နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံတွင်မွေးဖွားပါက နိုင်ငံသားဖြစ်ခွင့်ပေးခြင်းကို အဆုံးသတ်ရန် ထရန့်အဖွဲ့ စီစဥ်ဆောက်ရွက်လျက်ရှိ

ဒီဇင်ဘာလ (၂၃) ရက်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏အဖွဲ့သည် နိုင်ငံတွင်း မွေးဖွားပါက နိုင်ငံသားဖြစ်ခွင့်ပေးခြင်းကို အဆုံးသတ်ရန် ကတိကဝတ် ပြုထားသည့်အတိုင်း ရွေးစရာ အများအပြားကို အကဲဖြတ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းကို ရင်းနှီးသော သတင်းရင်းမြစ်နှစ်ခုအရ သိရှိရသည်။ တရားရုံးချုပ်သည် ထိုကိစ္စကို နောက်ဆုံးတွင် အဆုံးအဖြတ်ပေးရမည်ဟု မျှော်လင့်ထားပြီး တရားဥပဒေဆိုင်ရာ အခြေအတင်အပြန်အလှန် ငြင်းခုံလျှောက်လဲကြရမည့်ကိစ္စတစ်ရပ်ကို စတင်ရန် တာစူနေသည်။

ထရန့် သည် အခြေခံဥပဒေ အရ ၁၄ ကြိမ်မြောက် ပြင်ဆင်ချက်ဖြင့် ကာကွယ်ထားသည့် မွေးရာပါနိုင်ငံသား ဖြစ်ခွင့်ကို နှစ်ပေါင်းများစွာ ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းအား တားမြစ်ရန် သူ၏သမတအာဏာကို အသုံးပြုမည်ဟု အကြံပြုပြောကြားခဲ့သည်။

“ကျွန်တော်တို့က အဲဒါကို ပြောင်းရမယ် ဒါမှမဟုတ် လူတွေဆီက သဘောထားယူဖို့ ပြန်သွားချင်သွားရလိမ့်မယ်၊ ဒါပေမယ့် အဲဒါကို အဆုံးသတ်ရမယ်။ ဒီလိုအခွင့်အ‌ရေးပေးထားတာ ကမ္ဘာမှာ ငါတို့နိုင်ငံတခုပဲ ရှိတယ်” ဟု ထရမ့်က ယခင်က သူပြောခဲ့သည့် လွဲမှားသော ထုတ်ပြန်ချက်တစ်ခုကို ပဲ့တင်ထပ်ကာ NBC ၏ ခရစ်တင်း ဝဲလ်ကာ(Kristen Welker) သို့ ပြောကြားခဲ့သည်။

“ဖြစ်နိုင်ရင် အုပ်ချုပ်ရေးပိုင်းကနေပြီးတော့ ဆောင်ရွက်မယ်။ ကျွန်တော်က အဲဒါကို သမတလုပ်ပိုင်ခွင့်အနေနဲ့ လုပ်ဆောင်သွားမှာပါ၊ ဒါပေမယ့် ခင်ဗျားကို ရိုးသားစွာ ပြောရရင် ကိုဗစ် (Covid) ကို အရင်ရှင်းလင်းရမယ်။”

သီးသန့်အနေနှင့် ၎င်း၏မဟာမိတ်များသည် ထိုကိစ္စကိုအကောင်အထည်ဖော်ရန်အတွက် နိုင်ငံခြားရေးဌာနကို အထောက်အထား စာရွက်စာတမ်းမရှိသောမိဘများနှင့် ကလေးများအား နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း မပြုရန် ညွှန်ကြားခြင်းနှင့် “အမေရိကန်နိုင်ငံသို့ ကလေးမွေးရန် ကမ္ဘာလှည့်ခရီးသည်အဖြစ် လာရောက်သည့်သူများ” ကို ပိတ်ပင်ရန် ခရီးသွားဗီဇာလိုအပ်ချက်များကို တင်းကျပ်ခြင်းအပါအဝင် ၎င်းတို့ကိုလုပ်ဆောင်ရန် မဟာဗျူဟာများကို တီထွင်ကြံဆနေကြောင်း စီမံကိန်းနှင့်ရင်းနှီးသော သတင်းရင်းမြစ်နှစ်ခုအရ သိရသည်။

ထရန့် မဟာမိတ်များကြားတွင် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို တင်းကျပ်ရန် ရွေးချယ်စရာများစွာကို တွေးဆနေပြီး မည်သည့်လုပ်ရပ်မဆို တရားဥပဒေအရ စိန်ခေါ်ခံရနိုင်ဖွယ်ရှိပြီး နောက်ဆုံးတွင် တရားရုံးချုပ်ရှေ့မှောက်သို့ အဆုံးအဖြတ်ပေးရန် ရောက်ရှိသွားနိုင်ကြောင်း သိရှိထားသည်။

“တရားဝင်တိုက်ပွဲဖြစ်ဖို့ တစ်ခုခုကိုတော့ စတင်ရမှာပဲ” ဟု သတင်းရင်းမြစ်များထဲမှတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ထရန့်အစိုးရ အသွင်ကူးပြောင်းမှုကို မှတ်ချက်ပေးရန် မေးသောအခါတွင် ထရန့် ပြောကြားခဲ့သော မှတ်ချက်များကို ဝဲလ်ကာအား ထောက်ပြခဲ့သည်။

၁၄ ကြိမ်မြောက် ပြင်ဆင်ချက်သည် အဓိပ္ပာယ်လွဲမှားနေပြီး အမေရိကန်တွင် မွေးဖွားသည့် ကလေးများနှင့် သူတို့၏အထောက်အထားမဲ့ မိဘများအတွက် (၁၄ ကြိမ်မြောက် ပြင်ဆင်ချက်သည်) မသက်ဆိုင်ကြောင်း ထရန့်မဟာမိတ်များက ငြင်းခုံကြသည်။ အချို့သော လူဝင်မှုကြီးကြပ်ရေး သဘောထားတင်းမာသူအချို့က အထောက်အထားမဲ့ ရွှေ့ပြောင်း နေထိုင်သူများ၏ ကလေးများသည် အမေရိကန်၏ “တရားစီရင် ပိုင်ခွင့်အာဏာ” နှင့် မသက်ဆိုင်သလို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားအဖြစ် မသတ်မှတ်သင့်ကြောင်း ငြင်းခုံကြသည်။

အမေရိကန် အိမ်နီးချင်း ကနေဒါနှင့် မက္ကဆီကိုနှင့် တောင်အမေရိက နိုင်ငံအများစု အပါအဝင် နိုင်ငံပေါင်း သုံးဒါဇင်ခန့်သည် ၎င်းတို့၏ နိုင်ငံမြေပေါ်တွင် မွေးဖွားသူများကို အလိုအလျောက် နိုင်ငံသားဖြစ်ခွင့် ပေးထားသည်။ Pew သုတေသနစင်တာ၏အဆိုအရ အထောက်အထားမဲ့ မိဘနှင့်အတူနေထိုင်သော ၁၈ နှစ်အောက်အမေရိကန်မွေးဖွားသည့်ကလေး ၄.၄ သန်းခန့်ရှိ သည်။

“ဒါက စပါးကျီမီးလောင်နေတဲ့ အရေးပေါ်ကိစ္စ မဟုတ်ပါဘူး။ ဒါကို ပထမနှစ် အတွင်း ပြီးအောင်လုပ်ဖို့ မလိုပါဘူး၊ သူတို့ တရားရုံးချုပ်ကို သွားရမယ်ဆိုတာ သူတို့သိပြီးသားဖြစ်ပြီး သူတို့က ဒီအမှုကို နည်းလမ်းတကျလုပ်မှာပါ” ဟု ရင်းနှီးသော အခြားသတင်းရင်းမြစ်တစ်ခုက ဆိုသည်။

ဥပဒေကြောင်းအရ တိုက်ပွဲသည် ရှောင်လွှဲ၍မရသော်လည်း ထိုသို့သောစိန်ခေါ်မှုကို တရားရုံးချုပ်က လက်ခံကြားနာမည်ဆိုသည်ကို အာမ မခံထားဘဲ မွေးရာပါနိုင်ငံသားဖြစ်ခွင့်၏ အဓိပ္ပာယ်နှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုမရှိပါက အထက်တရားရုံးသည် ထိုသို့လုပ်ဆောင်ရန် သဘောထားရှိဖို့နည်းပါးသည်။

သို့သော် ထရန့် အစိုးရက အဆိုပါ အငြင်းပွားမှုကို တရားရုံး၏ အရေးပေါ်စာရင်းသို့ ယူဆောင်လာကာ အောက်တရားရုံးအမိန့်ကို ရပ်တန့်ရန် အထက်တရားရုံးကို တောင်းဆိုပြီး ပေါ်လစီကို ပိတ်ပင်ပါက တရားသူကြီးသည် အရေးယူဆောင်ရွက်ရမည် ဖြစ်ပါသည်။

အကယ်၍ တရားရုံးချုပ်သည် အဆိုပါအမှုကို အပြည့်အဝပြန်လည်သုံးသပ်ပါက၊ ၎င်းအစား မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အာမခံသည့်ဥပဒေအပေါ်အခြေခံ၍ ထရန့်အား ဗဟိုဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ မေးခွန်းများကို ပြန်လှန်မေးမြန်းခြင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။

“ဖြစ်နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး၊ ဒါပေမယ့် သူတို့လိုချင်ရင် အဲဒါက ချဉ်းကပ်လမ်းတစ်ခုပါပဲ” ဟု ဂျော့တောင်းတက္ကသိုလ်ဥပဒေစင်တာ (Georgetown University Law Center) မှ CNN ဥပဒေရေးရာ လေ့လာသုံးသပ်သူနှင့် ပါမောက္ခ စတီဗ် ဗယ်ဒက် (Steve Vladeck) က ပြောကြားခဲ့သည်။

မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်ရန် ထရန့် အဖွဲ့မှဗျူဟာချလုပ်နေခြင်းအတွက် ထိုလုပ်ဆောင်မှုကို တရားရုံးတွင် စိန်ခေါ်မည့်သူများကလည်း ကိုက်ညီသည့် ပြင်ဆင်မှုများကို ဆောင်ရွက်နေကြသည်။

“တရားစွဲဖို့ ကျွန်တော်တို့ မျှော်လင့်ထားပြီး တခြားသူတွေလည်း ပါမှာပါ” ဟု ACLU ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေး ပရောဂျက်၏ လက်ထောက် ဒါရိုက်တာ ကိုဒီ ဝုဖ်ဆေး(Cody Wofsy) က ပြောကြားခဲ့သည်။ “ဒီအခြေအနေမှာ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို အရမ်းအာရုံစိုက်ထားပြီး ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။”

မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အတည်ပြုခြင်းကိစ္စအား ထောက်ခံခြင်းသည် “အမေရိကန်တွင် မွေးဖွားသူ သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအားလုံးသည် အမေရိကန် ပြည်ထောင်စု၏ နိုင်ငံသားများဖြစ်သည်” ဟုဖော်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ၁၄ ကြိမ်မြောက် ပြင်ဆင်ချက်တွင် ပါရှိသည်။

နှစ်ရှည်လများ တရားရုံးချုပ် စီရင်ထုံးများသည် တက်လာသည့် ထရန့်အစိုးရအတွက် အဓိက အတားအဆီးတစ်ခုလည်း ဖြစ်သည်။ ၁၈၉၈ ခုနှစ် တရားရုံးချုပ်၏ စီရင်ချက်တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများမှ မွေးဖွားလာသော ကလေးများအတွက် ပြင်ဆင်ချက်သည် မိဘများ နိုင်ငံသားမဟုတ်သည့် အမေရိကန်မြေတွင် မွေးဖွားသူများကို ဆိုင်းငံ့ထားခဲ့ပြီး ၁၉၈၂ အမှုတွဲတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများမှ မွေးဖွားလာသော ကလေးများလည်း သက်ဆိုင်အကျုံးဝင်ကြောင်း ရှင်းလင်းထားသည်။

“သမိုင်းက ရှင်းပါတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ရှင်းပါတယ်။ ကာလရှည်ကြာ စံနှုန်းက ရှင်းပါတယ်” ဟု ဝုဖ်ဆေး (Wofsy) က ပြောကြားခဲ့သည်။ “ဒါကြောင့် အဆုံးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ကြီးစိုးပြီး ဒီမှာမွေးတဲ့သူတွေကို အမေရိကန် နိုင်ငံသားအဖြစ် ဆက်လက်အသိအမှတ်ပြုခံရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။”

ဒီမိုကရက်တစ် ရှေ့နေချုပ်များသည်လည်း တိုက်ပွဲဝင်ရန် စိတ်အားထက်သန်နေကြသည်။

နယူးဂျာစီရှေ့နေချုပ် မက်သရူး ပလပ်ကင် (Matthew Platkin) က ဖီလာဒဲလ်ဖီးယားတွင် မွေးဖွားခဲ့သော တရုတ်ရွှေ့ပြောင်းနေထိုင်သူ၏သမီးဖြစ်သူ ၎င်း၏ဇနီးဖြစ်သူသည် အဆိုပြုချက်အပေါ် မည်သို့အကျိုးသက်ရောက်နိုင်သည်ကို ထောက်ပြခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေချုပ် ရော့ဘ်ဘွန်တာ (Rob Bonta) က ထရန့်၏ အခွင့်အရေးကို အဆုံးသတ်ရန် ငြင်းဆိုချက်များသည် “သာမန်ထက်သာလွန်သော အစွန်းရောက် အငြင်းပွားမှုအမျိုးအစား” သည် “အောင်မြင်မည်မဟုတ်” ဟုပြောကြားခဲ့သည်။

“အမေရိကန်နိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် သူ့ကို တရားရုံးမှာ သေချာပေါက် တရားစွဲမှာပါ” ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။

ကိုယ်ဝန်ဖျက်ချခွင့် သို့မဟုတ် စည်းမျဉ်းစည်းကမ်းအာဏာကဲ့သို့သော အခြားကိစ္စရပ်များတွင် ကာလရှည်ကြာ စံနှုန်းများကို ပယ်ဖျက်လိုကြောင်း ပြသသည့်လက်ယာဖက်ယိမ်း တရားရုံးချုပ်တွင်ပင် မွေးရာပါနိုင်ငံသားဖြစ်ခွင့် ဆက်လက်ရှိနေမည်ဟု ဥပဒေကျွမ်းကျင်သူများက ယုံကြည်ကြသည်။

ကယ်လီဖိုးနီးယားတက္ကသိုလ်၊ လော့စ်အိန်ဂျလိစ် ဥပဒေကျောင်းမှ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာပညာရှင် ဟီရိုရှီ မိုတိုမူရာ (Hiroshi Motomura) က ၁၈၉၈ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ စီရင်ချက်ကို တရားရုံးချုပ်က ပယ်ချခြင်းသည် ကွန်ဆာဗေးတစ်အများစုက Roe v. Wade ကဲ့သို့သောဆုံးဖြတ်ချက်ကို ပြန်လှန်ပစ်ပုံထက် “အတော်လေးကွာခြားပြီး” ပို၍ အစွန်းရောက်သည်ဟု ဆိုသည်။

“နိုင်ငံတော်အနေနဲ့ သူ့ကိုယ်သူ ဘယ်လိုမြင်သလဲ၊ ဒီမိုကရေစီနိုင်ငံအဖြစ် သူ့ကိုယ်သူ ဘယ်လိုသတ်မှတ်တယ်ဆိုတာ တကယ်ပဲ သက်ဆိုင်ပါတယ်” “၁၄ ကြိမ်မြောက် ပြင်ဆင်ချက်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်းကနေ ထွက်ပေါ်လာပြီး နိုင်ငံကို လူဦးရေတိုးပွားစေဖို့နဲ့ အခြေချနေထိုင်ဖို့ အသိအမှတ်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ မွေးဖွားသူတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ လိုတယ်။” ဟု မိုတိုမူရာက CNN သို့ ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက