နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းဆွေးနွေးပွဲ စစ်ကောင်စီကို ဖိတ်ကြားတဲ့အပေါ် စိုးရိမ်မိတယ်လို့ NUG ပြော

ဒီဇင်ဘာလ (၂၄)ရက်။

ထိုင်းနိုင်ငံရဲ့ မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီကို ဖိတ်ကြားတာက အကြမ်းဖက်တာတွေကို ဆိုးရွားလာစေဖို့ အားပေးသလို ဖြစ်စေတဲ့အပေါ် စိုးရိမ်မိတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ထိုင်းနိုင်ငံက မြန်မာအရေး ဆွေးနွေးပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကိုပဲ ဖိတ်ကြားဆွေးနွေးတာက ပြဿနာကို မပြေလည်စေဘဲနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကိုပဲ ဆိုးရွားလာစေဖို့ အားပေးသလို ဖြစ်စေနိုင်တဲ့အတွက် စိုးရိမ်မိပါတယ်”လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

“Myanmar-owned, Myanmar-led”လို့ ပြောထားတာမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ပဲ စကားပြောတာကို ဆိုလိုသလားဆိုတဲ့အပေါ် မေးခွန်းထုတ်စရာအခြေအနေ ဖြစ်သွားစေတယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးကို ဖြေရှင်းဖို့ကြိုးစားတဲ့အခါ သက်ဆိုင်ရာ Stakeholders တွေ အကုန်လုံးနဲ့ ထိတွေ့ဖို့ အရေးကြီးကာ Stakeholders တွေရဲ့ ယုံကြည်တာကို ပျက်ပြားစေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ကိုလဲ သတိပေးထားပါတယ်။

“ကြိုးပမ်းလုပ်ဆောင်တာတွေဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒ၊ အကျိုးစီးပွားနဲ့အညီသာ ဖြစ်သင့်ပြီး အဲ့ဒီလိုမဟုတ်ရင် ဒီလုပ်ငန်းစဉ်တွေကို စစ်အာဏာရှင်က သူတို့အကျိုးစီးပွားအတွက်ပဲ အသုံးချပြီး အဆုံးမှာ မြင်သာထင်သာတဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်လာမှာမဟုတ်ပါဘူး၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကြိုးပမ်းမှုဟာ အလဟဿဖြစ်သွားစေနိုင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ICC မှာ ရာဇဝတ်ကောင်အနေနဲ့ တရားရင်ဆိုင်ရဖို့ နီးစပ်လာတဲ့ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင် အပေါင်းအပါတွေကို သူတို့အလွန်တောင့်တနေတဲ့ တရားဝင်မှု မပေးဖို့ကိုလဲ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို