နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာ စစ်ကောင်စီလက်ပါးစေတွေက လူငယ်တစ်ဦးကို ဖမ်းဆီးဖို့ကြိုးပမ်းချိန် ပြည်သူတွေ ဝိုင်း၀န်းကူညီတာကြောင့် လွတ်မြောက်ခဲ့ရ

ဩဂုတ်လ (၂၃)ရက်။

ဩဂုတ်လ (၂၂)ရက် ည (၈)နာရီကျော်အချိန်က ရန်ကုန်တိုင်း၊ အောက်ကြည့်မြင်တိုင် ရွှေလိပ်ပြာအိမ်ရာအနီး စစ်ကောင်စီလက်ပါးစေတွေက လူငယ်တစ်ဦးကို ဖမ်းဆီးဖို့ကြိုးစားချိန် ပြည်သူတွေရဲ့ ဝိုင်း၀န်းကူညီတာကြောင့် လွတ်မြောက်ခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ အောက်ကြည့်မြင်တိုင်လမ်းမပေါ်က ရွှေလိပ်ပြာအိမ်ရာအနီးမှာ လမ်း‌လျှောက်နေတဲ့ လူငယ်ကို စက်ရုပ်ကားအဖြူရောင်က ဖြည်းဖြည်းချင်းလိုက်ကပ်ပြီး လှည့်ကြည့်တဲ့အချိန် ကားပေါ်ကနေ အရပ်၀တ်နဲ့ (၅)ယောက်ဆင်းလာပြီး လိုက်ဖမ်းလို့ အဲဒီကောင်လေးက အော်ပြီးထွက်ပြေးတာ” လို့ အိမ်ရာအနီးနေထိုင်သူက ဆိုပါတယ်။

အဲ့ဒီလူငယ်ဟာ ရွှေလိပ်ပြာအိမ်ရာအနီး လမ်းလျှောက်သွားနေချိန် အိမ်စီးကားတစ်စီးက အနောက်ကလိုက်ပါလာခဲ့ပြီး ကားပေါ်ကနေ အရပ်၀တ်နဲ့ လူ (၅)ဦးက လိုက်လံဖမ်းဆီးတာကြောင့် အော်ဟစ်ကြောက်လန့်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

“ ကားပေါ်ကဆင်းပြီး လိုက်ဖမ်းတဲ့အရပ်၀တ်တွေက ရဲ (၂/ယောက်နဲ့ ပျူစောထီး (၃)ယောက်ပါ။ မျက်စိစွေစောင်းနေတဲ့ (၁)ကောင်ပါတယ်။ ရခတွေက ကြည့်မြင်တိုင် (၂၃)စခန်းကကောင်တွေ ဖြစ်ဖို့များတယ်” လို့ မြိုခံတစ်ဦးက ဆိုပါတယ်။

အထက်ပါလူငယ်ဟာ လိုက်လံဖမ်းဆီးခံရတာကြောင့် အနီးရှိ ကွမ်းယာဆိုင်အနောက်ကို ၀င်ရောက်ပုန်းခိုခဲ့ရကာ အိမ်ရာထဲနေထိုင်တဲ့ ပြည်သူတွေ ဆင်းလာပြီး ဝိုင်း၀န်းကာကွယ်ပေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးသူတွေဟာ ကားပေါ်တက်ပြီး ပြန်ထွက်သွားခဲ့တာပါ။

“ အဲ့ဒီအိမ်စီးကား (စက်ရုပ်ကားအဖြူရောင်)က ကြည့်မြင်တိုင်နဲ့ အလုံတဝိုက်မှာ ညအချိန် အမြဲပတ်ပြီး၊ လမ်းသွားလူငယ်တွေကို ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားလေ့ရှိပါတယ်။ အခုလဲ ရမလားဆိုပြီးလုပ်တာ ပြည်သူတွေက ကာကွယ်ပေးလို့ လွတ်မြောက်သွားခဲ့ရတာပါ” လို့ သူက ဆက်ပြောပါတယ်။

အခုလို စစ်ကောင်စီလက်ပါးစေတွေဟာ မြို့ပြတွေမှာပါ မတရားစစ်မှုထမ်းဥပဒေအတွင် လူငယ်တွေကို ပစ်မှတ်ထား လိုက်လံဖမ်းဆီးနေတာကြောင့် လူငယ်လူရွယ်တွေအနေနဲ့ ညအချိန် အသွားအလာ အထူးဂရုစိုက်ကြဖို့ ‌သတိပေးထားပါတယ်။

ဒါ့အပြင် မြို့နယ်ထဲရှိ ပြည်သူလူထုအနေနဲ့လဲ မိမိတိုအနီးနား လူငယ်လူရွယ်တွေကို စစ်ကောင်စီလက်ပါးစေတွေက မတရားဖမ်းဆီးတာတွေ မြင်တွေ့ရပါက  ဝိုင်းဝန်းကူညီ ကယ်တင်ပေးကြဖို့ မြေပြင်သတင်းကွန်ရက်အဖွဲ့‌တွေက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 34 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 36 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 32 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 38 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 38 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ