နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို မီးရှို့ဖျက်ဆီးနေကာ (၈၀)ရာခိုင်နှုန်းအထိ ပျက်စီးနေပြီဖြစ်

ဖေဖော်ဝါရီလ (၂၄)ရက်။

စစ်ကောင်စီဟာ ကောလင်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်းမှာ မြို့ပေါ်က ရပ်ကွက်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ Kawlin Revolution-KR ရဲ့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကောလင်းမှာ စကစက အပြည့်အ၀ထိန်းချုပ်ပြီးနောက်ပိုင်းမှာ မြို့ပေါ်ရပ်ကွက်တွေကို မီးရှို့ဖျက်‌ဆီးနေတာပါ။ မြို့က ဘယ်လောက်အထိ ပျက်စီးသွားပြီလဲဆိုရင် နောက်ဆုံးရထားတဲ့သတင်းအရ (၈၀)ရာခိုင်နှုန်း ပျက်စီးနေပြီး အကုန်လုံးနီးပါး ပြာကျနေပြီ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ကစပြီး ကောလင်းမြို့ကို အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်း မြို့ပေါ်ရှိ ရပ်ကွက်(၈)ခုကို မီးရှို့ဖျက်ဆီးနေသလို မြို့ပတ်ပတ်လည်က အကာအရံတွေကိုလဲ မီးရှို့ဖျက်ဆီးနေတယ်လို့ ဖော်ပြထားပါတယ်။

“ သူတို့ရည်ရွယ်ချက်က မြို့ကို ဂုဏ်သိက္ခာအရ ပြန်ယူတယ်၊ ခံစစ်ပြင်တယ်၊ အခိုင်အမာရှိတဲ့ အထပ်မြင့်တိုက်တွေကို အမာခံယူပြီး သူတို့ယူထားတဲ့ နေရာတွေကို မြင်ကွင်းဖုံးနေတဲ့ နေရာတွေကို အကုန်ဖျက်ဆီးတယ်” လို့ KR က ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့ပြင် ကောလင်းမြို့အနီး၀န်းကျင်ရှိ ကျွန်းလှခုံ၊ခွင့်တောင်း၊လက္ပံကွေ့၊ ကျူတော၊ ရွာမ၊ စံတော်ရာကုန်း၊ ဆေးမင်းခုံ၊ ဆိုင်ဒူး၊ ဝါးရုံခုံနဲ့ ဇီးခုံသည်ရွာတွေဟာ မီးလောင်ထားတဲ့ရွာတွေဖြစ်တယ်လို့ ရေးသားထားပါတယ်။

မီးလောင်ထားတဲ့ ရွာတွေအပါအ၀င် စစ်ဘေးတိမ်းရှောင်နေရတဲ့ရွာ (၂၅)ရွာရှိပြီး မြို့ပေါ်ပြည်သူတွေအပါအ၀င် စစ်ဘေးရှောင်ပြည်သူ (၂၅၀၀၀)၀န်းကျင်ခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံပြည်သူတွေဟာ ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး စစ်ဘေးရှောင်နေတာ (၂၃)ရက်အထိရှိပြီဖြစ်သလို လမ်းကြောပိတ်ဆို့တာတွေကြောင့် စားနပ်ရိက္ခာအခက်အခဲတွေရှိနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမော်မှာ စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 19 Views
မေလ (၂၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ဗန်းမော်မြိုကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲတွေက ပစ်ချနိုင်ခဲ့တယ်လို မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 20 Views
မေလ (၂၀)ရက်။ စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ “
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်း‌တွေဖွင့်လှစ်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 15 Views
မေလ (၂၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းတွေကို စတင်ဖွင့်လှစ်ခဲ့တယ်လို စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲတွေကို စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာ ကျင်းပပြုလုပ်ခဲ့တာလို ဆိုပါတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ ကာ/လုံအဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 17 Views
မေလ (၂၀)ရက်။ ရွေးကောက်ပွဲကျင်းပဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)ရဲ့ အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဥပဒေတွေကို ချိန်ထိုးကြည့်ရာမှာ ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်တာကို တွေ့ရကြောင်း၊
မြန်မာသတင်း

ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ မော်ဖိုးကေစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 22 Views
မေလ (၂၀)ရက်။ မနေ့က ညပိုင်းအချိန်က ဘားအံခရိုင် ‌ပိုင်ကျုံမြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ မော်ဖိုးကေစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မော်ဖိုးကေတပ်စခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးကျော်ခန့်သာရှိပြီး စတင်တိုက်ခိုက်ခံရတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်တွေကို
မြန်မာသတင်း အာရှ

တမူးမှာ ခရိုင်ပကဖအဖွဲ့ဝင်တွေ ကျဆုံးခဲ့တဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 28 Views
မေလ (၁၉)ရက်။ မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင်ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ “ တမူးမြို့အနီး ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့ကိစ္စနဲ့ပက်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေအနေနဲ့
မြန်မာသတင်း

ရန်ကုန် စမ်းချောင်းမြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 16 Views
မေလ (၁၉)ရက်။ ဒီကနေ့ နေ့လယ် (၁၁)နာရီ (၅၀)မိနစ်အချိန်က စမ်းချောင်းမြို့ တောင်ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ The Bloodline ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၁)နာရီ
မြန်မာသတင်း

တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီရဲ့လေယာဉ် (၃)စီး ပျက်စီးခဲ့ပြီး ဒုဗိုလ်မှူးကြီးအဆင့် (၂)ဦးအပါအဝင် (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 25 Views
မေလ (၁၉)ရက်။ စစ်ကောင်စီရဲ့ တောင်ငူရှိ ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက်ပျက်စီးတဲ့ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို BWM နဲ့