နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာ စစ်ကောင်စီလက်ပါးစေတွေက လူငယ်တစ်ဦးကို ဖမ်းဆီးဖို့ကြိုးပမ်းချိန် ပြည်သူတွေ ဝိုင်း၀န်းကူညီတာကြောင့် လွတ်မြောက်ခဲ့ရ

ဩဂုတ်လ (၂၃)ရက်။

ဩဂုတ်လ (၂၂)ရက် ည (၈)နာရီကျော်အချိန်က ရန်ကုန်တိုင်း၊ အောက်ကြည့်မြင်တိုင် ရွှေလိပ်ပြာအိမ်ရာအနီး စစ်ကောင်စီလက်ပါးစေတွေက လူငယ်တစ်ဦးကို ဖမ်းဆီးဖို့ကြိုးစားချိန် ပြည်သူတွေရဲ့ ဝိုင်း၀န်းကူညီတာကြောင့် လွတ်မြောက်ခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“အောက်ကြည့်မြင်တိုင်လမ်းမပေါ်က ရွှေလိပ်ပြာအိမ်ရာအနီးမှာ လမ်း‌လျှောက်နေတဲ့ လူငယ်ကို စက်ရုပ်ကားအဖြူရောင်က ဖြည်းဖြည်းချင်းလိုက်ကပ်ပြီး လှည့်ကြည့်တဲ့အချိန် ကားပေါ်ကနေ အရပ်၀တ်နဲ့ (၅)ယောက်ဆင်းလာပြီး လိုက်ဖမ်းလို့ အဲဒီကောင်လေးက အော်ပြီးထွက်ပြေးတာ”လို့ အိမ်ရာအနီးနေထိုင်သူက ဆိုပါတယ်။

အဲ့ဒီလူငယ်ဟာ ရွှေလိပ်ပြာအိမ်ရာအနီး လမ်းလျှောက်သွားနေချိန် အိမ်စီးကားတစ်စီးက အနောက်ကလိုက်ပါလာခဲ့ပြီး ကားပေါ်ကနေ အရပ်၀တ်နဲ့ လူ (၅)ဦးက လိုက်လံဖမ်းဆီးတာကြောင့် အော်ဟစ်ကြောက်လန့်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

“ကားပေါ်ကဆင်းပြီး လိုက်ဖမ်းတဲ့အရပ်၀တ်တွေက ရဲ (၂/ယောက်နဲ့ ပျူစောထီး (၃)ယောက်ပါ။ မျက်စိစွေစောင်းနေတဲ့ (၁)ကောင်ပါတယ်။ ရခတွေက ကြည့်မြင်တိုင် (၂၃)စခန်းကကောင်တွေ ဖြစ်ဖို့များတယ်”လို့ မြိုခံတစ်ဦးက ဆိုပါတယ်။

အထက်ပါလူငယ်ဟာ လိုက်လံဖမ်းဆီးခံရတာကြောင့် အနီးရှိ ကွမ်းယာဆိုင်အနောက်ကို ၀င်ရောက်ပုန်းခိုခဲ့ရကာ အိမ်ရာထဲနေထိုင်တဲ့ ပြည်သူတွေ ဆင်းလာပြီး ဝိုင်း၀န်းကာကွယ်ပေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးသူတွေဟာ ကားပေါ်တက်ပြီး ပြန်ထွက်သွားခဲ့တာပါ။

“အဲ့ဒီအိမ်စီးကား (စက်ရုပ်ကားအဖြူရောင်)က ကြည့်မြင်တိုင်နဲ့ အလုံတဝိုက်မှာ ညအချိန် အမြဲပတ်ပြီး၊ လမ်းသွားလူငယ်တွေကို ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားလေ့ရှိပါတယ်။ အခုလဲ ရမလားဆိုပြီးလုပ်တာ ပြည်သူတွေက ကာကွယ်ပေးလို့ လွတ်မြောက်သွားခဲ့ရတာပါ”လို့ သူက ဆက်ပြောပါတယ်။

အခုလို စစ်ကောင်စီလက်ပါးစေတွေဟာ မြို့ပြတွေမှာပါ မတရားစစ်မှုထမ်းဥပဒေအတွင် လူငယ်တွေကို ပစ်မှတ်ထား လိုက်လံဖမ်းဆီးနေတာကြောင့် လူငယ်လူရွယ်တွေအနေနဲ့ ညအချိန် အသွားအလာ အထူးဂရုစိုက်ကြဖို့ ‌သတိပေးထားပါတယ်။

ဒါ့အပြင် မြို့နယ်ထဲရှိ ပြည်သူလူထုအနေနဲ့လဲ မိမိတိုအနီးနား လူငယ်လူရွယ်တွေကို စစ်ကောင်စီလက်ပါးစေတွေက မတရားဖမ်းဆီးတာတွေ မြင်တွေ့ရပါက  ဝိုင်းဝန်းကူညီ ကယ်တင်ပေးကြဖို့ မြေပြင်သတင်းကွန်ရက်အဖွဲ့‌တွေက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 72 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 62 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 60 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 53 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 64 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို