နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ ဥရောပ

ရှီက တရုတ်နဲ့ရုရှားတို့သည် အဓိကအိမ်နီးချင်းနိုင်ငံများနှင့် တနိုင်ငံနှင့်တနိုင်ငံ အဆင်ပြေစွာနေထိုင်ရန် မှန်ကန်သောလမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်းပြော

ကာဇန်၊ ရုရှား၊

အောက်တိုဘာလ ၂၂ ရက်၊

တရုတ်သမ္မတ ရှီကျင့်ဖျင်က အင်္ဂါနေ့တွင် ပြောကြားခဲ့ရာတွင် တရုတ်နှင့် ရုရှားတို့ကဲ့သို့ နိုင်ငံများသည် ဘက်မလိုက်သော၊ ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်မလုပ်သော၊ မည်သည့်တတိယအုပ်စုကို ပစ်မှတ်မထားဘဲ အဓိက အိမ်နီးချင်းနိုင်ငံများနှင့် တနိုင်ငံနှင့် တနိုင်ငံ အဆင်ပြေစွာ နေထိုင်ခြင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံချိန်တွင် ရှီက ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်သမ္မတသည် ကာဇန်သို့ ရောက်ရှိနေခဲ့သည်။

ယခုနှစ်သည် တရုတ်နှင့် ရုရှားကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း ရှီက ပြောကြားရာတွင် လွန်ခဲ့သောနှစ်များအတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေးသည် စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

နှစ်ဘက်စလုံးသည် ရေရှည်တည်တံ့သော အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်ရင်းနှီးမှု၊ ကျယ်ကျယ်ပြန့်ပြန့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် Win-Win ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို လက်ကိုင်ပြုကာ ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် နက်ရှိုင်းစွာ တိုးချဲ့လျက်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။

ယင်းသည် နှစ်နိုင်ငံစလုံး၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ရှင်သန်ရေးနှင့် ခေတ်မီတိုးတက်ရေးတို့တွင် အရှိန်အဟုန်ပြင်းပြင်းနှင့်အားထည့်ပေးခဲ့ပြီး တရုတ်နှင့် ရုရှားပြည်သူများ၏ သုခချမ်းသာကို မြှင့်တင်ရန်နှင့် နိုင်ငံတကာတွင် မျှတမှုနှင့် တရားမျှတမှုတို့ကို မြှင့်တင်ရန် အရေးကြီးကြောင်း ရှီက ပြောကြားခဲ့သည်။

ယနေ့ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မမြင်နိုင်သော အပြောင်းအလဲများနှင့် ရင်ဆိုင်နေရပြီး လျင်မြန်စွာ ပြောင်းလဲနေသော တုန်လှုပ်ချောက်ချားစရာကောင်းသည့် နိုင်ငံတကာအခင်းအကျင်းကို ဖြစ်ပေါ်စေကြောင်း၊ ရှီက တရုတ်နှင့် ရုရှားအကြား လေးနက်တည်မြဲသော ချစ်ကြည်ရင်းနှီးမှုသည် ပြောင်းလဲမည် မဟုတ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများအပေါ်တွင် အဓိကကျသည့် သူတို့နိုင်ငံ နှစ်နိုင်ငံအနေနှင့် ပြည်သူများအတွက် တာဝန်သိစိတ်သည်လည်း ပြောင်းလဲမည် မဟုတ်သည်ကို ရှီက ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ရှုပ်ထွေးပြီး ပြင်းထန်သော ပြင်ပစိန်ခေါ်မှုများရှိနေသော်လည်း ကုန်သွယ်မှုကဲ့သို့သော နယ်ပယ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးတက်နေပြီး အကြီးစား ပူးတွဲစီမံကိန်းများ ဆက်လက်လည်ပတ်လျက်ရှိရာ တည်ငြိမ်နေဆဲ ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ရှီက ထပ်လောင်းပြီး နှစ်နိုင်ငံလုံးသည် ဥရောပ အာရှ စီးပွားရေး သမဂ္ဂနှင့် ခါးပတ်စင်္ကြန်လမ်းနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပြီး ၎င်းတို့၏ သက်ဆိုင်ရာ အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိလာအောင် ပံ့ပိုးဆောင်ရွက်ပေးကြမည် ဖြစ်သည်။

လာမည့်နှစ်သည် ကုလသမဂ္ဂ တည်ထောင်မှု နှစ် ၈၀ ပြည့်နှင့် ကမ္ဘာ့ဖက်စစ်ဆန့်ကျင်ရေး စစ်ပွဲတွင် အောင်ပွဲလည်း ဖြစ်သည်ဟု ရှီက အလေးပေး ပြောကြား ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာ့အဓိက နိုင်ငံများဖြစ်သည့် တရုတ်နှင့် ရုရှားတို့သည် ဘက်စုံမဟာဗျူဟာညှိနှိုင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာရှိစေသင့်ပြီး ကုလသမဂ္ဂနှင့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ကဲ့သို့သော ဘက်စုံမူဘောင်များအတွင်း တနိုင်ငံနှင့် တနိုင်ငံ ဆက်သွယ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးတို့ကို အားကောင်းစေသင့်ကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး၏ မှန်ကန်သော သမိုင်းကြောင်းကို မြှင့်တင်ပေးပြီး ကုလသမဂ္ဂဗဟိုပြု နိုင်ငံတကာ စနစ်အား ပူးပေါင်းပြီး ခိုင်မြဲစွာ ထိန်းသိမ်းထားရန် လိုအပ်ပြီး နှစ်နိုင်ငံပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာဗျူဟာမြောက် တည်ငြိမ်ရေးနှင့် နိုင်ငံတကာတွင် မျှတမှုနှင့် တရားမျှတမှုတို့ကို ကာကွယ်ရမည်ဟု ရှီကပြောကြားခဲ့သည်။

BRICS ယန္တရားသည် ထွန်းသစ်စဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကမ္ဘာ့အရေးအကြီးဆုံး ပလက်ဖောင်းဖြစ်ကြောင်း ရှီက ပြောကြားပြီး BRICS ဥက္ကဋ္ဌအဖြစ် ရုရှား၏ ကြီးမားသော ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အထူးချီးကျူးကြောင်း ရှီက ပြောကြားခဲ့သည်။

BRICS ယန္တရား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါတီများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အပြုသဘောဆောင်သော သဝဏ်လွှာပေးပို့ရန်နှင့် BRICS အတွင်း မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ရှီက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ထို့အတူ တောင်ကမ္ဘာလုံးဆိုင်ရာအဖွဲ့ (Global South) အတွက်လည်း နယ်ပယ် အမျိုးမျိုးတွင် အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်သည်။

လွန်ခဲ့သည့် ၇၅ နှစ်က ရုရှားနှင့် တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ပြီး နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးသည် ခေတ်သစ်တွင် နိုင်ငံကြီးများကြား ဆက်ဆံရေး ပုံစံသစ်အဖြစ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးမှ ပူးပေါင်းကြိုးပမ်းမှုများကြောင့် တန်းတူညီမျှရေး၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်အကျိုးရှိမှုအပေါ် အခြေခံသည့် ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ဆက်လက် တိုးတက်နေပြီး ရုရှား-တရုတ် ယဉ်ကျေးမှုနှစ်များဆိုင်ရာ လှုပ်ရှားမှုများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

လာမည့်နှစ်သည် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း ပူတင်က ရုရှားနှင့် တရုတ်နှစ်နိုင်ငံစလုံးက ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲတွင် အောင်ပွဲအတွက် ကြီးမားသောစွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်ခဲ့ကြောင်း၊ ရုရှားအနေနှင့် တရုတ်နိုင်ငံနှင့်အတူ ဤအရေးကြီးသော မှတ်တိုင်ကို ဂုဏ်ပြုရန် ဆန္ဒရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် နိုင်ငံတကာရေးရာများတွင် တရုတ်နိုင်ငံနှင့် နီးကပ်သော အဆင့်မြင့် ဖလှယ်မှုများနှင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းမှုကို ထိန်းသိမ်းရန် အဆင်သင့်ရှိပြီး နိုင်ငံတကာ တရားမျှတမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ဗျူဟာမြောက် တည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပူတင်က BRICS ၏ သမ္မတသက်တမ်းအတွင်း သူ့အားတရုတ်၏ ပံ့ပိုးကူညီမှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ရုရှားသည် တရုတ်နှင့် BRICS ကိုတိုးချဲ့ဖွဲ့စည်းပြီးနောက် ပထမဆုံး BRICS ထိပ်သီးအစည်းအဝေး ရှေ့ဆက်အောင်မြင်မှု ရရှိစေရန်အတွက် တရုတ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ဖြစ်နေပြီး ပိုမိုကြီးမားသည့် BRICS ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အပေါင်းလက္ခဏာဆောင်သော ရလာဒ်များ ရရှိအောင်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

နိုင်ငံတော်အကြီးအကဲနှစ်ဦးသည် နိုင်ငံတကာ နှင့် ဒေသဆိုင်ရာများ၏ အဓိက စိုးရိမ်စရာ ပြဿနာရပ်များကိုလည်း နက်နက်ရှိုင်းရှိုင်း အမြင်ဖလှယ်ခဲ့ကြသည်။

Source/Photos: Xinhua

See insights and ads

Boost post

Like

Comment

Send

Share

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော