နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

IS အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ အမျိုးသမီးရဲ့ အမှုကို ဗြိတိန်အယူခံတရားရုံးက ပယ်ချ

ဆီးရီးယားနိုင်ငံကို ကျောင်းသူအဖြစ် သွားပြီး IS အဖွဲ့နဲ့ ပူးပေါင်းခဲ့တဲ့ ဗြိတိန်နိုင်ငံဖွါး အမျိုးသမီးဟာ နိုင်ငံသားအဖြစ်ကနေ ဖယ်ရှားခံရခြင်းအတွက် ဖေဖော်ဝါရီလ 23 ရက်နေ့က နောက်ဆုံးအယူခံဝင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ရှာမီမာ ဘီဂမ်းကို 2019 ခုနှစ်က ဆီရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ထိန်းသိမ်းရေးစခန်းတစ်ခုမှာတွေ့ရှိခဲ့ပြီး မကြာခင်မှာပဲ ဗြိတိန်အစိုးရက အမျိုးသားလုံခြုံရေးကြောင့် သူမကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အသက် 24 နှစ်ရှိနေပြီဖြစ်တဲ့ ဘီဂမ်းက သူမဟာ လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်ခဲ့တာကို သေချာမစဉ်းစားဘဲ ဥပဒေမဲ့စွာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ စောဒကတက်ပြီး အယူခံဝင်ခဲ့တာဖြစ်ပါတယ်။ ဘီဂမ်းရဲ့ အယူခံကို 2023 ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ ဗြိတိန်အောက်တရားရုံးက ပယ်ချခဲ့ပြီး အခုနောက်ဆုံးမှာလည်း လန်ဒန်မြို့က အယူခံတရားရုံးကလည်း ဘီဂမ်းရဲ့ အယူခံကို ပယ်ချခဲ့တာဖြစ်ပါတယ်။

ဘီဂမ်းရဲ့ အယူခံနဲ့ပတ်သက်ပြီး တရားသူကြီး ဆူးကားက တရားရုံးရဲ့တာဝန်ဟာ ဘီဂမ်းရဲ့ တင်ပြတောင်းဆိုမှုကို သဘောတူဖို့ မဟုတ်ဘဲ နိုင်ငံသားတစ်ယောက်ကို ခွင့်လွှတ်ခြင်းပြု၊မပြုဖို့ကိုသာ ဆုံးဖြတ်ရန်ဖြစ်တယ်လို့ မှတ်ချက်ပေးကာ ပယ်ချလိုက်တာဖြစ်ပါတယ်။ တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရကလည်း ကြိုဆိုခဲ့ပါတယ်။

ရှေ့နေအဖွဲ့တွေကတော့ ဘီဂမ်းနဲ့ ဆီးရီးယားမှာ ကျန်နေတဲ့သူတွေကို ပြန်ခေါ်ဖို့ ဗြိတိန်အစိုးရထံ အကြိမ်ကြိမ်တောင်းဆိုမှု ငြင်းပယ်ခံရတာဟာ အရှက်ရစရာတစ်ခုလို့ ဖော်ပြခဲ့ကြပါတယ်။ ရှေ့နေတစ်ဦးဖြစ်တဲ့ ဂါရတ်ပီးယာ့စ်က နိုင်ငံတိုင်းက သူတို့ရဲ့နိုင်ငံသားတွေ ဘေးကင်းဖို့ ပြန်ခေါ်နေချိန်မှာ ဗြိတိန်ကတော့ အခုလိုပြုမူနေတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ အခြားရှေ့နေတစ်ဦးကတော့ ဘီဂမ်းအတွက် တရားမျှတမှုမရမချင်း အိမ်ပြန်ခွင့်အတွက် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်အစိုးရဟာ 2019 ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း လူ 17 ဦးကို နိုင်ငံသားအဖြစ်က ရပ်စဲပြီး မူလနေထိုင်ရာ နိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘီဂမ်းရဲ့ အမှုကိစ္စမှာတော့ အငြင်းပွါးစရာတွေ အများအပြားရှိခဲ့တာပါ။ အချို့က သူမဟာ အကြမ်းဖက် IS အဖွဲ့ထဲကို လိုလိုလားလားနဲ့ သွားရောက် ပူးပေါင်းကြတာလို့ ပြောဆိုကြသလို အချို့ကလည်း သူမ ဗြိတိန်ကထွက်ခွါသွားချိန်မှာ ကျောင်းသူအရွယ်သာရှိနေသေးတယ်လို့ ထောက်ပြကြပါတယ်။ ဘီဂမ်းဟာ အသက် 15 နှစ်အရွယ် 2015 ခုနှစ်မှ ဆီးရီးယားကို ထွက်ခွါသွားခဲ့ပြီးနောက် IS တိုက်ခိုက်ရေးသမားတစ်ဦးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်အစိုးရမတက်ခင် အမေရိကန်က ဒေါ်လာ ၇၂၅ သန်းတန် လက်နက်ခဲယမ်းများကို ယူကရိန်းသို့ ပို့မည်ဖြစ်သည်။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃) ရက်။ အမေရိကန်သည် ယူကရိန်းနိုင်ငံသို့ ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များ၊ လူသုံးမိုင်းများနှင့် အခြားလက်နက်များကို စုစုပေါင်း ဒေါ်လာ ၇၂၅
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်မှာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အခွင့်အလမ်းကို အဆုံးသတ်သွား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 1 Views
ဒီဇင်ဘာလ (၃) ရက်။ တနင်္ဂနွေနေ့က ကျင်းပသည့် ဥဒုံဌာနီ (Udon Thani) ရွေးကောက်ပွဲတွင် အာဏာရပါတီနှင့် အတိုက်အခံခေါင်းဆောင်တို့အကြား အကွဲအပြဲများ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဂျာမန်အဓိပတိ အော်လော့ရှော့ဇ် ယူကရိန်းနိုင်ငံသို့ ရုတ်တရက်ရောက်ရှိလာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 2 Views
ဒီဇင်ဘာလ (၂) ရက်၊ ကိ့ဗ်- ယူကရိန်း။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖုန်းခေါ်ဆိုမှုအတွက် ယူကရိန်းသမ္မတ က ဂျာမန်အဓိပတိ အိုလော့ဖ် ရှော့ဇ်ကို (Olaf Scholz) ပြစ်တင်ဝေဖန်လိုက်ပြီးနောက် သီတင်းပတ်များအတွင်း ဂျာမန်အဓိပတိ အော်လော့ရှော့ဇ်သည် ယူကရိန်းနိုင်ငံသို့
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဂျိုးဘိုင်ဒင်က သားဖြစ်သူ ဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 2 Views
ဒီဇင်ဘာ (၂) ရက်။ ဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း တနင်္ဂနွေနေ့ ညနေပိုင်းက ကြေညာချက် ထွက်ပေါ်လာခဲ့သည်။ အခွန်ရှောင်မှုနှင့် တရားမဝင်သေနတ်ကိုင်ဆောင်ထားမှုများနှင့် စွဲချက်တင်ခံထားရသည့် သားဖြစ်သူ ဟန်တာဘိုင်ဒင်ကို ဒီဇင်ဘာလတွင် တရားရုံးက စီရင်ချက်ချရန် စီစဉ်ထားသည့်အချိန်တွင် ဖခင်ဖြစ်သူ
နိုင်ငံတကာသတင်း အမေရိကန်

ထရန် နဲ့ ဟက်ဆက် တို့ဟာ အမေရိကန်စစ်တပ်ကို ဘယ်လိုပြောင်းလဲနိုင်သလဲ၊ သူတို့ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေကဘာလဲ။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 8 Views
ဤနေရာတွင် ပိ့ဟက်ဆက် (Pete Hegseth) ၏ ပင်တဂွန်အပေါ် သက်ရောက်မှုသည် သိသာထင်ရှားမည်ဖြစ်သည်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် နှင့် ကာကွယ်ရေးဌာနကို ဦးဆောင်မည့်သူ ပိ့ဟက်ဆက် တို့သည် အမေရိကန်စစ်တပ်အတွက် ကြီးမားသောအပြောင်းအလဲများကို အဆိုပြုခဲ့ပြီး ဒုတိယ ထရန့်
နိုင်ငံတကာသတင်း အမေရိကန်

သန်းကြွယ်သူဌေးနှစ်ဦး အီလွန်မာ့ခ် နှင့် ဗီဗက်ရာမာဆွာမိတို့ရဲ့ထရန်ကိုကူမဲ့နည်းလမ်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 8 Views
အီလွန်မာ့ခ် (Elon Musk) နှင့် ဗီဗက် ရာမာဆွာမိ (Vivek Ramaswamy) တို့သည် အစိုးရ၏ စွမ်းဆောင်ရည် (Department of Government Efficiency –(DOGE) ဌာန အစီအစဉ်များ အတွက် အောက်လွှတ်တော်ရီပတ်ဘလစ်ကန်များနှင့်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ရဲ့ရှေ့ရေးနဲ့ ဒေါ်နယ်ထရန့်ရဲ့ဝန်ကြီးများ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 8 Views
ခေတ်မျက်လုံးပရိတ်ဿတ်များ ဒီနေ့မှာ လာမဲ့ အမေရိကန်သမတ ဒေါ်နယ်ထရန့် အစိုးရလက်ထက် အမေရိကန်နိုင်ငံကို ဘယ်လိုအစိုးရဝန်ကြီးတွေကစီမံခန့်ခွဲသွားမယ် ဆိုတဲ့အကြောင်းကို ဦးထွန်းအောင်ကျော်က တင်ပြပေးထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

တုန်လှုပ်ချောက်ချားဖွယ်ရာ ထိုးစစ်တစ်ခုဖြင့်သူပုန်များသည် ဆီးရီးယား၏ အကြီးဆုံးမြို့ကို ပထမဆုံးအကြိမ် ဝင်ရောက်နိုင် ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 12 Views
သူပုန်များသည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့ကို ထိုးဖောက်ဝင်ရောက်လာ ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်၊ ၊ ဘေရွတ်မြို့- သောင်းကျန်းသူများသည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့ကို