နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

 ဆွီဒင်နိုင်ငံသားများအား အစားအစာနှင့် ဆေးဝါးများ သိုလှောင်ပြီး “စစ်ပွဲအတွက် ပြင်ဆင်ရန်” ဆွီဒင်အစိုးရ တိုက်တွန်း

နိုဝင်ဘာလ (၂၃) ရက်။

ဆွီဒင်အစိုးရသည် ဥရောပတွင် မကြာမီ စစ်ဖြစ်တော့မည့် အလားအလာကို မျှော်မှန်းထားပြီး အစားအသောက်နှင့် ဆေးဝါးများ သိုလှောင်ရန် နိုင်ငံသားများအား တိုက်တွန်းသည့် လက်ကမ်းစာစောင်များကို နိုဝင်ဘာလ (၁၈) ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့သည်။ ဖင်လန်အစိုးရသည် ထိုနေ့တွင် အလားတူ ဒီဂျစ်တယ်လက်ကမ်းစာအုပ်ငယ်ကို ထုတ်ပြန်ခဲ့သည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံတို့ကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဆွီဒင်အရပ်ဘက်ဆိုင်ရာ အရေးပေါ်အေဂျင်စီက “လုံခြုံရေးပတ်ဝန်းကျင်က သိသိသာသာ ပြောင်းလဲသွားပါပြီ။ ကျွန်တော်တို့အားလုံး စစ်ပွဲအတွက် ခံနိုင်ရည်ရှိဖို့ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။” ဟု သတိပေးထားသည်။

ဆွီဒင်အစိုးရ ထုတ်ဝေသော စာအုပ်ငယ်တွင် လေကြောင်းတိုက်ခိုက်မှုမှ ရှောင်ရန်နည်းလမ်း၊ ဗုံးဒဏ်မှ ကာကွယ်ရန် အဆောက်အအုံရှာဖွေပုံနှင့် ဒဏ်ရာရရှိသည့်အခါ သွေတိတ်စေရန် ပြုလုပ်ရမည့်နည်းလမ်းများ စသည်တို့ ပါဝင်သည့် စာမျက်နှာ ၃၀ ခန့်ပါရှိသည်။ အစားအသောက်နှင့် ဆေးဝါးများအပြင် ကလေးများအတွက်ဒိုင်ပါ၊ အမျိုးသမီးသုံး သန့်ရှင်းရေးသုံးပစ္စည်းများနှင့် တစ်ရှူးအစိုကဲ့သို့သော ပစ္စည်းများကိုလည်း စုဆောင်းထားရန် တိုက်တွန်းထားသည်။

ဤစာအုပ်ငယ်အား တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု 5.2 သန်းကို နိုဝင်ဘာလ (၁၈) ရက်နေ့မှ စတင်ကာ နှစ်ပတ်အတွင်း စာတိုက်မှ ပို့ရန် စီစဉ်ထားပြီး ဒစ်ဂျစ်တယ်ဗားရှင်းကို အကြိမ်ပေါင်း သောင်းနှင့်ချီ၍ ဒေါင်းလုဒ် လုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖင်လန်ပြည်ထဲရေး ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ ရေပြတ်တောက်မှု၊ ဆက်သွယ်ရေး ပြတ်တောက်မှု စသည်တို့ကို ကိုင်တွယ်ဖြေရှင်းနည်းနှင့် ပတ်သက်သည့် အချက်အလက်ပါ ရှိသည့် ဒစ်ဂျစ်တယ် စာအုပ်ငယ်ကို ထုတ်ဝေခဲ့သည်။ ပုံနှိပ်စာအုပ်ကိုမူ ဖြန့်ဝေမည်မဟုတ်ပါ။ ဖင်လန်နိုင်ငံတွင် ဆောင်းရာသီတွင် အပူချိန် -20 ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ပါက အသက်အန္တရာယ်ရှိနိုင်သောကြောင့် ပြည်သူများအား အရန်ဓာတ်အားပေးစက်များ ထားရှိရန် တိုက်တွန်းထားသည်။

ရုရှားနှင့် အနောက်ဥရောပတို့ကြား ကာလရှည်ကြာ ကြားနေရေးမူဝါဒကို ထိန်းသိမ်းထားသည့် နှစ်နိုင်ငံစလုံးသည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ရုရှားကျူးကျော်လာသည့်အခါ စိုးရိမ်လာခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တို့တွင် အနောက်နိုင်ငံ စစ်ရေးမဟာမိတ်အဖွဲ့ (NATO) နှင့် ပူးပေါင်းခဲ့ကြသည်။

ဆွီဒင်စစ်တပ်၏ စစ်ဦးစီးချုပ်ဟောင်းက အမေရိကန်မီဒီယာ Politico သို့ Kaliningrad Oblast ၏ ရုရှားနယ်မြေသည် ဘောလ်တစ်ပင်လယ်ရှိ ဆွီဒင်ကျွန်း Gotland ၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး “ရုရှားသမ္မတ ပူတင်သည် Gotland ကျွန်းကို ထိန်းချုပ်နိုင်သည်ကို ရှုမြင်ထားပြီး ပူတင်ရဲ့ပန်းတိုင်က ဘောလ်တစ်ပင်လယ်ပါ။” ဟု ပြောဆိုခဲ့သည်။

သတင်းရင်းမြစ်။

Kyodo သတင်း၊ ဂျပန်။

[ဓာတ်ပုံ] “စစ်ပွဲအတွက် ပြင်ဆင်ပါ” လက်ကမ်းစာစောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက