နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

“ ဟောင်စု” ပရုတ်ဆီကြော်ငြာရိုက်ကူးတဲ့ ဖြူဖြူထွေးကို မြို့ပြပြောက်ကျားအဖွဲ့ သတိပေး

ဒီဇင်ဘာလ (၂၅)ရက်။

“ ဟောင်စု” ပရုတ်ဆီကြော်ညာ ရိုက်ကူးကြော်ညာပေးခဲ့တဲ့ cele တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးကို မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ Black Hero UG PDF က မနေ့က သတိပေးစာထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒီ‌ဇင်ဘာလ (၂၃)ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ဖြူဖြူထွေးက “ ဟောင်စု” ပရုတ်ဆီကြော်ငြာ ရိုက်ကူးပြီး ကြေညာပေးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီကြော်ညာဟာ ကမ္ဘာတဝန်းက လေးစားကြည်ညို ချစ်ခင်အားထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မဖွယ်မရာ မလေးမစား လှောင်ပြောင်ပြီး ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးထားတာလို့ ဖော်ပြထားပါတယ်။

ဖြူဖြူထွေးဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ဖျော်ဖြေတာတွေရှိပေမယ့် ခက်ခဲနွမ်းပါးသူတွေကို ကူညီထောက်ပံ့နေတာကြောင့် နားလည်မှုများစွာပေးခဲ့တယ်လို့ Black Hero UG PDF က ပြောဆိုထားပါတယ်။

ဒါ့ပေမယ့် ဖြူဖြူထွေးဟာ အခုအခါ တစ်ကြိမ်တခါသာမဟုတ်တော့တဲ့အတွက် ခွင့်လွှတ်ပေးတော့မှာမဟုတ်ဘူးလို့လဲ အသိပေးအကြောင်းကြားထားတာပါ။

ဖြူဖြူ‌ထွေးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံစံ ဝတ်ဆင်ပြီး အွန်လိုင်းကြော်ငြာရိုက်ကူးခဲ့တဲ့အတွက် လူမှုကွန်ရက်မှာ အပြသ်းအထန် ဝေဖန်ခံနေရသလို နိုင်ငံရေးအရ သိက္ခာချတိုက်ခိုက်တာလို့ ပြောဆိုနေကြပါတယ်။

နောက်ပြီး စစ်တပ်အာဏာသိမ်းချိန်ကလဲ ဆန္ဒပြပွဲတွေမှာ မပါဝင်ခဲ့တာကြောင့် ဝေဖန်ခံရတဲ့အပေါ် “ နိုင်ငံရေးနဲ့ ငါနဲ့ ဘာဆိုင်လို့ ကွန်မန့်လာမန့်နေကြတာလဲ၊ (၁)နှစ်ထဲ အာဏာထိမ်းတာကို ဘာထဖြစ်နေကြတာလဲ” ဆိုပြီး သူမရဲ့ လူမကွန်ရက်မှာ ပြောဆိုခဲ့သေးတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်တာကြောင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 30 Views
မေလ (၁၃)ရက်။ မေလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က အရူနာချားပြည်နယ်၊ Changlang ခရိုင်၊ Doimuk Nala ဒေသထဲ
မြန်မာသတင်း

KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 25 Views
မေလ (၁၃)ရက်။ KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး (၁၀)ဦးခန့် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 27 Views
မေလ (၁၀)ရက်နေ့က ယင်းမာပင်မှာ စစ်တပ်ရဲ့ အင်အား(၃၀၀)ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်(၄၇)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ တပ်မ(၃၃)နဲ့ ဘန့်ဘွေးရွာက ပျူစောထီးတွေပါတဲ့ အင်အား (၃၀၀)ကျော် စစ်ကြောင်းက
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 29 Views
မေလ (၁၃)ရက်။ အခုနှစ်ရက်တာထဲ မင်းတပ်မြို့‌ပေါ်နဲ့ အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ (၁၁)ကြိမ် တိုက်ခိုင်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၁)ရက်နေ့မှာ ညပိုင်း မြို့ပေါ်ကို လေကြောင်းကနေ (၂)ကြိမ်၊ မနေ့က မနက်ပိုင်းမှာ
မြန်မာသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို ဆိုင်းငံ့သေဒဏ် ချမှတ်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် ဘေဂျင်း — တရုတ်နိုင်ငံသည် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ဆက်တိုက် နှိမ်နင်းလျက်ရှိရာ ကြာသပတေးနေ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဆိုင်းငံ့သေဒဏ်များ ချမှတ်လိုက်ကြောင်း တုန်လှုပ်ဖွယ်ရာ
မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ ဆေးလက်ထောက်သင်တန်း၊ စစ်သူနာပြုအကူသင်တန်း၊ သားဖွားတပ်ကြပ်ကြီးသင်တန်းနဲ့ ဆေးတပ်ဖွဲ့ဆိုင်ရာသင်တန်းတွေကို လက်ခံဖွင့်လှစ်ပေးတဲ့ သင်တန်းကျောင်းလို့ ဆိုပါတယ်။ ဒါပေမယ့်
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က အုတ်ဖိုမြို့ အေးမြသာယာမြို့သစ် မြို့အဝင်ရှိ ပျူစောထီးစခန်းကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)ရှိ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး