နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီကို သပိတ်မှောက်ကံဆောင်ဖို့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ တပည့်သံဃာဟောင်းတွေ တိုက်တွန်း

ဇွန်လ (၂၄)ရက်။

စစ်ကောင်စီကို ဘာသာရေးအရ ဆက်ဆံတာမပြုလုပ်ဘဲ သပိတ်မှောက် ကံဆောင်ဖို့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ တပည့်သံဃာဟောင်းတွေက ဒီကနေ့မှာ ထုတ်ပြန်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဘုရားသာသနာကို ဖြိုချပြီး စစ်သာသနာကို တည်ထောင်ဖို့နဲ့ စစ်ကျွန်လူမှုအဖွဲ့အစည်း ထူထောင်ဖို့ အားလုံးကိုဖြိုချဖျက်ဆီးနေတဲ့ စစ်တပ်ရဲ့ အစီအမံကို အချိန်မနှောင်းမီ ပူးပေါင်းပါဝင်ဖို့ အချိန်တန်ပြီလို့ ဆိုပါတယ်။

“ဒီသပိတ်ကံဆောင်တာနဲ့ပတ်သက်ပြီး ပြောစရာဆိုစရာရှိပါက ပြောဆိုနိုင်ပါတယ်…ဘုရား။ ပြောမည်ဆိုမည့် မထေရ်များ မရှိဘဲ ဆိတ်ဆိတ်နေတော်မူကြမယ်ဆိုရင်…ဘုရား တပည့်တော်များ သဘောတူတယ်လို့ သတ်မှတ်ပါတယ်…ဘုရား”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သာသနာတော် အဆုံးအမနဲ့ နှစ်ပေါင်း (၁၀၀)ကျော် ခိုင်မြဲလာခဲ့တဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု လူ့အဖွဲ့အစည်းကနေ စစ်အာဏာရှင် ကြိုးဆွဲရာကရတဲ့ စစ်ကျွန်ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကို ဖော်ဆောင်နေတာကို သတိပြုဖို့ကိုလဲ ရေးသားထားပါတယ်။

စစ်အာဏာရှင်တို့ဟာ သူတို့အလိုကျခိုင်းစေလို့ရမယ့် ဘာသာရေးအဖွဲ့အစည်းတစ်ရပ်(မဘသ)ဆိုတဲ့ သဘောတရားသွတ်သွင်းပြီး ဥစ္စာပစ္စည်းတွေ၊ ငွေကြေးတွေနဲ့ စည်းရုံးနေတာ အချိန်တစ်ခု ကြာခဲ့ပြီဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အင်အားချိနဲ့လာတဲ့ စစ်အာဏာရှင်တို့ဟာ သံဃာအဆောက်အဦကို သူတို့အလိုကျ ကြိုးဆွဲစေခိုင်းအသုံးချဖို့ နောက်ဆုံးအကဲစမ်းပွဲတစ်ခုကို ပြင်ဆင်နေကာ ဝင်းနိမ္မိတာရုံဆရာတော်ကဲ့သို့ အထင်ကရဆရာတော်ကြီးတစ်ပါးကို လုပ်ကြံသတ်ဖြတ်ပြီး အကဲစမ်းနေပြီလို့ ထုတ်ပြန်ထားပါတယ်။

အခုလို သေစေနိုင်တဲ့ ကျည်ဆံဟာ ဆရာတော်ကြီးကို ထိတာမဟုတ်ဘဲ သာသနာတော်ကို ထိတာလို့ ဝင်းနိမ္မိတာရုံစာသင်တိုက်ရဲ့ ကျေးဇူးစကားနဲ့ သံဝေဂမှတ်တမ်းမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို