နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ငွေချေးပြီး ကျောင်းတက်သူ ကျောင်းသား ၅၅,၀၀၀ အတွက် ကျောင်းသားချေးငွေကို လျှော်ပေးသည့် သက်သာခွင့်ဒေါ်လာ ၄.၂၈ ဘီလီယံကို ဘိုင်ဒင် ကြေညာ

ဒီဇင်ဘာလ (၂၃) ရက်။

သောကြာနေ့က ကြေငြာချက်တွင် ဘိုင်ဒင်သည် လျှော်ပေးသည့် စုစုပေါင်း ချေးငွေ ဒေါ်လာ ၁၈၀ ဘီလီယံအထိ ရှိလာခဲ့သည်။

အစိုးရဌာနများတွင် ၀န်ဆောင်မှုပေးနေသည့် ဝန်ထမ်း ၅၅၀၀၀ နီးပါးအတွက် ကျောင်းသားချေးငွေ သက်သာခွင့် နောက်ထပ်ဒေါ်လာ ၄.၂၈ ဘီလီယံကို သမ္မတဂျိုးဘိုင်ဒင်က သောကြာနေ့တွင် ကြေညာခဲ့သည်။

အဆိုပါကြေညာချက်သည် ဘိုင်ဒင်အစိုးရက ချေးငွေအားလုံးကို အမေရိကန်နိုင်ငံသား ၅ သန်းနီးပါးအတွက် “ ဒေါ်လာ ၁၈၀ ဘီလီယံခန့်” ကို လျှော်ပေးမည်ဖြစ်ကြောင်း ပညာရေးဌာန၏ အချက်အလက် စာရွက်အရ သိရသည်။

ပြည်သူ့ဝန်ဆောင်မှုချေးငွေခွင့်လွှတ်ခြင်းအစီအစဉ် (PSLF) တွင်စာရင်းသွင်းထားပြီး ၁၀ နှစ် ဆက်တိုက် အကြွေးမှန်မှန်ပေးဆပ်ခဲ့သည့် မီးသတ်သမားများ၊ သူနာပြုများနှင့် ကျောင်းဆရာများ လူတစ်ဦးချင်းစီအား အကြွေးကို လျှော်ပေးမည်ဖြစ်သည်။

ဘိုင်ဒင်အုပ်ချုပ်ရေးသည် ပရိုဂရမ်တွင် အကောင်အထည်ဖော်မှု ညံ့ဖျင်းပြီး အမှားအယွင်းများကြောင့် များစွာသော ကျောင်းသားများအနေနှင့် ချေးငွေသက်သာခွင့်ကို မရရှိဘဲ ရှိခဲ့ခြင်းကြောင့် ဤအစီအစဉ်ကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ဒီနေ့အကြွေးဖျက်သိမ်းဖို့ အတည်ပြုလိုက်တဲ့အထဲမှာ ပြည်သူ့ဝန်ထမ်းတွေထဲမှာ ဆရာ၊ ဆရာမတွေ၊ သူနာပြုတွေ၊ ဝန်ထမ်းတွေ၊ ဥပဒေအရာရှိတွေ၊ တခြား ပြည်သူ့ဝန်ထမ်းတွေဟာ သူတို့ရဲ့ ဘဝကို မြှုပ်နှံပြီး ပြည်သူတွေနဲ့ လူ့အသိုင်းအဝိုင်းအတွက် အလုပ်ပြန်လုပ်ပေးခဲ့ကြပါတယ်။ သူတို့ဟာ ဒီလို ခံစားခွင့်ကို ဥပဒေအောက်မှာ ခံစားထိုက်သူတွေ ဖြစ်ပါတယ်” ဟု ဘိုင်ဒင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အုပ်ချုပ်ရေးမှ သက်သာရာရခဲ့သော အကြွေးဒေါ်လာ ၁၈၀ ဘီလီယံကျော်ရှိသည့် ငွေချေးသူ ၅ သန်းနီးပါးအနက် ၁ သန်းကျော်သည် PSLF မှ တစ်ဆင့်ဖြစ်သည်။ အဆိုပါ PSLF ငွေချေးသူများအတွက် သက်သာခွင့်စုစုပေါင်းမှာ ဒေါ်လာ ၇၈ ဘီလီယံခန့်ရှိကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

“ ကျွန်တော့်အစိုးရအဖွဲ့ရဲ့ ပထမနေ့ကစပြီး၊ အဆင့်မြင့်ပညာရေးဟာ အတားအဆီး မဟုတ်ဘဲ လူလတ်တန်းစားအတွက် အခွင့်အလမ်းလက်မှတ်တစ်ခုဖြစ်ကြောင်း သေချာစေမယ်လို့ ကတိပြုခဲ့ပါတယ်” ဟု ဘိုင်ဒန်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတစ်ဝှမ်းရှိ သန်းနဲ့ချီတဲ့လူတွေ စီးပွားရေးလုပ်ငန်းစတင်ဖို့၊ အငြိမ်းစားယူဖို့၊ ကျောင်းသားချေးငွေ အကြွေးဝန်ထုတ်ဝန်ပိုးကြောင့် ဆိုင်းငံ့ထားရတဲ့ ဘဝအစီအစဉ်တွေကို အကောင်အထည်ဖော်ရန် အခွင့်အရေးရ ရှိပြီ ဖြစ်ပါတယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 20 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး