ဇန်နဝါရီလ (၂၄)ရက်။
ဇန်နဝါရီလ (၂၃)ရက်နေ့ နံနက်(၁၀)နာရီခန့်က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ မင်းလှ-စိန်ကန့်လန့်လမ်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပဲခူးတိုင်း-PDF ထံက သိရပါတယ်။
မင်းလှ-စိန်ကန့်လန့်လမ်းမှာ ပဲခူးခရိုင်တပ်ရင်း (၃၇၀၁)၊ တပ်ခွဲ(၅) (Dike-U Defence Force)က နယ်မြေစိုးမိုးရေးအတွက် ရှောင်တခင် စစ်ဆေးနေချိန် စစ်ကောင်စီရဲ့ စစ်ကား(၂)စီး တက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို ဆိုပါတယ်။
အဲ့ဒီထိတွေ့တိုက်ပွဲဟာ (၁)နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က (၅)ဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူတွေကို ကားပေါ်ဆွဲတင်ပြီး တောင်ငူဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အင်အား(၂၀)ခန့်နဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုတင်ပြင်ဆင်ထားရှိမှုနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အထိအခိုက်မရှိခဲ့ဘူးလို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိ/မရှိကိုတော့ အတည်ပြုနိုင်တာမရှိဘူးလို့ ပဲခူးတိုင်း-PDF ရဲ့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။