နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မံစီရှိ စစ်ကောင်စီရဲ့ ခမရ(၆၀၁)တပ်စခန်းကို တေ်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင်စီဗျူဟာမှူးအဆင့်ရှိသူတစ်ဦး ဖမ်းမိခဲ့တယ်လို့ဆို

ဒီဇင်ဘာလ (၂၅)ရက်။

ဒီကနေ့ မံစီမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခမရ(၆၀၁)တပ်စခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ဒီနေ့ မံစီ (၆၀၁)ကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီလို သိရပါတယ်။ (၆၀၁)စခန်းကနေ ဗျူဟာမှူးအဆင့်ရှိတဲ့သူတစ်ဦးကို အရှင်ဖမ်းဆီးထားနိုင်ခဲ့တယ်လို့လဲ သိရပါတယ်”လို့ မြေပြင်သတင်းတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီလို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့အထဲ နည်းပညာတက္ကသိုလ်(TU)နဲ့ စ.စ.န (၆၄၁)စခန်းတို့လဲ ပါဝင်ပြီး မြို့ထဲရှိ နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလို မံစီမြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတေယ်လှန်ရေးတပ်ဖွဲ့တွေဘက်က တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

နောက်ပြီး ကျန်ရှိနေသေးတဲ့ ခလရ(၄၇)အပါအဝင် ဗန်းမော်တက္ကသိုလ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ (၄)မိုင်ရှိ တပ်စခန်းတွေနဲ့ မံစီရှိ (၃၁၉)တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ ဆက်လက်ထိုးစစ်ဆင်နေတာပါ။

တိုက်ပွဲတွေထဲ ရှင်းလင်းထားတဲ့ စစ်ကောင်စီအလောင်းတွေနဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့သလို စကခ(၂၁)ရဲ့ ကားကင်းစခန်းအများစုကို ထိန်းချုပ်ထားပြီး ပိတ်ဆို့ဝန်းရံထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

“အခု မြေပြင်က စကစတပ်သားတွေကို လက်နက်ချရင် လေကြောင်းနဲ့ ရှင်းလင်းခံရမယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ လက်နက်ချဖို့ ကြောက်နေကြတာကို ဖမ်းမိထားတဲ့ သူတို့မိသားစုဝင်တွေက ငိုယိုပြီး ပြောနေကြတာရှိတယ်”လို့ သူက ဆက်ပြောပါတယ်။

အခုအခါ ဗန်းမော်မြို့ထဲ စကခ(၂၁)နဲ့ (၄)မိုင်ရှိ တပ်စခန်းနေရာတွေသာ ကျန်ရှိတော့ပြီး တိုက်ပွဲတွေ ငြိမ်နေပေမယ့် စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်တာတို့ကြောင့် ‌အရပ်သားတွေ နေ့တိုင်း သေဆုံးထိခိုက်နေရပါတယ်။

အခုရက်ပိုင်း စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတို့ကြောင့် နာရီစင်၊ (၂)မိုင်ရပ်ကွက်နဲ့ သိမ်တော်ကြီးဘုရားဝင်းတို့မှာ အများဆုံး ထိခိုက်သေဆုံးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သူတွေရှိပေမယ့် ပြည်သူ သောင်းဂဏန်းခန့် ကျန်နေသေးတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို