နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးခဲ့တာမှာ အဓိကသတင်းပေးခဲ့သူကို မုံရွာမြို့နယ်-ပလဖက ဖမ်းဆီးအရေးယူ

မေလ (၂၄)ရက်။

မုံရွာပင်မသပိတ်ခေါင်းဆောင်ဖြစ်တဲ့ ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ဖမ်းဆီးတာမှာ အဓိကသတင်းပေးခဲ့တဲ့ ရဲအရာခံ ဝင်းနိုင်ကို မုံရွာမြို့နယ်-ပလဖက ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ အဓိကလက်ထောက်ချသတင်းပေးခဲ့သူ ရဲအရာခံ ဝင်းနိုင်ကို မုံရွာမြို့နယ်-ပလဖက ဒုတာဝန်ခံနဲ့ ရပ်ကျေး-ပလဖ ဒုတာဝန်ခံတို့က မုံရွာမြို့ထဲအထိ ဝင်ရောက်ဖမ်းဆီးအရေးယူလိုက်တာလို့ ဆိုပါတယ်။

သူဟာ ၂၀၁၆ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ အမ်းမြို့ရဲစခန်းမှာ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မန္တလေးခရိုင်ရုံးက မှုခင်းဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာ ဒီကနေ့အထိဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရဲအရာခံ ဝင်းနိုင်က မုံရွာမြို့ပေါ်မှာ ထောက်လှမ်းရေးအနေနဲ့ တာဝန်ယူပြီး သပိတ်စစ်ကြောင်းနဲ့ သပိတ်ခေါင်းဆောင်သတင်းတွေအပါအဝင် တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းတွေကို အရပ်သားအနေနဲ့ ထောက်လှမ်းပြီး မုံရွာခရိုင်ရုံးက ရဲအုပ်ကျော်ကျော်မိုးထံ နေ့တိုင်း တင်ပြရတယ်လို့ သိရပါတယ်။

ဒါ့ပြင် ဝင်းနိုင်ဆိုသူဟာ ရပ်ကွက်ထဲက ငွေကြေးချမ်းသာသူတွေကို သပိတ်အဖွဲ့တွေနဲ့ ပတ်သက်တယ်ဆိုပြီး အကြောင်းပြကာ ဖမ်းဆီးငွေညှစ်တာတွေပြုလုပ်ခဲ့သလို အထက်လူကြီးက ရရှိတဲ့ တန်ဖိုးရဲ့ (၃၀)ရာခိုင်နှုန်းကို ခွဲဝေပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီလို စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး အရပ်သားအနေနဲ့ အသွင်ယူကာ တော်လှန်ရေးအဖွဲ့တွေရဲ့သတင်းနဲ့ ထောက်ပို့လုပ်ကိုင်ပေးတဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးဖို့ဆောင်ရွက်နေတဲ့ ရဲအရာခံ ဝင်းနိုင်ကို မေလ (၁၉)ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာလို့ ပြောဆိုထားပါတယ်။

သူတာဝန်ယူထားတဲ့ ရပ်ကွက်ထဲက ဖမ်းဆီးဖို့ကျန်တဲ့ ငွေကြေးချမ်းသာသူတွေရဲ့ စာရင်းထဲမှာ ချမ်းမြသာစည်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းအောင်၊ ခန့်ညားကုန်စုံဆိုင်ပိုင်ရှင်၊ ဇော်ပရိဘောဂဆိုင်ပိုင်ရှင် ကိုမြင့်ဇော်နဲ့ ထိုက်ဆေးဆိုင်ပိုင်ရှင်တို့ပါဝင်ကာ လုံခြုံရေးသတိနဲ့ နေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ (edited)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 26 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 28 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 30 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 30 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့