နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

အကြမ်းဖက်သေနတ်သမား (၄)ဦးကို ရုရှားအာဏာပိုင်များဖမ်းဆီးစစ်ဆေးနေ

ရုရှားနိုင်ငံ မော်စကိုမြို့က ဖျော်ဖြေပွဲရုံအတွင်း လူပေါင်း 100 ကျော်သေဆုံးကာ ဒါဇင်နဲ့ချီဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်မှာ သေနတ်သမား ၄ ဦးအပါအဝင် လူအများအပြားကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကရင်မလင်နန်းတော်က ထုတ်ပြန်ကြေညာပါတယ်။

ရုရှားနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ကြာသတေးနေက ဖြစ်စဉ်ဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ အစ္စလာမ်မစ်စစ်သွေးကြွ (IS) အဖွဲ့က ဝန်ခံပြောဆိုထားပါတယ်။ အဲဒီဖြစ်စဉ်မှာ ယူကရိန်းနဲ့ ချိတ်ဆက်မှုရှိနေလိမ့်မယ်လို့ ရုရှားအာဏာပိုင်တချို့က စွပ်စွဲပြောဆိုခဲ့ပေမယ့် ယူကရိန်းသမ္မတအကြံပေး မီဟိုင်းလို ပိုဒိုယက်ခ်ကတော့ အကြမ်းဖက်တိုက်ခိုက်မှုဟာ မိမိတို့နဲ့ လုံး၀ သက်ဆိုင်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ရုရှားလုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ FSB ကတော့ အခုဖမ်းဆီးထားတဲ့ အကြမ်းဖက်သမား ၄ ဦးကို ယူကရိန်းနယ်စပ်ဘက် သွားနေချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်လို့ ယူကရိန်းမှာ သူတို့နဲ့ အဆက်အသွယ်တွေ ရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။ လက်ရှိအချိန်ထိ ရုရှားအာဏာပိုင်တွေဟာ အကြမ်းဖက်သမားတွေနဲ့ ယူကရိန်းဆက်နွယ်မှုရှိတယ်ဆိုတဲ့ အထောက်အထားတစုံတရာ ပြသနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက်သမား ၄ ဦးကိုတော့ မော်စကိုမြို့ကို လွှဲပြောင်းပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုဟာ မော်စကိုမြို့အနောက်ဘက်က ဆိုဗီယက်ခေတ်ရော့ဂီတအဖွဲ့ဖြစ်တဲ့ Picnic အဖွဲ့ ဖျော်ဖြေပွဲ ကျင်းပမယ့် Crocus City Hall မှာ ဖြစ်ပွါးခဲ့တာပါ။ ထွက်ပေါ်လာခဲ့တဲ့ဗီဒီယိုသက်သေတွေမှာတော့ သူတို့စက်သေနတ်တွေနဲ့ လူတွေကို လိုက်ပစ်နေတယ်လို့ ပြောသံကို ကြားနေရပါတယ်။

ရုရှားစုံစ့မ်းထောက်လှမ်းရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်သမားတွေဟာ ကွယ်ဝှက်သယ်ဆောင်လာတဲ့ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် အချို့က သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ကြပြီး အချို့ကတော့ အဆောက်အဦအတွင်း မီးလောင်မှုကြောင့် သေဆုံးခဲ့ကြရတာဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေကို သောကြာနေ့မှာ မော်စကိုမြို့အနောက်တောင်ဘက် မိုင် 200 ကျော်အကွာက ဘရိုယန့်ဒေသမှာ တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က တားဆီးခဲ့ပေမယ့် ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။

အကြမ်းဖက်သမားတွေဟာ တာဂျစ်ကစ္စတန်နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ထားကြပြီး သူတို့မှာ ပစ္စတိုတစ်လက်၊ မောင်းပြန်ရိုင်ဖယ်တစ်လက်နဲ့ ကျည်အိမ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမေရိကန်အရာရှိတစ်ဦးကတော့ သောကြာနေ့က တိုက်ခိုက်မှုဖြစ်စဉ်က IS အဖွဲ့ မှာ တာဝန်အပြည့်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ မကြာသေးခင် ရက်သတ္တပတ်တွေက မော်စကိုကို တိုက်ခိုက်မှုဖြစ်လာနိုင်ခြေရှိနေတယ်လို့ ဝါရှင်တန်က သတိပေးနှိုးဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြောက်ကိုရီးယား ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားတပ်ဖွဲ့တွေ အားကောင်းလာဖို့အတွက် မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၃၀၀၀၀ လောက် စေလွှတ်မယ်လို့ ယူကရိန်းအရာရှိတွေပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 12 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် မြောက်ကိုးရီးယားသည် ယူကရိန်းနှင့် ရှေ့တန်းတလျှောက် ရုရှားအတွက် တိုက်ပွဲဝင်ပေး နေသည့် ၎င်း၏တပ်ဖွဲ့ဝင်အရေအတွက်ကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးက အရှိန်ပြင်းစွာ တိုက်ခိုက်လာတာကြောင့် ဂါဇာမှာ လူအများအပြား သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 10 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက် အစ္စရေး၏ တိုက်ခိုက်မှုများ ပြင်းထန်လာသောကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ကြာသပတေးနေ့တွင် ပါလက်စတိုင်း ၈၀
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ အပါအဝင် ယူကရိန်းသို့ ခဲယမ်းများ တင်ပို့မှု အချို့ကို အမေရိကန်က ခေတ္တ ရပ်ဆိုင်းထားလိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 17 Views
CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂ ရက် စစ်ရေးအသုံးစရိတ်နှင့် ပြည်ပနိုင်ငံများသို့ အမေရိကန်၏ ပံ့ပိုးကူညီမှုများကို ပြန်လည် သုံးသပ်ပြီးနောက် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ အပါအဝင် ယူကရိန်းသို့ လက်နက်တင်ပို့မှုအချို့ကို ခေတ္တရပ်ဆိုင်းထားကြောင်း အိမ်ဖြူတော်မှ အကြီးတန်း အရာရှိ တစ်ဦးက CNN
နိုင်ငံတကာသတင်း အမေရိကန်

ဖလောရီဒါသည် ခိုးဝင်လာသူများကိုထိန်းသိမ်းထားရန်ယာယီထိန်းသိမ်းရေးစခန်းတခုကို အဲဗားဂလိပ်နေရာတွင်ဆောက်လုပ်ထားသည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 17 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် ဖလော်ရီဒါအစိုးရ ရှေ့နေချုပ် ဂျိမ်းစ်အက်မိုင်ယာ (James Uthmeier)က ထိုနေရာကို “မိကျောင်းအယ်ကက်တက်ဇ်” ဟု အမည်ပေးထားပြီး သူက ဘယ်နေရာကိုမှ သွားလို့မရ သလို ဘယ်နေရာမှာမှ ပုန်းအောင်း နေလို့လဲ မရပါဘူး
နိုင်ငံတကာသတင်း အမေရိကန်

ဆီးနိတ်အထက်လွှတ်တော်မှ ထရန့်၏  ကြီးမားသောဥပဒေကြမ်း (megabill) ကိုအတည်ပြု လိုက်သည်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 20 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ၂ရက် ရီပတ်ပလီကင်ပါတီ GOP အထက်လွှတ်တော်အမတ် ရန်းပေါလ်(Rand Paul)၊ သွမ် တီးလ်လစ် (Thom Tillis) နှင့် ဆူဆန် ကောလင်းစ် (Susan Collins) တို့သည် ဒီမိုကရက် အားလုံးနှင့်အတူ “နိုး”
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မဟာမိတ်များက အီလွန်မာ့ခ် ကိုပြန်လည်ရင်ဆိုင်တိုက်ခိုက်ရန်အတွက် နိုင်ငံရေးလှုံဆော်မှုကော်မတီ (super PAC )ကို စတင်ဖွဲ့စည်းလိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 20 Views
CNN – ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် မကြာသေးမီကမှ အစိုးရစွမ်းဆောင်ရည်ထိရောက်မှုဆိုင်ရာဌာန (DOGE) တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့် ၏ အဆိုကို ထောက်ခံသူ ဂျိမ်းစ် ဖစ်ရှ်ဘက် (James Fishback)
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မာ့ခ် သည် ရွေးကောက်ပွဲပြီးနောက်ပိုင်း သူ့ရဲ့ အပြင်းထန်ဆုံး နိုင်ငံရေးအရ ခြိမ်းခြောက်မှုကို ပြုခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 18 Views
CNN  ဇွန် ၃၀ရက် ၊ ၂၀၂၅ သူသည် နိုင်ငံရေးလောကမှ ထွက်ခွာသွားပြီဟု ကြေငြာပြီးနောက် အီလွန်မာ့ခ် သည် နိုင်ငံရေးစက်ဝင်းထဲသို့ ချက်ချင်းပြန်ဝင်လာခဲ့သည်။ တနင်္လာနေ့တွင် အထက်လွှတ်တော်တွင် သမ္မတ ဒေါ်နယ်ထရန့်၏ “ကြီးကျယ် လှပသော ဥပဒေကြမ်း”
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

ဂါဇာစီးတီး ဆိပ်ကမ်းအနီးရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့သည်ဟုဆေးရုံတာဝန်ရှိသူမှပြောကြား။

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 24 Views
CNN- ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ ဂါဇာစီးတီးရှိ ဆိပ်ကမ်းနားရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ရသည်ဟုနယ်မြေရှိ အကြီးဆုံး ဆေးရုံအကြီးအကဲက ဆိုသည်။