နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

သာလွန်မင်းတရားကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ဖရီဖိတ်စစ်ရေယာဉ်ကို “ သာလွန်မင်း” ဆိုပြီး စစ်ခေါင်းဆောင် အမည်ပေး

ဒီဇင်ဘာလ (၂၅)ရက်။

မနေ့က သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘာကျင်းဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ရေတပ်ရဲ့ (၇၇)နှစ်မြောက် အခမ်းအနားရဲ့ (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ် အမည်ပေးတာနဲ့ ရေချပေးတဲ့အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖရီဂိတ်စစ်ရေယာဉ်ကို “ သာလွန်မင်း” လို့ အမည်ပေးတာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က ပြည်တွင်းရန် နှိမ်နင်းတာ၊ ပြည်ပရန် ကာကွယ်တာနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ သာလွန်မင်းတရားကြီးကို ဂုဏ်ပြုတဲ့အနေနဲ့လို့ ဆိုပါတယ်။

“ သာလွန်မင်း” လို့ အမည်ပေးထားတဲ့ ဖရီဂိတ်စစ်ရေယာဉ်ကို ၂၀၁၇ခုနှစ် မတ်လက ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ ဧရာမင်းမင်္ဂလာအခမ်းအနားပြုလုပ်ပြီး စတင်တည်ဆောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အခု စစ်ရေယာဉ်ဟာ ရေတပ်မှာ တည်ဆောက်ခဲ့တဲ့ စစ်ရေယာဉ်တွေထဲ အရွယ်အစား အကြီးမားဆုံးဖြစ်ပြီး ‌ကိုယ်ထည်ပိုင်း၊ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ လက်နက်နဲ့ လက်နက်စနစ်ပိုင်းတို့ကို ထည့်သွင်းတည်ဆောက်ထားတယ်လို့ ရေးသားထားပါတယ်။

ဖရီဂိတ်စစ်ရေယာဉ်ဟာ အလျား (၁၃၅)မီတာ၊ အနံ (၁၄)ဒသမ(၅)မီတာ၊ အမြင့် (၉)မီတာ၊ ရေစူး (၄)ဒသမ(၁)မီတာနဲ့ ဝန်ပြည့်အလေးချိန် (၃၅၀၀)တန်ရှိပြီး အမြန်နှုန်း (၁)နာရီကို ရေမိုင် (၃၀)အထိ မောင်းနှင်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

သာလွန်မင်း ဖရီဂိတ်စစ်ရေယာဉ်ဟာ (၂၁)ရာစု ရေတပ်တွေရဲ့ ရည်မှန်းချက် တာဝန်တွေနဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်မယ့် စစ်ရေယာဉ်ကြီးဖြစ်ပြီး ပင်လယ်ပြင်ထဲ ခြိမ်းခြောက်တာတွေကို ရှေ့တန်းကနေ ကာကွယ်တိုက်ပွဲဝင်သွားဖို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးနယ်ပယ်မျိုးစုံမှာ အသုံးပြုနိုင်တဲ့ စစ်ရေယာဉ်ကို တည်ဆောက်နိုင်ခဲ့တဲ့အတွက် မြန်မာ့ပင်လယ်ပြင်ကို ပိုမိုထိရောက်စွာကာကွယ်နိုင်မှာဖြစ်တယ်လို့လဲ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့