နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

အကြမ်းဖက်သေနတ်သမား (၄)ဦးကို ရုရှားအာဏာပိုင်များဖမ်းဆီးစစ်ဆေးနေ

ရုရှားနိုင်ငံ မော်စကိုမြို့က ဖျော်ဖြေပွဲရုံအတွင်း လူပေါင်း 100 ကျော်သေဆုံးကာ ဒါဇင်နဲ့ချီဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်မှာ သေနတ်သမား ၄ ဦးအပါအဝင် လူအများအပြားကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကရင်မလင်နန်းတော်က ထုတ်ပြန်ကြေညာပါတယ်။

ရုရှားနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ကြာသတေးနေက ဖြစ်စဉ်ဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ အစ္စလာမ်မစ်စစ်သွေးကြွ (IS) အဖွဲ့က ဝန်ခံပြောဆိုထားပါတယ်။ အဲဒီဖြစ်စဉ်မှာ ယူကရိန်းနဲ့ ချိတ်ဆက်မှုရှိနေလိမ့်မယ်လို့ ရုရှားအာဏာပိုင်တချို့က စွပ်စွဲပြောဆိုခဲ့ပေမယ့် ယူကရိန်းသမ္မတအကြံပေး မီဟိုင်းလို ပိုဒိုယက်ခ်ကတော့ အကြမ်းဖက်တိုက်ခိုက်မှုဟာ မိမိတို့နဲ့ လုံး၀ သက်ဆိုင်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ရုရှားလုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ FSB ကတော့ အခုဖမ်းဆီးထားတဲ့ အကြမ်းဖက်သမား ၄ ဦးကို ယူကရိန်းနယ်စပ်ဘက် သွားနေချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်လို့ ယူကရိန်းမှာ သူတို့နဲ့ အဆက်အသွယ်တွေ ရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။ လက်ရှိအချိန်ထိ ရုရှားအာဏာပိုင်တွေဟာ အကြမ်းဖက်သမားတွေနဲ့ ယူကရိန်းဆက်နွယ်မှုရှိတယ်ဆိုတဲ့ အထောက်အထားတစုံတရာ ပြသနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက်သမား ၄ ဦးကိုတော့ မော်စကိုမြို့ကို လွှဲပြောင်းပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုဟာ မော်စကိုမြို့အနောက်ဘက်က ဆိုဗီယက်ခေတ်ရော့ဂီတအဖွဲ့ဖြစ်တဲ့ Picnic အဖွဲ့ ဖျော်ဖြေပွဲ ကျင်းပမယ့် Crocus City Hall မှာ ဖြစ်ပွါးခဲ့တာပါ။ ထွက်ပေါ်လာခဲ့တဲ့ဗီဒီယိုသက်သေတွေမှာတော့ သူတို့စက်သေနတ်တွေနဲ့ လူတွေကို လိုက်ပစ်နေတယ်လို့ ပြောသံကို ကြားနေရပါတယ်။

ရုရှားစုံစ့မ်းထောက်လှမ်းရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်သမားတွေဟာ ကွယ်ဝှက်သယ်ဆောင်လာတဲ့ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် အချို့က သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ကြပြီး အချို့ကတော့ အဆောက်အဦအတွင်း မီးလောင်မှုကြောင့် သေဆုံးခဲ့ကြရတာဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေကို သောကြာနေ့မှာ မော်စကိုမြို့အနောက်တောင်ဘက် မိုင် 200 ကျော်အကွာက ဘရိုယန့်ဒေသမှာ တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က တားဆီးခဲ့ပေမယ့် ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။

အကြမ်းဖက်သမားတွေဟာ တာဂျစ်ကစ္စတန်နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ထားကြပြီး သူတို့မှာ ပစ္စတိုတစ်လက်၊ မောင်းပြန်ရိုင်ဖယ်တစ်လက်နဲ့ ကျည်အိမ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမေရိကန်အရာရှိတစ်ဦးကတော့ သောကြာနေ့က တိုက်ခိုက်မှုဖြစ်စဉ်က IS အဖွဲ့ မှာ တာဝန်အပြည့်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ မကြာသေးခင် ရက်သတ္တပတ်တွေက မော်စကိုကို တိုက်ခိုက်မှုဖြစ်လာနိုင်ခြေရှိနေတယ်လို့ ဝါရှင်တန်က သတိပေးနှိုးဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 32 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်