နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းမှာ ရွှေတူးဖော်လုပ်ငန်း‌ရပ်ဆိုင်းဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲက သေနတ်နဲ့ခြိမ်းခြောက်

ဒီဇင်ဘာလ (၂၃)ရက်။

ဒီဇင်ဘာလ (၂၁)ရက်နေ့က မင်းကင်းမြို မြောက်ချွန်းရွာမှာ ရွှေတူးဖော်တဲ့လုပ်ငန်း ရပ်ဆိုင်းပေးဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲတွေက သေနတ်နဲ့ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“(၂၁)ရက်နေ့ ညနေမှာ ရွှေမျောလုပ်ငန်းတွေကို ရပ်ဆိုင်းပေးဖို၊ နောက်ပြီး ပြည်သူတွေကို အသိပေးပြီး လုပ်ကိုင်ဖိုနဲ့ ငွေကြေးရှင်းတမ်းတွေနဲ့ပတ်သက်ပြီး ဒေသခံတွေ ဆန္ဒပြကြတာ။ အဲ့ဒါကို တိုက်နယ် ပကဖ၊ ပလဖနဲ့ ပအဖတွေက သေနတ်တွေမောင်းတင်ပြီး ပစ်ဖိုအထိ ခြိမ်းခြောက်တာ‌တွေလုပ်တာ”လို ဒေသခံတစ်ဦးက ဆိုပါတယ်။

မြောက်ချွန်းရွာပိုင် ‌မြစ်ကမ်းဘေးမြေနုကျွန်းမှာ ရွှေတူးဖော်တာကို ကျေးရွာပသုံးလုံး ခေါင်းဆောင် (၃)ဦးက ကျေးရွာနေပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာမရှိဘဲ အောက်တိုဘာလ (၂၀)ရက်နေ့က စတင်လုပ်ကိုင်ခဲ့တာလို သိရပါတယ်။

‌အခုလို ရွှေတူးဖော်တာအပါအဝင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာမှန်သမျှကို ပြည်သူရဲ့ သဘောထားကောက်ခံပြီး ဆွေးနွေးတိုင်ပင်ဖို ပြောဆိုထားပေမယ့် အခုလို ပြုလုပ်တာကြောင့် ကျေးရွာနေ ဒေသခံ (၃၀၀)ဝန်းကျင်ခန့်က ဆန္ဒပြခဲ့ကြတာလို ဆိုပါတယ်။

ဆန္ဒပြတောင်းဆိုရာမှာ ဒေသခံတွေက ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်ဆိုင်းပေးဖိုအပါအဝင် ဒေသခံပြည်သူတွေရဲ့ ‌သဘောဆန္ဒကောက်ယူပြီး ဆွေးနွေးညှိနှုင်းဖိုနဲ့ ငွေကောက်ယူတာတွေအပေါ် စာရင်းရှင်းပေးဖို တောင်းဆိုခဲ့ကြတာပါ။

“အရင်က ရွှေမှော်လုပ်ရင် ရွာကိုတိုင်ပင်ဖို ပြောထားပေမယ့် အခုမတိုင်ပင်တော့ဘဲ သူတိုလုပ်ချင်တဲ့အတိုင်း လုပ်တာ။ အဲ့ဒီကရတဲ့ ပိုက်ဆံကိုလဲ ရွာကို မဝေတော့ဘူး။ သူတိုအဖွဲတင် သိန်း(၁၅၀၀)လောက်ရတာ၊ စာရင်းရှင်းခိုင်းတော့လဲ မရှင်းပေးဘူး။ ပြီးတော့ သူတိုက လိုင်းပေါ်မှာ အလိုမတူပဲ စာရင်းရှင်းခိုင်းတယ်ဆိုပြီး ပြောထားသေးတယ်”လို သူက ဆက်ပြောပါတယ်။

ဒေသခံတွေရဲ့ တောင်းဆိုဆန္ဒပြတာဟာ (၃)နာရီနီးပါး ကြာမြင့်ခဲ့ပေမယ့် ညှိနှိင်းမှု တစုံတရာ မရရှိခဲ့သလို အရင်က မြေနုကျွန်းမှာ ဒေသခံတွေ ပဲစိုက်တာတွေရှိခဲ့ပေမယ့် အခုအခါ ကျေးရွာပသုံးလုံးအဖွဲတွေက တောင်ယာစိုက်ပျိုးတာတွေ မလုပ်ဖို အမိန့်ထုတ်ထားပါတယ်။

“ဆန္ဒပြတာက ညနေ(၆)နာရီခွဲလောက်အထိမပြီးဘူး။ ညှိနှိင်းတာမျိုးလဲမရခဲ့ဘူး။ ပြီးတော့ အရင်က မြေနုကျွန်းမှာ ဒေသခံတွေက ပဲစိုက်တာတွေရှိတယ်။ အခု ကျေးရွာပသုံးလုံးအဖွဲတွေက ဒေသခံတွေကို ပဲမစိုက်ဖို အမိန့်ထုတ်ထားတယ်။ နောက်ပြီး သူတိုက တကွက်ကို (၃)သိန်း (၃)သိန်းခွဲနဲ့ ရောင်းစားနေတာ”လို သူက ဆက်ပြောပါတယ်။

ဆန္ဒပြပွဲမှာ တိုက်နယ်ပသုံးလုံးအဖွဲတွေကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိခဲ့ပြီး ကျေးရွာပိုင်မြေနုကျွန်းမှာ ရွှေတူးဖော်တာက သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သလို တောင်ယာလုပ်ခွင့် မရှိတော့တာနဲ့ ပြည်သူတွေ အကျိုးခံစားခွင့်မရှိဘဲဖြစ်နေတာလို ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

မှတ်ချက်။ ဤသတင်းနဲ့ပတ်သက်ပြီး ရုပ်သံသတင်းကိုလည်း ဆက်လက်တင်ဆက်သွားပါမယ်။

ဓာတ်ပုံ။ ပေးပို့

ပသုံးလုံးအုပ်စုနှင့် ပြည်သူများနှင့် မင်းကင်းမြို့နယ်အတွင်းရှိ ရွှေမျောများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို