နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာအရေး အစီရင်ခံစာကို စစ်ကောင်စီ ဆန့်ကျင်ကန့်ကွက်

စက်တင်ဘာလ (၂၅)ရက်။

မနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာအပေါ် ဆန့ကျင်ကန့်ကွက်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီအစီရင်ခံစာ ဆွေးနွေးပွဲမှာ သက်ဆိုင်ရာနိုင်ငံဖြစ်‌တဲ့ မြန်မာနိုင်ငံ မပါ၀င်တာအပြင် အစီရင်ခံစာ ရေးသားပြုစုတွေဟာ အခြေခံမူတွေဖြစ်တဲ့ ဘက်မလိုက်တာ၊ ယုံကြည်စိတ်ချရတာနဲ့ ဖြောင့်မတ်မှန်ကန်တာ မရှိသလို မြန်မာနိုင်ငံရဲ့ အချက်အလက်နဲ့ အမြင်တွေကို မျှတစွာ ဖော်ပြတာမရှိဘူးလို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွေဟာ အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားပြုလုပ်တာ အများဆုံးဖြစ်ပြီး အဲ့ဒီဆွေးနွေးပွဲတွေကနေ အရည်အသွေးမပြည့်မီတဲ့ အစီရင်ခံစာတွေနဲ့ အကျိုးမဲ့တဲ့ ဆွေးနွေးတာတွေကို ဖြစ်ပေါ်စေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးရဲ့ သဘောထားထုတ်ပြန်ချက်ထဲ မဲစာရင်းမှားယွင်းတာကြောင့် ရွေးကောက်ပွဲမသမာတာ ဖြစ်ရပြီး တရားဥပဒေနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်လှုပ်ရှားတာတွေကြောင့် လူပေါင်း (၈၁၀၀)ဦး သေဆုံးခဲ့ရကာ လက်နက်ကိုင်ပြဿနာကို ပိုမိုရှုပ်ထွေးစေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကိုလဲ နိုင်ငံရေးအ‌ခြေအနေကို အခွင့်ကောင်းယူပြီး ရှမ်းမြောက်အပါအ၀င် ကရင်နဲ့ ရခိုင်တို့မှာ နယ်မြေရရှိဖို့ တိုက်ခိုက်နေတယ်လို့ ရေးသားထားကာ ညီနောင်မဟာမိတ် (၃)ဖွဲ့ကို အကြမ်းဖက်အဖွဲ့တွေလို့ ပြောဆိုထားပါသေးတယ်။

နောက်ပြီး PDF တွေဟာ အကြမ်းဖက်လုပ်ရပ်တွေ အများဆုံးကျူးလွန်သူတွေဖြစ်တယ်လို့ ဖော်ပြထားသလို စစ်တပ်အနေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း(ROE)နဲ့ ပြည်တွင်းဥပဒေတွေနဲ့အညီ တုံ့ပြန်ဆောက်ရွက်နေတာလို့ ထုတ်ပြန်ထားပါ‌တယ်။

စစ်ကောင်စီဟာ အောက်တိုဘာလထဲ သန်းခေါင်စာရင်းကောက်ယူပြီး ၂၀၂၅ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ စီစဉ်နေတာနဲ့ အပြုသဘောမဆောင်တဲ့ ဆုံးဖြတ်ချက်အဆိုတွေနဲ့ လုပ်ပိုင်ခွင့်ကို ဆန့်ကျင်ကာ ကုလမဟာမင်ကြီးရဲ့ အစီရင်ခံစာကို ပယ်ချတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို