နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

အလွတ်တန်းသတင်းထောက်တွေကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်တဲ့အပေါ် IMJA ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

ဩဂုတ်လ (၂၄)ရက်။

အလွတ်တန်းသတင်းထောက်တွေကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ပြီး လက်နက်ကိုင်တွေအနေနဲ့ ပုံဖော်တာကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး(IMJA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အလွတ်တန်းသတင်းထောက်တွေဖြစ်တဲ့ ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့ကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး သူတို့နှစ်ဦးကို လက်နက်ကိုင်တွေအနေနဲ့ စစ်လော်ဘီချန်နယ်တွေမှာ ပုံဖော်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပုဒ်မ(၅၀၅)နဲ့ အမှုဖွင့်ထားခံရတဲ့အလွတ်တန်း သတင်းထောက်ကိုဝင်းထွဋ်ဦးဟာ ကျိုက်ထိုရှိ နေအိမ်မှာ လျှို့ဝှက်စွာနေထိုင်ရင်း သတင်းအလုပ် လုပ်ကိုင်နေသူဖြစ်ကာ ကိုထက်မြတ်သူကလဲ ဆန္ဒပြပွဲတွေကို သတင်းယူချိန် စစ်ကောင်စီတပ်က ခြေထောက်ကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာ ခံခဲ့ရသူလို့ ဖော်ပြထားပါတယ်။

အဲ့ဒီပစ်ခတ်တဲ့ဖြစ်စဉ်မှာ အလွတ်တန်းသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝင်းထွဋ်ဦး၊ ကိုထက်မြတ်သူတို့နဲ့အတူ နေအိမ်ကိုရောက်ရှိနေတဲ့ ဒေသခံတဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

သတင်းသမားတွေဟာ ပြည်သူလူထုထံကို သတင်းမှန်၊ အချက်အလက်မှန်တွေ ပေးပို့ရသူတွေဖြစ်တာကြောင့် အဖွဲ့အစည်းအမျိုးမျိုးနဲ့ တွေ့ဆုံကြလေ့ရှိကာ စစ်ကောင်စီက အာဏာသိမ်းဖြစ်စဉ် အစောပိုင်းကာလမှာ သတင်းသမားတွေကို ဖမ်းဆီးခဲ့ရာ လက်နက်နဲ့တကွ ဖမ်းမိတယ်လို့ ဝါဒဖြန့်တာ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် သတင်းသမားတွေကို ဖမ်းဆီးပြီးနောက်မှာလဲ အကြမ်းဖက်ပုဒ်မအမျိုးမျိုးတပ်ကာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လေ့ရှိကာ စစ်ကောင်စီ အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ သတင်းသမား (၇)ဦးကို သတ်ဖြတ်ခဲ့ပြီး (၁၇၇)ဦးကို ဖမ်းဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ သတင်းသမားတွေကို သတ်ဖြတ်တာတွေနဲ့ ပစ်မှတ်ထားဖမ်းဆီးတာတွေကို ချက်ခြင်းရပ်တန့်ပြီးဖမ်းဆီးထားတဲ့ သတင်းသမားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ကုလအပါအ၀င် နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေက ဖိအားပေး ကန့်ကွက် အရေးယူဖို့ IMJA က တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 21 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 25 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 44 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး