နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခမ်းတံတားမှာ စစ်ကိုင်းတိုင်းဘက်က NUG ကို အခွန်ဆောင်ပြီး ဝင်လာတဲ့ ကျွန်းသစ်ကားအစီးရေ ၁၀၀၀ နီးပါးပိတ်မိနေ

မေလ (၂၄) ရက်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခမ်းတံတားမှာ စစ်ကိုင်းတိုင်းဘက်က NUG ကို အခွန်ဆောင်ပြီး ဝင်လာတဲ့ ကျွန်းသစ်ကားအစီးရေ ၁၀၀၀ နီးပါးပိတ်မိနေတယ်လို့ ကချင်ဒေသတွင်းသတင်းရင်းမြစ်တခုဖြစ်တဲ့ KNG မှာ မေလ (၂၃) ရက်နေ့က ဖော်ပြထားပါတယ်။

အဲ့ဒီကျွန်းသစ်ကားတွေဟာ ကချင်နဲ့ စစ်ကိုင်းအစပ် စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်နဲ့ ဖောင်းပြင်နယ်ထဲက ဝင်လာတဲ့ကားတွေဖြစ်ပြီး လက်ရှိစင်းခမ်းတံတားမှာ ပိတ်မိနေတာ ဖြစ်တယ်လို့ အင်းတော်နယ်ထဲက သစ်လုပ်ငန်းရှင်တွေနဲ့နီးစပ်တဲ့သူတစ်ဦးဆီက သိရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းကနေထွက်လာတဲ့ ကျွန်းသစ်ကားတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီမှာ တရားဝင်အခွန်ဆောင်ကာ ဖြတ်ကူးလာတဲ့ကားတွေဖြစ်ပြီး လက်ရှိ မံစီနယ်မှာတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပိတ်မိနေတာဖြစ်နိုင်တယ်လို့ စင်းခမ်းကျေးရွာ စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ LPDF တာဝန်ရှိသူတစ်ဦးကပြောတာလို့ ဖော်ပြထားပါတယ်။

စင်းခန်းကျေးရွာထဲက စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ ကာကင်းဂိတ်တွေကို KIA ပူးပေါင်းတပ်က မေလ (၇) ရက်နေ့မှာ သိမ်းလိုက်ပြီးနောက် စင်းခမ်းတံတားကို KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်တာဖြစ်ပြီး အဲ့ဒီသစ်ကား အစီးရေ ၁၀၀၀ နီးပါးဟာ မေလ ၇ ရက်နေ့နောက်ပိုင်း ရောက်လာတဲ့ကားတွေလို့ သိရပါတယ်။

စင်းခန်းကျေးရွာမသိမ်းမီ အချိန်ထိတော့ စစ်ကောင်စီတပ်ဟာ စင်းခမ်းတံတားမှာ ဂိတ်ထိုင်ပြီး သစ်ကားတစ်စီးကို ငွေကျပ် ၄ သိန်း အခွန်ကောက်ခံပြီးဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီကျွန်းသစ်ကားတွေဟာ အင်းတော်၊ ဗန်းမောက်၊ ဖောင်းပြင်နယ်တွေထဲကနေ ဒီဇင်ဘာလလောက်ကတည်းကနေ စုဆောင်းထားတဲ့သစ်တွေဖြစ်ပြီး တရုတ်ပြည်ကို တင်ပို့ရာကနေ ပိတ်မိနေတာလို့ သိရပါတယ်။

အင်းတော်၊ ဗန်းမောက်၊ ဖောင်းပြင်နယ်တွေထဲကနေ ထွက်တဲ့သစ်ကားတွေအများအပြားဟာ NUG အစိုးရအုပ်ချုပ်ရေးစနစ် လည်ပတ်နေတဲ့ စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဖြတ်ပြီး တရုတ်ပြည်ထဲအထိ ဝင်ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

မော်လူးမြို့ကို ဖြတ်ပြီးတရုတ်ပြည်ကိုတင်သွင်းတဲ့လုပ်ငန်းရှင်ကြီးတွေရဲ့သစ်ကားတွေဟာ NUG ဆီ အခွန်ဆောင်ထားတာကြောင့် အဖမ်းအဆီးမရှိ လွတ်ပေးနေတာဖြစ်ပြီး မော်လူးဒေသထဲက အခွန်မဆောင်တဲ့ တနိုင်တပိုင်လုပ်သစ်လုပ်ငန်းရှင်တွေကိုတော့ ဖမ်းဆီးနေရတာကြောင့် လွန်ခဲ့တဲ့လက ပြည်သူအချို့ မော်လူးမြို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ။

စစ်ကိုင်းတိုင်းမှလာသည့် သစ်ကားများ (ပုံဟောင်း)/KNG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 133 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 117 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 100 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို