နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဆီသို့ ဦးတည်နေကြောင်း ပူတင်ပြော

နိုဝင်ဘာလ (၂၃) ရက်။

အမေရိကန်နှင့် ဗြိတိန်တို့က ယူကရိန်းအား ရုရှားကို လက်နက်ကြီးဖြင့် တိုက်ခိုက်ရန် ခွင့်ပြုပြီးနောက် ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဆီသို့ ဦးတည်နေကြောင်း သမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံကို အသံထက်မြန်သော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကိုအသုံးပြု ပစ်ခတ်ခြင်းဖြင့် အမေရိကန်နှင့် ဗြိတိန်တို့၏ ဒုံးကျည်များ အသုံးပြု၍ ယူကရိန်းက ရုရှားသို့ပစ်ခတ်ခဲ့မှုကို တုံ့ပြန်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။ နောက်ဆက်တွဲ ပစ်ခတ်ခြင်းများ ဖြစ်လာနိုင်သည်ဟု ပူတင်က သတိပေးလိုက်သည်။ “ အခုလို လက်နက်နဲ့ နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ခင်မှာ အရပ်သားတွေကို သတိပေးမယ်” ဟု သူက ပြောပါသည်။

သမ္မတဂျိုးဘိုင်ဒင်အစိုးရက ခွင့်ပြုချက်ပေးပြီးနောက်၊ ယူကရိန်းသည် နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန်လုပ် ATACMS ခြောက်စင်း၊ ဗြိတိန်နိုင်ငံထုတ် Storm Shadow ဒုံးကျည်များနှင့် အမေရိကန်လုပ် HIMARS တို့ဖြင့် နိုဝင်ဘာ ၂၁ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

“ အဲဒီအချိန်ကစပြီး၊ အနောက်နိုင်ငံတွေက လှုံ့ဆော်ခဲ့တဲ့ ယူကရိန်းဒေသတွင်း ပဋိပက္ခဟာ ကမ္ဘာလုံးဆိုင်ရာအနေအထားအဖြစ်ကို‌ပြောင်းလဲ ရောက်ရှိလာခဲ့တယ်” ဟု မော်စကို စံတော်ချိန် ည ၈ နာရီနောက်ပိုင်းတွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ပြောကြားသည့် မိန့်ခွန်းတွင် ပူတင်က ပြောဆိုခဲ့သည်။

အမေရိကန်သည် ကမ္ဘာကို ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဆီသို့ တွန်းပို့နေသည်ဟု ပူတင်က စွတ်စွဲလိုက်သည်။

“ရန်လိုပြီး ပြင်းထန်တဲ့ လုပ်ရပ်တွေ အရှိန်မြှင့်လာတဲ့အခါ ကျွန်တော်တို့အနေနဲ့ ပြတ်ပြတ်သားသားနဲ့ တူညီတဲ့ပုံစံနဲ့ တုံ့ပြန်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ယူကရိန်း ၏ ATACMS ဒုံးကျည်ဖြင့် တိုက်ခိုက်မှုသည် ဆိုးရွားသော ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။ သို့သော် နိုဝင်ဘာ ၂၁ ရက်က Kursk ဒေသကို Storm Shadow ဒုံးကျဥ်ဖြင့်တိုက်ခိုက်မှုသည် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

“ဒီလက်နက်တွေကို ရန်သူက အသုံးပြုတာဟာ အထူးစစ်ရေးဇုန်အတွင်း စစ်ရေးလှုပ်ရှားမှု လမ်းကြောင်းကို မပြောင်းလဲနိုင်ပါဘူး” ဟု ပူတင်က ပြောကြားခဲ့သည်။

“ ကျွန်တော်တို့အနေနဲ့ ဒီလက်နက်တွေကို အသုံးပြုဖို့ ခွင့်ပြုထားတဲ့ အဲဒီနိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေအပေါ် ကို ပြန်လည်တိုက်ခိုက်ဖို့ ကျွန်တော်တို့မှာ ရပိုင်ခွင့်ရှိတယ်လို့ ယူဆပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။ “ ဒါကို လုပ်နိုင်မယ်လို့ သံသယရှိသူတွေ ရှိခဲ့ရင် သူတို့မှားတယ်‌ပြောချင်ပါတယ် အရာရာတိုင်းမှာ တုံ့ပြန်မှုဆိုတာ အမြဲရှိနေမှာပါ။”

ရုရှားသည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းမှ သိမ်းယူခဲ့သော ခရိုင်းမီးယားဒေသအားလုံးအပါအဝင် ယူကရိန်း၏နယ်မြေ ၁၈%ကိုထိန်းချုပ်ထားပြီး၊ ဒွန်းဘတ်(Donbas) နှင့် လူဟန့်ခ် (Luhansk) ဒေသများ၏နယ်မြေ ၈၀% နှင့် ဇာပိုးရီးဇား (Zaporizhzhia) နှင့် ခါဆန်(Kherson) ဒေသများ၏ ၇၀% ကျော်နှင့် ခါကိ့ဗ်(Kharkiv) ဒေသ နှင့် မိုင်ကိုလိုက်ဗ် (Mykolaiv) ဒေသ၏ အစိတ်အပိုင်း ၃% အောက်ကိုသိမ်းပိုက်ထားသည်။

ယူကရိန်းနှင့် အနောက်အုပ်စုတို့က ၂၀၂၂ခုနှစ် ကျူးကျော်မှုသည် အချုပ်အခြာအာဏာပိုင် ယူကရိန်းပိုင်နက်ကို သိမ်းပိုက်ရန် နယ်ချဲ့ပုံစံ ကြိုးပမ်းမှုဖြစ်ပြီး အကယ်၍ ရုရှားသမ္မတ ပူတင်က ယူကရိန်းတွင် အနိုင်ရပါက တစ်နေ့တွင် နေတိုးအဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်ရန် ကြိုးစားလာမည်ကို စိုးရိမ်ကြောင်း ယူကရိန်းနှင့် အနောက်နိုင်ငံများက ပြောဆိုကြသည်။

မော်စကိုသည် အော်ရှနစ် (Oreshnik) (ဟေဇယ်) ဟုခေါ်သော တာလတ်ပစ်ဟိုက်ပါဆောနစ် နျူကလီးယား မဟုတ်သည့် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ခဲ့ပြီး ၎င်း ပဲ့ထိန်းဒုံးကို ယူကရိန်းနိုင်ငံ နိပရို (Dnipro) မြို့ရှိ ဒုံးပျံနှင့် ကာကွယ်ရေး လုပ်ငန်းတစ်ခုသို့ ပစ်လွှတ်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံတွင်းရှိ ထိုနိပရိုမြို့တွင်အခြေစိုက်သော အာကာသဒုံးပျံ ကုမ္ပဏီ ပီဒန်မက်ရှ် (Pivdenmash) ရှိပြီး ရုရှားလို ယူဇ်မက်ရှ် (Yuzhmash) ဟု အမည်တွင် ပါသည်။

“ အဲ့ဒီစီးပွားရေးလုပ်ငန်းကို တိုက်ခိုက်ခဲ့တာ အောင်မြင်တယ်” ဟု ပူတင်က ပြောပါသည်။

ရုရှားသည် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို တီထွင်ထုတ်လုပ်ရန် စီစဉ်နေခြင်းသည် အမေရိကန်ပြည်ထောင်စုမှ ဥရောပနှင့် အရှေ့ဖျားဒေသတို့တွင် တာလတ်နှင့် တာတိုပစ်ဒုံး ကျည်များကို ဖြန့်ကျက်ချထားခြင်းကို တုံ့ပြန်ရန်ဖြစ်ကြောင်း သူက ထပ်လောင်းပြောခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သော တာလတ်ပစ် အကွာအဝေးနှင့် တာတိုပစ်ဒုံးကျည်များ ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို တစ်ဖက်သတ် ချိုးဖောက်ခြင်းအတွက် အမေရိကန်ပြည်ထောင်စုသည် အမှားအယွင်းတစ်ခု ကျူးလွန်ခဲ့သည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ သူက တာလတ်ပစ်နျူကလီးယားစာချုပ် (Intermediate-Range Nuclear Forces (INF) Treaty) ကို ရည်ညွှန်းဟန်ရှိသည်။

မော်စကိုသည် သဘောတူညီချက်ကို ချိုးဖောက်သည်ဟု ပြောဆိုပြီးနောက် ၂၀၁၉ ခုနှစ်တွင် ရုရှားနှင့် အထင်ကရ ၁၉၈၇ (INF) စာချုပ်မှ အမေရိကန်မှ တရားဝင်နုတ်ထွက်ခဲ့ပြီး ကရင်မလင်က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

ပူတင်သည် INF စာချုပ်အရ ယခင်က တားမြစ်ထားသော ဒုံးကျည်များ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် တစ်ဖက်သတ် ဆိုင်းငံ့ထားခဲ့သည်။ ရုရှား၏ အနာဂတ်လုပ်ဆောင်မှုများသည် အနောက်နိုင်ငံများ၏ လုပ်ရပ်များနှင့် ရုရှားအပေါ် ခြိမ်းခြောက်မှုများအပေါ် မူတည်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ အမေရိကန်ရဲ့ ဒီလိုမျိုးလက်နက်တွေ ကမ္ဘာ့ဒေသတိုင်းမှာ မပေါ်မပေါက်မချင်း ရုရှားဟာ တာလတ်ပစ်နဲ့ တာတိုပစ် ဒုံးကျည်တွေကို ဖြန့်ကျက်မထားဖို့ ဆန္ဒအလျောက် တစ်ဖက်သတ် ကတိကဝတ်ပြုထားတယ်ဆိုတာကို သတိပေးပါရစေ” လို့ပူတင်က‌ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 35 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်