နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဖမ်းဆီးခံဓားစာခံများ လွတ်မြောက်ရေးအတွက် အစ္စရေးက ၂ လကြာ တိုက်ပွဲများ ခေတ္တရပ်ရန် အဆိုပြု

ဇန်နဝါရီလ (၂၃) ရက်။

ကျန်နေသေးသည့် ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရန် အစ္စရေးက ဟားမတ်စ်အဖွဲ့ကို သူတို့၏ တိုက်ခိုက်မှုများကို နှစ်လ ခေတ္တရပ်ထားဖို့ အဆိုပြုချက်အသစ်ကို အစ္စရေးက ပေးထားသည်ဟု အမေရိကန် သတင်းဝက်ဘ်ဆိုက်တစ်ခုက ပြောပါသည်။ အစ္စရေးအရာရှိများကို ကိုးကား၍ Axios သတင်းဌာနသည် ကာတာနှင့် အီဂျစ်နိုင်ငံတို့က ကြားဝင်ဖျန်ဖြေမှုမှတစ်ဆင့် ပြုလုပ်ခဲ့သည့် အဆိုပြုချက်ကို တနင်္လာနေ့တွင် တင်ပြခဲ့သည်ဟု ဖော်ပြထားပါသည်။

အဆိုပြုထားသည့် သဘောတူညီချက်တွင် ဟားမတ်စ်သည် ပထမအဆင့်တွင် စိုးရိမ်ရသည့် ကျန်းမာရေးအခြေအနေရှိနေသည့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဓားစာခံများကို လွှတ်ပေးမည်ဖြစ်သည်။ ထို့နောက် စစ်သားများအပါအဝင် အခြားသော ဓားစာခံများကို အဆင့်လိုက် လွှတ်ပေးမည်ဖြစ်သည်။ ကျန်ရှိသော ဓားစာခံများအားလုံး လွတ်မြောက်လာသည်အထိ တိုက်ပွဲများကို နှစ်လအထိ ရပ်ဆိုင်းထားမည်ဖြစ်သည်။ အဆိုပါ အဆိုပြုချက်ကို နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အစိုးရအဖွဲ့က လွန်ခဲ့သည့် ၁၀ ရက်က အတည်ပြုခဲ့ကြောင်း အစ္စရေး တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

သို့ရာတွင် စစ်ပွဲအဆုံးသတ်ရန် အစ္စရေးက သဘောတူမည်မဟုတ်ကြောင်းနှင့် အစ္စရေးအကျဉ်းထောင်များရှိ ထိန်းသိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသား ၆၀၀၀ အားလုံးကို လွှတ်ပေးရန် သဘောတူမည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးများသည် နှစ်လကြာရပ်နားပြီးနောက်တွင် တိုက်ခိုက်မှု အတိုင်းအတာနှင့် ပြင်းထန်မှုမှာ သိသိသာသာ လျော့ကျသွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ Axios သတင်းဌာနက ဓားစာခံလွတ်မြောက်ရေး သဘောတူညီချက်အတွက် အဆိုပြုချက်အသစ်၏ ကန့်သတ်ချက်များသည် “ယခင်ဟားမတ်စ်မှ ပယ်ချခဲ့သည့် အဆိုပြုချက်များနှင့် ခြားနားပြီး ရှေ့သို့ ပိုမိုတိုးတက်စေလိုသည့်အဆိုပြုချက်” ဖြစ်သည်ဟု Axios သတင်းဌာနက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 34 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ