆောင် အယ်ဒီတာ ဂျက်ဖရီ ဂိုးလ်ဘာ့(ခ) (Jeffrey Goldberg) က ၎င်း၏ သမ္မတသက်တမ်း တစ်လျှောက်လုံး ဗိုလ်ချုပ်များကို မကျေနပ်ခဲ့ကြောင်း အင်္ဂါနေ့ညတွင် ပြောကြားခဲ့သည်။ စစ်ဗိုလ်ချုပ်များသည် သမ္မတထရန့်၏ စကားကို ခြွင်းချက်မရှိ နားမထောင်သလို မစဉ်းစားဘဲ အမိန့်ကို မလိုက်နာခဲ့ကြဟု ဆိုသည်။

ဗိုလ်ချုပ်များနှင့် အခြားအမေရိကန် စစ်ဘက်အရာရှိများသည် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတထံ ကျမ်းသစ္စာ ကျိန်ဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 8 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ