နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျုံပျော်မှာ စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးဖို့ ပြင်ဆင်နေ

ဒီဇင်ဘာလ (၂၅)ရက်။

ဧရာဝတီတိုင်း ကျုံပျော်ခရိုင်ရှိ မြို့နယ်တွေက ဌာနဆိုင်ရာတွေမှာ စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်ငယ်တွေတပ်ဆင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းအထူးတပ်ဖွဲ့(ပုသိမ်)ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“မြို့နယ်တွေမှာရှိတဲ့ ဌာနတွေကို စကစက ဌာနတစ်ခုကို ဝန်ထမ်း(၅)ဦး စာရင်းတောင်းပြီး စစ်ရေးပြသင်တန်းတက်ဖူးတဲ့သူ ဦးစားပေးထည့်ဖို့၊ ကိုယ့်ရုံး ကိုယ့်ဌာန ကိုယ့်ဟာကို ကာကွယ်ဖို့ မွမ်းမံသင်တန်းနဲ့ လက်နက်ငယ်ပစ်ခတ်နည်းသင်းတန်းပေးဖို့ လုပ်နေတာ။ သင်တန်းပြီးရင် လက်နက်ငယ် တပ်ဆင်ပေးမယ်ဆိုပြီး ဖိအားပေး စာရင်းတောင်းနေတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မြို့နယ်တွေရှိ ဌာနဆိုင်ရာတွေကို ကိုယ့်ရုံးကို ကာကွယ်ဖို့အတွက်ဆိုပြီး မွန်းမံသင်တန်းနဲ့ လက်နက်ငယ်ပစ်သင်တန်းပေးဖို့ လုပ်နေပြီး သင်တန်းပြီးရင် လက်နက်ငယ်တွေပေးသွားဖို့ စာရင်းကောက်နေတာလို့ သိရပါတယ်။

နောက်ပြီး ငါးသိုင်းချောင်းနဲ့ ဂွမြို့လမ်းမှာရှိတဲ့ အင်အားနည်းနေတဲ့စခန်းတွေကို  လုံခြုံရေးအတွက် ခရိုင်ထဲက ရဲအင်အားတွေ ထုတ်နုတ်ပြီး ဆက်တိုက်လွှတ်ပေးနေရသလို ရခိုင်ကနေ နောက်ဆုတ်လာတဲ့ ရဲတွေကို ဦးစားပေးပြန်ပို့နေတယ်လို့ ဆိုပါတယ်။

ဒီလိုပြန်ပို့တာမှာ ရခိုင်ဘက်မသွားရဖို့ နယ်မြေခံရဲတွေက စခန်းမှူးတွေကို ငွေထိုးပြီး ဖန်ငွေရှာပေးနေကြရကာ ပုသိမ်-မုံရွာလမ်းပိုင်းက လှည်းဆိပ်စခန်းမှူး မြင့်လွင် ၊ အသုတ်စခန်းမှူး ဝင်းအောင်၊ ရေကြည်မြို့နယ်မှူး အောင်ကိုကို၊ ငါးသိုင်းချောင်းစခန်းမှူး တင်လင်းထွဠ်တို့က ငွေယူပြီး နယ်မြေခံရဲတွေနဲ့ အင်အားတိုးချထားတဲ့ ရဲတွေကို ခွဲခြားဆက်ဆံနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျုံပျော်ခရိုင်ထဲကို ဒုတိုင်းမှူးရဲလင်းအောင် ဗျူဟာဆင်းထိုင်နေသလို တစ်ပါတ်တစ်ကြိမ် ရေကြည်ဘက်ဆင်းကာ မနေ့ညပိုင်းက ရေကြည်မြို့ပေါ် ဒရုန်းတွေနဲ့ ပျံဝဲကင်းထောက်နေတာတွေ ရှိခဲ့ပါတယ်။

အလားတူ ခလရ (၃၆)မှာ ပြည်သူ့စစ်နဲ့ လုံခြုံရေးအဖွဲ့တို့က နံနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ လူခွဲပြီး တစ်နေ့ကို (၁၀)ဦးခန့်  သွားရောက် လုံခြုံရေးယူပေးနေရတယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို