နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းမှာ ရွှေတူးဖော်လုပ်ငန်း‌ရပ်ဆိုင်းဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲက သေနတ်နဲ့ခြိမ်းခြောက်

ဒီဇင်ဘာလ (၂၃)ရက်။

ဒီဇင်ဘာလ (၂၁)ရက်နေ့က မင်းကင်းမြို မြောက်ချွန်းရွာမှာ ရွှေတူးဖော်တဲ့လုပ်ငန်း ရပ်ဆိုင်းပေးဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲတွေက သေနတ်နဲ့ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ (၂၁)ရက်နေ့ ညနေမှာ ရွှေမျောလုပ်ငန်းတွေကို ရပ်ဆိုင်းပေးဖို၊ နောက်ပြီး ပြည်သူတွေကို အသိပေးပြီး လုပ်ကိုင်ဖိုနဲ့ ငွေကြေးရှင်းတမ်းတွေနဲ့ပတ်သက်ပြီး ဒေသခံတွေ ဆန္ဒပြကြတာ။ အဲ့ဒါကို တိုက်နယ် ပကဖ၊ ပလဖနဲ့ ပအဖတွေက သေနတ်တွေမောင်းတင်ပြီး ပစ်ဖိုအထိ ခြိမ်းခြောက်တာ‌တွေလုပ်တာ” လို ဒေသခံတစ်ဦးက ဆိုပါတယ်။

မြောက်ချွန်းရွာပိုင် ‌မြစ်ကမ်းဘေးမြေနုကျွန်းမှာ ရွှေတူးဖော်တာကို ကျေးရွာပသုံးလုံး ခေါင်းဆောင် (၃)ဦးက ကျေးရွာနေပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာမရှိဘဲ အောက်တိုဘာလ (၂၀)ရက်နေ့က စတင်လုပ်ကိုင်ခဲ့တာလို သိရပါတယ်။

‌အခုလို ရွှေတူးဖော်တာအပါအဝင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာမှန်သမျှကို ပြည်သူရဲ့ သဘောထားကောက်ခံပြီး ဆွေးနွေးတိုင်ပင်ဖို ပြောဆိုထားပေမယ့် အခုလို ပြုလုပ်တာကြောင့် ကျေးရွာနေ ဒေသခံ (၃၀၀)ဝန်းကျင်ခန့်က ဆန္ဒပြခဲ့ကြတာလို ဆိုပါတယ်။

ဆန္ဒပြတောင်းဆိုရာမှာ ဒေသခံတွေက ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်ဆိုင်းပေးဖိုအပါအဝင် ဒေသခံပြည်သူတွေရဲ့ ‌သဘောဆန္ဒကောက်ယူပြီး ဆွေးနွေးညှိနှုင်းဖိုနဲ့ ငွေကောက်ယူတာတွေအပေါ် စာရင်းရှင်းပေးဖို တောင်းဆိုခဲ့ကြတာပါ။

“ အရင်က ရွှေမှော်လုပ်ရင် ရွာကိုတိုင်ပင်ဖို ပြောထားပေမယ့် အခုမတိုင်ပင်တော့ဘဲ သူတိုလုပ်ချင်တဲ့အတိုင်း လုပ်တာ။ အဲ့ဒီကရတဲ့ ပိုက်ဆံကိုလဲ ရွာကို မဝေတော့ဘူး။ သူတိုအဖွဲတင် သိန်း(၁၅၀၀)လောက်ရတာ၊ စာရင်းရှင်းခိုင်းတော့လဲ မရှင်းပေးဘူး။ ပြီးတော့ သူတိုက လိုင်းပေါ်မှာ အလိုမတူပဲ စာရင်းရှင်းခိုင်းတယ်ဆိုပြီး ပြောထားသေးတယ်” လို သူက ဆက်ပြောပါတယ်။

ဒေသခံတွေရဲ့ တောင်းဆိုဆန္ဒပြတာဟာ (၃)နာရီနီးပါး ကြာမြင့်ခဲ့ပေမယ့် ညှိနှိင်းမှု တစုံတရာ မရရှိခဲ့သလို အရင်က မြေနုကျွန်းမှာ ဒေသခံတွေ ပဲစိုက်တာတွေရှိခဲ့ပေမယ့် အခုအခါ ကျေးရွာပသုံးလုံးအဖွဲတွေက တောင်ယာစိုက်ပျိုးတာတွေ မလုပ်ဖို အမိန့်ထုတ်ထားပါတယ်။

“ ဆန္ဒပြတာက ညနေ(၆)နာရီခွဲလောက်အထိမပြီးဘူး။ ညှိနှိင်းတာမျိုးလဲမရခဲ့ဘူး။ ပြီးတော့ အရင်က မြေနုကျွန်းမှာ ဒေသခံတွေက ပဲစိုက်တာတွေရှိတယ်။ အခု ကျေးရွာပသုံးလုံးအဖွဲတွေက ဒေသခံတွေကို ပဲမစိုက်ဖို အမိန့်ထုတ်ထားတယ်။ နောက်ပြီး သူတိုက တကွက်ကို (၃)သိန်း (၃)သိန်းခွဲနဲ့ ရောင်းစားနေတာ” လို သူက ဆက်ပြောပါတယ်။

ဆန္ဒပြပွဲမှာ တိုက်နယ်ပသုံးလုံးအဖွဲတွေကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိခဲ့ပြီး ကျေးရွာပိုင်မြေနုကျွန်းမှာ ရွှေတူးဖော်တာက သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သလို တောင်ယာလုပ်ခွင့် မရှိတော့တာနဲ့ ပြည်သူတွေ အကျိုးခံစားခွင့်မရှိဘဲဖြစ်နေတာလို ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

မှတ်ချက်။ ဤသတင်းနဲ့ပတ်သက်ပြီး ရုပ်သံသတင်းကိုလည်း ဆက်လက်တင်ဆက်သွားပါမယ်။

ဓာတ်ပုံ။ ပေးပို့

ပသုံးလုံးအုပ်စုနှင့် ပြည်သူများနှင့် မင်းကင်းမြို့နယ်အတွင်းရှိ ရွှေမျောများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 33 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 36 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 32 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 38 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 38 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ