နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ပစ်ခတ်တိုက်ခိုက်ခံရ

ဧပြီလ (၂၅)ရက်။

မနေ့က ည(၇)နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ KLG PDF(ကျောက်လုံးကြီး)ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ မနေ့ ည(၇)နာရီလောက်က မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်သေဆုံးတာတွေ ရှိနိုင်ပါတယ်” လို့ KLG PDF(ကျောက်လုံးကြီး)က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရတာမှာ ဗဟိုကင်းထိမှန်ပွင့်ထွက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးနိုင်တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

“ ဗဟိုကင်းတောင် ပွင့်ထွက်ပြီး စစ်ခွေးတွေ အတုံးအရုံးသေကြတာပါ။ နမခဖရဲသီးက သတင်းအတိအကျပေးထားပါတယ်။ တိုင်းမှူးတောင် ပြေးဝင်ပုန်းရတယ်လို့ပြောထားတယ်” လို့ ရေးသားထားပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် ညပိုင်းအချိန်မှာပဲ စစ်ကောင်စီဘက်က YAK-130 တိုက်လေယာဉ်နဲ့ (၈)ကြိမ်တိတိ ကင်းလှည့်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအဖွဲ့တွေက ရှော့တိုက်ဒုံးအပါအဝင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးကို AA ရောက်ရှိလာဟုဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 6 Views
အောက်တိုဘာလ (၂၄) ရက်။ ရခိုင်ပြည်၊ အမ်းမြိုနယ်မှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာအနီးကို အာရက္ခတပ်တော် (AA) ရောက်ရှိလာပြီလို့
မြန်မာသတင်း

ဘုတလင်နယ် စိုင်ပြင်လေးရွာထဲက စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ဘုတလင်နယ် စိုင်ပြင်လေးရွာထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Monywa
မြန်မာသတင်း

PDF ဂိတ်ကို လမ်းမှားဝင်လာပြီး အဖမ်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်က လင်မယားကို KNLA ထံအပ်နှံ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 10 Views
အောက်တိုဘာလ (၂၄)ရက်။ သိမ်ဇရပ်မြို့နယ်မှာ PDF စစ်ဆေးရေးဂိတ်ကို လမ်းမှားဝင်လာပြီး ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူနဲ့ ဇနီးတို့ကို KNLA ထံ အပ်နှံခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးကို
မြန်မာသတင်း

ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အင်အား စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
အောက်တိုဘာလ (၂၄)ရက်။ ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တွေက စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ‌ပြောဆိုထားချက်တွေအရ သိရပါတယ်။ စစ်ကောင်စီနဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့ ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်တွေဟာ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်တို့က
မြန်မာသတင်း

ဝေါမြို့ X-Ray စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်လာသူကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က ည (၆)နာရီ (၅၀)မိနစ်အချိန်က ဝေါမြို့၊ ဗျူဟာလမ်းဆုံအနီးရှိ X-Ray စက် စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်လာသူကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ X-Ray စက် စစ်ဆေးရေးဂိတ်မှာ
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ နိုင်ငံရေးအကျဉ်းသူတွေ အရေးပြားရောဂါခံစားနေကြရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ထဲက ရေပြတ်လပ်တာတွေ ဖြစ်ပေါ်နေပြီး နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ထဲ အခုလ ပထမအပတ်ကစပြီး ချိုးရေမလုံလောက်တာနဲ့ အသုံးပြုနေတဲ့ ရေကန် သန့်ရှင်းတာမရှိဘဲ
မြန်မာသတင်း

ရွှေပြည်သာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က ည (၈)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ (၂)ရပ်ကွက်နဲ့ (၂၁)ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည
မြန်မာသတင်း

ဒီပဲယင်းနယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ဖို့ စစ်လော်ဘီတွေက လှုံ့ဆော်နေ၊ 

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး အောက်တိုဘာလ (၂၄)ရက်။ စစ်ကိုင်းတိုင်းရှိ ဒီပဲယင်းနယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ သင်္ဃန်းဝတ် ဝါသဝအပါအဝင် စစ်တပ်လော်ဘီတွေက သူတို့ရဲ့ တယ်လီဂရန်ချန်နယ်တွေကနေတဆင့် လှုံ့ဆော်ရေးသားနေတယ်လို့ သိရပါတယ်။ “ ဒီပဲယင်းကို