နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏သမီး အီဗန်ကာထရန့် နိုင်ငံရေးတွင် မပါတော့ဟုဆို

+++++++++++++++++++++++++++++++++++++

“ကျမ နိုင်ငံရေးလောကကို ပြန်ဝင်ဖို့ ရည်ရွယ်ချက် မရှိဘူး”

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏သမီးအကြီးဆုံး အီဗန်ကာထရန့်သည် အရွယ်ရောက်ပြီး ကတည်းက သူမ၏ဖခင်အတွက် သူမဘဝတစ်လျှောက်လုံး အလုပ်လုပ်ခဲ့သည်။

အီဗန်ကာသည် အိမ်ခြံမြေသူဌေးဖြစ်ခဲ့စဉ်က ထရန့်၏နောက်ဆောက်မည့်ဟိုတယ်ကို ဒီဇိုင်းဆွဲခဲ့သည်။ ထရန့်သည် ရုပ်မြင်သံကြားဌာန၏ လက်တွေ့ Reality TV တွင် ပါဝင်သရုပ်ဆောင်ခဲ့စဉ်က သူမသည် တီဗီဌာန၏ အစည်းအဝေးခန်းတွင် နေခဲ့သည်။ ထရန့် သမ္မတယှဉ်ပြိုင်စဉ်က သူမသည် မဲဆွယ်စည်းရုံးရေးတွင် ပါဝင်ခဲ့သည်။ ထရန့်၏ ပထအကြိမ်သမ္မတသက်တမ်းအတွင်း အိမ်ဖြူတော်၏ အနောက်တောင်ပံတွင်ရှိသည့် ရုံးခန်းတွင် သူမ ရုံးထိုင်ခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အီဗန်ကာသည် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်မှ ထွက်ခွာခဲ့ပြီး သူမဖခင်၏ အလုပ်မှ နှုတ်ထွက်ခဲ့သည်။

အီဗန်ကာသည် နိုင်ငံရေးနှင့် အဆက်အသွယ် ဖြတ်လိုက်ပြီး နိုင်ငံရေးလောကသို့ သူမ ပြန်လာရန် အစီအစဉ် မရှိကြောင်း ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် သူမ၏ဖခင်သည် သမ္မတလောင်းအဖြစ် တတိယအကြိမ်မြောက် ဝင်ရောက်ရွေးချယ်ရန် ကြေညာပြီးနောက်တွင် အီဗန်ကာက “ကျွန်မအဖေကို အရမ်းချစ်ပါတယ်၊ ဒီတစ်ကြိမ်မှာတော့ ကျွန်မရဲ့ကလေးငယ်တွေနဲ့ မိသားစု၊ ကိုယ်ရေးကိုယ်တာကိစ္စကို ဦးစားပေးသွားမှာပါ” ဟု ဆိုခဲ့သည်။ “နိုင်ငံရေးမှာ ပါဝင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

အီဗန်ကာနှင့် နီးစပ်သော သတင်းရင်းမြစ်များက ထရန့်၏ ယခုနှစ် သမ္မတ ရွေးကောက်ပွဲအပြီး အနိုင်ရသည့်အချိန်တွင် သူမ၏ မှတ်ချက်များသည် မပြောင်းလဲသေးကြောင်း ပြောကြားခဲ့သည်။ သူမနှင့် သူမ၏ခင်ပွန်း ဂျဲရက်ကွပ်ရှနာတို့သည် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ဖလော်ရီဒါပြည်နယ် မိုင်ယာမီတွင် အများသူငှာ အာရုံစိုက်ခံရမှုကို ရှောင်လွှဲခဲ့ပြီး လူအများ သတိမထားသောနေရာတွင် နေထိုင်ခဲ့သည်။

ယင်းအချက်သည် ထရန့်၏ အရင်းနှီးဆုံးလက်ထောက်တစ်ဦးအတွက် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခုဖြစ်ပြီး အိမ်ဖြူတော်တွင် သူမ၏ ပထမဆုံး လေးနှစ်တာ တုန်လှုပ်ချောက်ချားမှုအပြီးမှာ အပြောင်းအလဲတစ်ခုကို သူမကိုယ်တိုင် တမင်တကာ ဖန်တီးလိုက်ခြင်းဖြစ်ပါသည်။

အီဗန်ကာသည် သူမဖခင်ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များအတွက် စဉ်ဆက်မပြတ် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမ၏ဖခင်၏ဆုံးဖြတ်ချက်များသည် သူမ၏ လုံးဝလွှမ်းမိုးမှု သို့မဟုတ် ထိန်းချုပ်နိုင်စွမ်း မရှိသော ဆုံးဖြတ်ချက်များ ဖြစ်သည်ဟု သူမက ပြောခဲ့သည်။

အီဗန်ကာသည် ကျင့်ဝတ်ဆိုင်ရာမေးခွန်းများစွာကြားတွင် သူမ အတော်အတန် အောင်မြင်သော အဝတ်အစားနှင့် ဆက်စပ်ပစ္စည်းများအမှတ်တံဆိပ်ကို ပိတ်လိုက်ရပြီး သူမ၏ လစ်ဘရယ်ကျသည့် (အလယ်အလတ်လမ်းစဉ်ကိုကျင့်သုံးသည့်) နယူးယောက်၊မှ လူမှုရေးမိတ်ဆွေအချို့နှင့်လည်း ကင်းကွာသွားခဲ့ရသည်။

သူမ နိုင်ငံရေးမှ ထွက်ခွာသွားခြင်းမှာ သူမအဖေနှင့် သူမသည် ရဲဘော်ရဲဖက် မဟုတ်တော့ဟု အဓိပ္ပါယ်ရသည်။ ထို့အပြင် သူမသည် သမ္မတရာထူးနှင့် နီးစပ်မှုမှ အကျိုးအမြတ် ရရှိသည့် မိသားစုစီးပွားရေးမှ ခြားနားသည့် နေထိုင်မှုပုံစံဖြင့် လမ်းကြောင်းသစ်တစ်ခုကို ဖောက်ထွက်ရန် ပုံဖော်နေသည်။

“နိုင်ငံရေးဆိုတာ မှောင်မိုက်တဲ့ကမ္ဘာတစ်ခုပါ။ အမှောင်ထုနဲ့ အဆိုးမြင်စိတ်တွေ အများကြီးရှိတယ်၊ အဲဒါက လူသားတစ်ယောက်အနေနဲ့ ခံစားရတာနဲ့ ဆန့်ကျင်ဘက်ပါပဲ” ဟု အီဗန်ကာက ဇူလိုင်လတွင် ပေါ့တ်ကာစ်တစ်ခုတွင် ပြောကြားခဲ့သည်။ “နိုင်ငံရေးဟာ တကယ့်ကို ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်တဲ့အတွက် ကျမ မပါဝင်ဘူးလို့ ဆုံးဖြတ်တာဟာ မှန်ကန်တယ်လို့ ခံစားပါရတယ်” ဟု သူမက ဆက်ပြောပါသည်။

အီဗန်ကာနှင့် နီးစပ်သော သတင်းရင်းမြစ်များက သူမသည် သူမ၏ဖခင်နှင့် ပုံမှန်စကားပြောလေ့ရှိပြီး အမျိုးမျိုးသောကိစ္စရပ်များအတွက် သူမ၏ဖခင်အား အလွတ်သဘော ဆက်လက်အကြံပေးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ဝန်ထမ်းများနှင့် အကြံပေးပုဂ္ဂိုလ်များသည် အီဗန်ကာ၏ အောင်မြင်မှုများနှင့် သမ္မတထံပေးခဲ့သည့် အကြံဉာဏ်များကို မီးမောင်းထိုးပြခဲ့သည်။ တစ်ခါတစ်ရံတွင် အီဗန်ကာ၏ အလုပ်အား အသိအမှတ်ပြုခံခဲ့ရသည်။

“အီဗန်ကာသည် အိမ်ဖြူတော်အတွက် ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ယူစွာ ဦးဆောင်ကာ အုပ်ချုပ်ရေး၏ မူဝါဒအောင်မြင်မှုများကို မြှင့်တင်ပေးသည်” ဟု ထရန့်၏ ကိုယ်စားလှယ်က CNN သို့ ကြေညာချက်တွင် ပြောကြားခဲ့သည်။

မိဘအရိုက်အရာ “ဆက်ခံသူ” မှ ပြောင်းလဲသွားခြင်း

++++++++++++++++++++++++++

ထရန့်၏ပထမသက်တမ်းကုန်ဆုံးခါနီးတွင် အီဗန်ကာသည် သူမ၏ဖခင်နှင့်လိုက်လျောညီထွေစွာ “ပါတီမူဝါဒအရ စစ်ဆေးမှုများ” ကို ပြစ်တင်ရှုတ်ချခြင်းဖြင့် အီဗန်ကာသည် ပိုမိုတိုက်ခိုက်သောပုဂ္ဂိုလ်အဖြစ် ပေါ်ထွက်လာခဲ့သည်။ သူမသည် ကိုယ်ဝန်ဖျက်ချခွင့် အခွင့်အရေးတွင်လည်း “တင်းမာသော” သဘောထားရှိသူအဖြစ် ဖော်ပြခံရသည်။

ထိုအချိန်တွင် သတင်းရင်းမြစ်များက သူမသည် အနာဂတ်တွင် သမတအဖြစ် ဝင်ရောက်အရွေးခံရမည်ဟု ခန့်မှန်းထားပြီး ထရန့် မိသားစုနှင့် အတူအလုပ်လုပ်သော သတင်းရင်းမြစ်တစ်ခုက ထရန့်သည် သူ့သမီးကို မိဘအရိုက်အရာ “ဆက်ခံသူ” အဖြစ် ရှုမြင်သည်ဟု ဆိုသည်။

သို့သော် ထရန့်၏ပထမသက်တမ်းအဆုံးသတ်သည် အီဗန်ကာသည် မိသားစုအတွက် လိုအပ်သော အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ အမေရိကန်လွှတ်တော်ကို တိုက်ခိုက်မှုအပြီးတွင် ထရန့်သည် ဝါရှင်တန်မှ နှင်ထုတ်ခံခဲ့ရပြီး ဖလော်ရီဒါသို့ ပြောင်းရွှေ့ခဲ့သည်။

နိုင်ငံရေးမှ ထွက်ခွာရန် အိုင်ဗန်ကာ၏ ဆုံးဖြတ်ချက်သည် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ရင်ဆိုင်ခဲ့ရသော ပိုမိုခက်ခဲသော ကိုယ်ရေးကိုယ်တာ ဖြစ်ရပ်များကြောင့်လည်း ဖြစ်နိုင်သည်။ ၎င်း၏ချစ်လှစွာသောမိခင် အီဗန်နာထရန့်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နယူးယောက်စီးတီးရှိ သူမ၏နေအိမ်တွင်ရုတ်တရက်သေဆုံးသွားခဲ့သည်။

သူမ၏ခင်ပွန်းကွပ်ရှနာသည် ကျန်းမာရေးပြဿနာများရှိနေပြီး သိုင်းရွိုက်ကင်ဆာအတွက် ခွဲစိတ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် သူမ၏မိသားစုသည် ဖလော်ရီဒါပြည်နယ် မိုင်ယာမီသို့ ပြောင်းရွှေ့လာချိန်မှစ၍ အီဗန်ကာသည် လူအများသိထားသည့် ရန်လိုသူအဖြစ်မှ သဘောထားပျော့ပြောင်းသူအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်ဟု သူမသူငယ်ချင်းများက ပြောသည်။

အီဗန်ကာသည် နိုင်ငံရေးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည့် သူမ၏ဆုံးဖြတ်ချက်အတွက် တည်တည်ငြိမ်ငြိမ် ရှိနေပြီး သူမ၏ မိသားစု၊ ကိုယ်ရေးကိုယ်တာ ဦးစားပေးမှုနှင့် စိတ်ဝင်စားမှုအသစ်များကို ပြုလုပ်နေကြောင်း သူငယ်ချင်းများက CNN သို့ ပြောကြားခဲ့သည်။

အီဗန်ကာ၏ လူမှုမီဒီယာစာမျက်နှာများတွင် သူမသည် သူမ၏မိသားစုနှင့်အတူ ဥယျာဉ်ခြံလုပ်ခြင်း၊ jiu-jitsu ကိုယ်ခံပညာနှင့် လှိုင်းစီးခြင်းတို့ကို သင်ယူခြင်းနှင့် board games များကစားသည့် ဓာတ်ပုံများနှင့် ပြည့်နှက်နေသည်။

နောက် ၄ နှစ်ခန့်မှန်းချက်

+++++++++++++

အီဗန်ကာနှင့် နီးစပ်သော သတင်းရင်းမြစ်များက လက်ရှိတွင် နိုင်ငံရေးလောကသို့ သူမ ပြန်လည်ဝင်ရောက်လာမည် မဟုတ်သော်လည်း အီဗန်ကာသည် သူမ၏ဖခင် ဒုတိယသက်တမ်းအတွင်း နည်းလမ်းသစ်များဖြင့် သြဇာလွှမ်းမိုးနိုင်ဖွယ်ရှိကြောင်း သိရသည်။ အထူးသဖြင့် အကျိုးအမြတ် မယူသောကဏ္ဍတွင် ဖြစ်နိုင်ဖွယ်ရှိသည်။ သူမသည် စားနပ်ရိက္ခာ မလုံလောက်မှု၊ လယ်သမား ထောက်ပံ့မှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတို့တွင် အာရုံစိုက်လာနိုင်ဖွယ်ရှိသည်။

ယခုအခါ သူမသည် သူမ ပါဝင်သည့်အသိုင်းအဝိုင်းကို အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု ဖြစ်စေရန်အတွက် သူမ၏ သြဇာကို အသုံးပြုရန် ရွေးချယ်နေပြီး” “အဲ့ဒီလို သူမရဲ့ သြဇာလွှမ်းမိုးမှုကို လိုအပ်သလို အသုံးချသွားပြီး သူမရဲ့ ကလေးတွေနဲ့ ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ဦးစားပေးဖို့ အချိန်ရလိမ့်မယ်လို့ သူမ မျှော်လင့်နေတယ်။” ဟု သတင်းရင်းမြစ်က ဆိုပါသည်။

အီဗန်ကာသည် ဟာဝိုင်အီ တောမီးလောင်မှုနှင့် မြောက်ကာရိုလိုင်းနားတွင် ဟာရီကိန်းကြောင့် ဘေးဒဏ်သင့်သူများကို ကူညီပံ့ပိုးခြင်း၊ ပိုလန်သို့ ရွှေ့ပြောင်းခဲ့ရသည့် ယူကရိန်းနိုင်ငံသားများကို ကူညီပံ့ပိုးခြင်းများ ပြုလုပ်ခဲ့သည်။ သူမသည် ဒေသတွင်း စားနပ်ရိက္ခာ အကူအညီပေးရေးဂေဟာများတွင်လည်း ကူညီပေးလျက်ရှိသည်။

သတင်းရင်းမြစ်။ CNN

ဓာတ်ပုံ။

အီဗန်ကာထရန့်/CNN

သူမ၏ခင်ပွန်းနှင့် ၎င်းတို့၏ ကလေးများကို သူမမိခင် အီဗန်နာထရန့်၏ဈာပနတွင်တွေ့ရစဉ်/၂၀၂၂ ခုနှစ်၊ ဇူလိုင်က၊ နယူးယောက်မြို့ /John Lamparski/ Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက