နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွေဦးတော်လှန်ရေးက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရုံနဲ့ ရပ်တန့်မှာမဟုတ်ဘူးလို့ NUG နဲ့ NUCC ထုတ်ပြန်

ဒီဇင်ဘာလ (၂၅)ရက်။

နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုရဲ့ အဖွဲ့တစ်ခုခုက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်လိုက်ရုံနဲ့ ရပ်တန့်မှာမဟုတ်ဘူးလို့ NUG နဲ့ NUCC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ပြည်သူကို လက်နက်နဲ့ခြိမ်ူခြောက်ပြီး အဓမ္မမဲထည့်ခိုင်းမယ့် မသမာတဲ့ နည်းလမ်းပေါင်းစုံနဲ့ မဲစာရင်းနဲ့ မဲရလဒ်တွေ လိမ်လည်လုပ်ဆောင်မယ့် အခြေအနေလို့ ဆိုပါတယ်။

အဲ့ဒီအတုအယောင်ရွေးကောက်ပွဲမှာ ဂုဏ်သိက္ခာရှိပြီး လွတ်လပ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်တဲ့လုပ်ငန်းစဉ်တွေ မဆောင်ရွက်နိုင်တဲ့ အခြေအနေတွေမှာ အဓမ္မလုပ်ကြံကျင်းပမယ့် ဟန်ပြရွေးကောက်ပွဲလို့ ဖော်ပြထားပါတယ်။

ဒီလို အတုအယောင်ရွေးကောက်ပွဲ ကျင်းပတာက မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်မဟုတ်ဘဲ စစ်တပ် နိုင်ငံရေးမှာ ဆက်လက်ပါဝင်နေသမျှ ပြည်သူ့တော်လှန်ရေးက အရှိန်အဟုန်နဲ့ ဆက်လက်တည်ရှိနေမယ်လို့ ရေးသားထားပါတယ်။

စစ်အုပ်စုအပါအဝင် ပြင်ပအင်အားစု တခုခုက မြန်မာ့ကံကြမ္မာကို ဝင်ရောက်ချယ်လှယ်တာ၊ အဆုံးအဖြတ်ပေစတာကို လက်ခံမှာမဟုတ်သလို ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးကို ပြည်သူလိုလားတဲ့ပုံစံနဲ့ မြန်မာတွေကိုယ်တိုင် ကမကထပြု ဆောက်ရွက်သွားရမယ်လို့ ပြောဆိုထားပါတယ်။

တော်လှန်ရေးက ပြဋ္ဌာန်းထားတဲ့ အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှု ဖော်ဆောင်နိုင်ဖို့အတွက် မြန်မာပြည်သူလူထုကိုယ်တိုင် ရွေးချယ်တဲ့နည်းလမ်းနဲ့ အောင်မြင်တဲ့အထိ ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေနဲ့ စစ်ရှောင်ဦးရေ တိုးလာတာ၊ အဓမ္မစစ်မှုထမ်းခိုင်းတာကြောင့် ထွက်ပြေးရတာ၊ တစ်နိုင်ငံလုံးရဲ့ (၅၀)ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးတပ်တွေ စိုးမိုးထားတာနဲ့ စစ်အုပ်စုရဲ့ မြို့နယ်ပေါင်း (၈၀)ခန့်သာ သန်းခေါင်စာရင်းကောက်ယူနိုင်တာတို့ကြောင့် ဟန်ပြရွေးကောက်ပွဲလို့လဲ ပြောဆိုထားချက်‌အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို