နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICJ တွင် အစ္စရေး၏ ရာဖာကို ကျူးကျော်ခြင်းအား ရပ်တန့်ရန် တောင်အာဖရိ တောင်းဆို

မေလ (၂၄) ရက်။

အစ္စရေးနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICJ) တွင် နောက်ထပ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် တောင်အာဖရိကသည် မေလ ၁၀ ရက်က အရေးတကြီး တောင်းဆိုခဲ့သည်။ ယနေ့တွင် တရားရုံးက ဆုံးဖြတ်ချက်ချမှတ်မည် ဖြစ်သည်။ ဂါဇာကမ်းမြောင် တောင်ပိုင်း ရာဖာတွင် အရပ်သားများ၏ အသက်ကို ကာကွယ်ရမည့်အစား အန္တရာယ်ဖြစ်စေရန် အစ္စရေးက အတင်းအကျပ် ရွှေ့ပြောင်းခိုင်းသည်ဟု တောင်အာဖရိက စွပ်စွဲထားသည်။

တောင်အာဖရိက ရှေ့နေတစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ မက်စ်ဒူပလက်စစ် (Max du Plessis) က ရာဖာမှ ပါလက်စတိုင်း ထောင်ပေါင်းများစွာကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းပြီး ဂါဇာမှာရှိသည့် တခြားနေရာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်မြေအဖြစ် အစ္စရေးက သတ်မှတ်ပေးထားခြင်းကို ရှုတ်ချ လိုက်ပါသည်။ အဆိုပါ အရေးယူဆောင်ရွက်မှုများသည် အရပ်သားများ၏ အသက်ကို အကာအကွယ် ပေးခြင်းထက် အန္တရာယ်ဖြစ်စေသည်ဟု ဒူပလက်စစ်က မေလ ၁၆ ရက်က ဟိ့ဂ် The Hague တွင် ပြုလုပ်သည့် ICJ ကြားနာပွဲ၌ ပြောကြားခဲ့သည်။

“လူသားချင်းစာနာထောက်ထားမှုဇုန်လို့ ခေါ်တဲ့နေရာတွေဟာ မလုံခြုံဘူး၊ အဲဒီဇုန်တွေမှာ ပါလက်စတိုင်းတွေကို တိုက်ခိုက်ခဲ့တဲ့ အစ္စရေးတပ်ဖွဲ့တွေကိုပဲ ရဲတွေအဖြစ် နေရာချထားတယ်။” “အစ္စရေးဟာ ဒီတရားရုံးကို အံတုပြီး လူစုလူဝေးရှိတဲ့ ရာဖာကို ချောင်ပိတ်ထောင်ဖမ်း၊ ဝိုင်းရံပြီး ဗုံးကြဲတိုက်ခိုက်တာဟာအင်အားချိ့နဲ့ပြီး ထိခိုက်လွယ်တဲ့ ပါလက်စတိုင်း ၁.၅ သန်းရဲ့ ဘဝလုံခြုံရေးကို ပိုဆိုးစေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ မျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်”

ရာဖာအား အစ္စရေး၏ “ အင်အားအပြည့်အဝဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း” နှင့် ဝင်ရောက်ခွင့်နှင့် ထွက်ခွာခွင့်တို့ကို ပိတ်လှောင်ထားခြင်းဖြင့် “ ဖွတ်ဖွတ်ညက်ညက်ကြေနေပြီဖြစ်သော လူဦးရေအတွက် အသက်ကယ်ဆယ်ပေးရေး အကူအညီအတွက် ပိတ်ပင်တားမြစ်ထားခြင်း” သည် “ လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်” ဖြစ်သည်ဟု ရှေ့နေက စောဒကတက်ကာ အစ္စရေးစစ်တပ်က ချေမှုန်းခဲ့သောမြို့တွင် ပါလက်စတိုင်းတို့၏ “ရုပ်ပိုင်းဆိုင်ရာနှင့် ဇီဝဗေဒဆိုင်ရာ ပျက်စီးမှုများ” အခြေအနေကိုဖြစ်ပေါ်စေပြီး မြို့တော်သည် “တမင်တကာ ခြိမ်းခြောက်မှု” အခြေအနေများ ရှိနေခဲ့သည်။

ICJ ကြားနာမှု

၁၉၄၉ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်း (Genocide Convention) ကို အစ္စရေးနိုင်ငံကချိုးဖောက်ခဲ့ကြောင်း တောင်အာဖရိက၏ စွပ်စွဲချက်ကို အစ္စရေးက “ အခြေအမြစ်မရှိသော” စွပ်စွဲချက်အဖြစ် ငြင်းဆိုထားသည်။ အစ္စရေးသည် အဆိုပါစွပ်စွဲချက်များကို တုံ့ပြန်ခဲ့ပြီး နိုင်ငံတကာဥပဒေအတွက် အစ္စရေးလက်ထောက်ရှေ့နေချုပ် ဂီလတ်နိုအမ် (Gilad Noam) က “ လူမျိုးတုံးသတ်ဖြတ်မှုမဖြစ်ဘဲ ထပ်ခါတလဲလဲ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ငြင်းခုံနေခဲ့ပါသည်။ ထပ်ခါတလဲလဲ လိမ်ညာနေမှုကြောင့် လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်မလာနိုင်ပါ။ လက်နက်ကိုင်ပဋိပက္ခသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် တူညီမှုမရှိဟု နိုအမ်က စောဒကတက်ငြင်းခုံခဲ့သည်။

Judges arrive at the International Court of Justice at the start of a hearing where South Africa requests new emergency measures over Israel’s attacks on Rafah, as part of an ongoing case South Africa filed at the ICJ in December last year accusing Israel of violating the Genocide Convention during its offensive against Palestinians in Gaza, in The Hague, Netherlands May 17, 2024. REUTERS/Yves Herman

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 32 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 25 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ