နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

အကျဉ်းသားတွေပါလာတဲ့လေယာဉ်ကို ယူကရိန်းပစ်ချလိုက်တာလို့ ရုရှားစွပ်စွဲ

အကျဉ်းသားလဲလှယ်ရေးအစီအစဉ်အတွက် ယူကရိန်းအကျဉ်းသား 65 ဦးကို တင်ဆောင်လာတဲ့ ရုရှားစစ်ဘက်လေယာဉ်ကို ယူကရိန်းဘက်က ပစ်ချလိုက်တာဖြစ်တယ်လို့ ရုရှားဘက်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ရုရှားစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် ပစ်ချခံခဲ့ရလို့ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ 74 ဦးစလုံးသေဆုံးခဲ့ရတယ်လို့ ရုရှားစစ်ဘက်အရာရှိတစ်ဦးက အတည်ပြုခဲ့ပါတယ်။ ဒါဟာ ရုရှား-ယူကရိန်းစစ်ပွဲကာလ ၂ နှစ်တာအတွင်း ရုရှားနယ်စပ်မှာဖြစ်ပွါးခဲ့တဲ့ လူအသေအပျောက်အများဆုံး မတော်တဆမှုလည်းဖြစ်ပါတယ်။

ရုရှားစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ ယူကရိန်းနိုင်ငံ၊ ဘယ်ဂိုရော့ပြည်နယ်က ယာဘလိုနိုဗိုရွာအနီးမှာ ပစ်ချခံခဲ့ရတာဖြစ်ပြီး ရုရှားတယ်လီဂရမ်ချန်နယ်တွေမှာ ပစ်ချခံခဲ့ရတဲ့ဗီဒီယို ရုပ်သံထွက်ပေါ်လာခဲ့ပါတယ်။

ရုရှားမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ အဲဒီလေယာဉ်ပေါ်မှာ ယူကရိန်းစစ်ဘက်အကျဉ်းသား 65 ဦးနဲ့အတူ ရုရှားစစ်သား 3 ဦး၊ လေယာဉ်ဝန်ထမ်း 6 ဦး လိုက်ပါသွားခဲ့ပြီး သူတို့အားလုံး သေဆုံးသွားခဲ့ရတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ အခင်းဖြစ်ပွါးရာနေရာက ဒေသခံတွေကတော့ လေယာဉ် ပျက်မကျခင်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ နှစ်ကြိမ်ကြားလိုက်ရတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက “ ဒုတိယပေါက်ကွဲသံက ပိုပြီး ကျယ်ပါတယ်။ ဆရာဝန်တွေအပါအဝင် ကျမတို့အားလုံး အိမ်အပြင်ပြေးထွက်ပြီး အကူအညီပေးဖို့ ကြိုးစားခဲ့ပေမယ့် လေယာဉ်က ရွာနဲ့တော်တော်ဝေးဝေးမှာ ပျက်ကျသွားခဲ့တာပါ။ အသံက တော်တော်ကျယ်ပြီး ကြောက်စရာကြီးပါပဲ”လို့ ပြောပြသွားခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ လေယာဉ်ပျက်ကျချိန်မှာ သူတို့ရဲ့ရေဒါထဲ ယူကရိန်းဘက်က ပစ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းကိုတွေ့ရတယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီစွပ်စွဲမှုအပေါ် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနဘက်က ချက်ချင်းတုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ ရုရှားနဲ့ ယူကရိန်းတို့ဟာ 2022 ခုနှစ် ဖေဖော်ဝါရီလကစပြီး အထူးစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို ပုံမှန်ပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 25 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။