နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်သတ်ဖြတ်တာကို ချက်ချင်းရပ်တန့် တားမြစ်ဖို့ NUCC ထုတ်ပြန်

စက်တင်ဘာလ (၂၅)ရက်။

အကြမ်းဖက်စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်သတ်ဖြတ်တာတွေနဲ့ ရာဇဝတ်မှုတွေကို ပြင်းထန်စွာ ရှုတ်ချပြီး ချက်ချင်းရပ်တန့်ကာ တားမြစ်ဖို့ NUCC ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မတရားဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့ ပြည်သူတွေကို သေဒဏ် အပါအဝင် မတရား ပြစ်ဒဏ်တွေ ချမှတ်ထားပြီး ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို တရားမဲ့ ကြိုးပေး သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ သေဒဏ်ချမှတ်ခံထားရတဲ့ နောက်ထပ် တက်ကြွလှုပ်ရှားသူ လူငယ်တွေကို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်တွေနဲ့ တရားမဲ့ စီရင် သတ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် NUCC က ထုတ်ပြန်လာတာပါ။

NUCC ရဲ့ ထုတ်ပြန်ချက်ထဲ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းအမှောင်ချ လုပ်ဆောင်တာတွေကြောင့် အဲ့ဒီသတင်းတွေရဲ့ မှန်ကန်တာကို အခုအချိန်ထိ တရားဝင် အတည်ပြုနိုင်ဖို့ ခက်ခဲတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စစ်တပ်အင်အားကို အလွဲသုံးစားပြုပြီး အဓမ္မ အာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုသာ ဖြစ်တာကြောင့် ပြည်သူတွေအပေါ် တရားစီရင်ခွင့်မရှိဘူးလို့ ရေးသားထားပါတယ်။

စစ်ပွဲထဲ ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ သေဒဏ်ချမှတ်စီရင်တာက လူသားတစ်ဦးချင်းစီတိုင်းရဲ့ မွေးရာပါရပိုင်ခွင့်တရပ်ဖြစ်တဲ့ အသက်ရှင်နေထိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ NUCC က ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့လဲ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆုံးဖြတ်ချက်တွေကို တာဝန်ခံပြီး စစ်ကောင်စီရဲ့ ရာဇဝတ်မှုကျူးလွန်နေတာတွေကို ထိရောက်စွာ တားဆီး အရေးယူဖို့ တိုက်တွန်းထားပါတယ်။

NUCC အနေနဲ့ ပြည်တွင်းပြည်ပ အင်အားစုတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့နဲ့ နစ်နာသူတွေအတွက် တရားမျှတမှု ရရှိနိုင်စေဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို