နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသခံတွေကို ‘တိုက်ပွဲနယ်မြေတွေ’ ကနေ ရွှေ့ပြောင်းဖို့ အစီအစဉ်ကို တင်ပြ။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်။

တယ်အီဗစ်, အစ္စရေး။

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ တောင်ပိုင်းမြို့ကို မကြာမီတွင် ထိုးစစ်ဆင်လာတော့မည်ဟု သတိပေးမှုများအကြားတွင် တိုက်ပွဲများဖြစ်ပွားနေသည့်နေရာများမှ လူများကို ရွှေ့ပြောင်းပေးရန်အတွက်အစီအစဉ်ကို စစ်ရေးကက်ဘိနက်အဖွဲ့ထံ တင်ပြထားသည်။ ယခုလအစောပိုင်းတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) အား ရာဖာမြို့မှ အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစီအစဉ်ကို ရေးဆွဲရန် ဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ယာဟု၏ရုံးက ပြောကြားခဲ့ပါသည်။

တနင်္လာနေ့တွင် အဆိုပါ “လာမည့် လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်” ကို အစိုးရမှ အတည်ပြုရန် တင်သွင်းခဲ့ကြောင်း နေတန်ယာဟု၏ ရုံးမှပြောကြားခဲ့သော်လည်း ထိုထုတ်ပြန်ချက်တွင် ရာဖာ (Rafah) အမည်ဖြင့် ဖော်ပြထားခြင်း မရှိပါ။၊ CNN သည် အစီအစဉ်၏ မိတ္တူကို မရရှိသေးပါ။ ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ်နယ်စပ်အနီးတွင်ရှိသော ရာဖာကို IDF ၏ ထိုးစစ်ဆင်မည့်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မှုများ ကြီးထွားလာနေသည်။ အစ္စရေးစစ်တပ်က ကမ်းမြှောင်ကို ဖြတ်၍ တောင်ဘက်သို့ ချီတက်လာစဉ် အဆိုပါမြို့သည် ပါလက်စတိုင်း စစ်ဘေးရှောင်အများစုနေထိုင်ရာ နေရာဖြစ်လာသော်လည်း အဆိုပါအရပ်သားများမှာ နောက်ထပ် ထွက်ပြေးရန်နေရာမရှိဖြစ်နေခဲ့သည်။

မြို့ပေါ်က ပါလက်စတိုင်းတွေကို ကယ်ဆယ်မယ့် “ယုံကြည်လောက်တဲ့” အစီအစဉ်မရှိဘဲ လုပ်ဆာင်မှုတွေကို ထောက်ခံမှာမဟုတ်ဘူးလို့ အမေရိကန်က သတိပေးထားပါသည်။ တနင်္လာနေ့တွင် နေတန်ယာဟု၏ရုံးမှ ထုတ်ပြန်ချက်တွင် အစိုးရအဖွဲ့သည် ဂါဇာကမ်းမြောင် မြောက်ပိုင်းနှင့် အခြားဒေသများတွင် ဖြစ်ပွားခဲ့သည့် လုယက်မှုများကို တားဆီးမည့် နည်းလမ်းဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်မည့် အစီအစဉ်ကိုလည်း အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က CBS သတင်းဌာန၏ နိုင်ငံကိုမျက်နှာမူခြင်း (Face the Nation) အင်တာဗျူးတွင် ရာဖာ၌ ကြိုးပမ်းအားထုတ်မှုအား အစ္စရေးခေါင်းဆောင်က ပြောကြားခဲ့သည်။

နောက်ဆုံး ကျန်ရှိနေတဲ့ဟားမတ်စ်ရဲ့ အမာခံနယ်မြေကို ကျွန်တော်တို့ ချန်ထားလို့မရပါဘူး” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ ဆက်လက်၍ ဟားမတ်စ်၏နောက်ဆုံးကျန်ရှိနေသည့်နေရာသည် ရာဖာဖြစ်ပြီး တပ်ရင်း၄ရင်းကိုအမိန့်ပေးနေသောဗဟိုဌာနများရှိသည်ဟု သူက ဆိုသည်။ CNN သည် ၎င်းနံပါတ်များကို သီးခြားအတည်ပြု၍မရပါ။

အစ္စရေးက ရာဖာစစ်ဆင်ရေးကို စတင်လိုက်သည်နှင့်တပြိုင်နက် တိုက်ပွဲပြင်းထန်သည့်အဆင့်သည် ပြီးဆုံးရန် လနှင့် ချီပြီး သီတင်းပတ်များစွာကြာမြင်နေမည်မဟုတ်ဘဲ ရက်သတ္တာပတ် အနည်းငယ်အတွင်း ပြီးဆုံးသွားမည်ဟု ၎င်းက အစီအစဉ်ကို ပြောကြားခဲ့သည်။

ထို့အပြင် IDF မှ “ အစီအစဉ်နှစ်ခု” ကို တင်ပြရန်တောင်းဆိုခဲ့ကြောင်း၊ တစ်ခုမှာ “ဂါဇာတွင် ပါလက်စတိုင်းအရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်စေရန်” နှင့် နောက်တစ်ခုက “ကျန်ရှိသော ဟားမတ်စ်တပ်ရင်းများကို ဖျက်ဆီးရန်” ဖြစ်သည်။

“ကျွန်တော်တို့ သဘောတူညီချက်ရဖို့ နည်းနည်းတော့ ကြန့်ကြာလိမ့်မယ်။ ဒါပေမယ့် ဖြစ်လာမှာပါ” ဟု နေတန်ယာဟုက ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုကို ခေတ္တရပ်ထားခြင်းကို ဖြေလျော့ပေးရနှင့် ဟားမတ်စ်မှ ဖမ်းဆီးထားသော အစ္စရေး ဓားစာခံများကို ပြန်လွှတ်ပေးမည့် အလားအလာရှိသော သဘောတူညီချက်ကို ရည်ညွှန်းကာ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်မရရှိရင် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လုပ်ရမှာပါ။ ဒီကိစ္စကို ပြီးဆုံးအောင်လုပ်ရမယ်” ဟု ပြောသည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန်က စေ့စပ်ညှိနှိုင်းသူများသည် အလားအလာရှိသော သဘောတူညီချက်၏ ကျယ်ပြန့်သောပုံစံများကို နားလည်သဘောပေါက်လာခဲ့ကြပြီး တနင်္လာနေ့တွင် ကာတာ၌ ဆွေးနွေးပွဲများကို ဆက်လက် လုပ်ဆောင်နေကြောင်း CNN သို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဟားမတ်စ်တို့နှင့် သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေချိန်တွင် အဆိုပါ စေ့စပ်ညှိနှိုင်းမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အရေးကြီးသည်မှာ၊ ဟားမတ်စ်သည် ဤဖြစ်နိုင်ချေရှိသော မူဘောင်တွင် လက်မှတ်မထိုးရသေးဘဲ စေ့စပ်ညှိနှိုင်းသူများမှ အမှန်တကယ်အသေးစိတ်အချက်အလက်များကို ဆက်လက် ညှိနှိုင်းနေသောကြောင့် အစောပိုင်း ဖြစ်နိုင်ချေရှိသော အပြီးသတ်သဘောတူညီချက်ရရှိရန် ရက်ပိုင်းအတွင်း ကျန်ရှိနေသေးသည်။

“အစ္စရေး၊ အမေရိကန်၊ အီဂျစ်နဲ့ ကာတာ ကိုယ်စားလှယ်တွေဟာ ပါရီမှာ တွေ့ဆုံပြီး ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အခြေခံ အသွင်အပြင်က ဘယ်လိုမျိုး ဖြစ်မလဲဆိုတာ သူတို့လေးဦးအကြား နားလည်မှု ရှိလာခဲ့ပါတယ်။ အသေးစိတ်အချက်အလတ်တွေကို လက်ခံနိုင်ဖို့ ညှိနှိုင်းနေတုန်းမို့ ကျွန်တော်မပြောနိုင်သေပါဘူး” ဟု ဂျိတ်ဆူလေဗန်က CNN သို့ ပြောကြားခဲ့သည်။

“ကာတာနဲ့ အီဂျစ်တို့က ဟားမတ်စ်တွေနဲ့ သွယ်ဝိုက်ပြီး ဆွေးနွေးမှုတွေ လုပ်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ဓားစာခံတွေကို လွှတ်ပေးဖို့ သဘောတူရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို လုပ်ဆောင်နေပါတယ်” လို့ ဆူလေဗန်က ထပ်လောင်းပြောကြားခဲ့ပါသည်။

“ပြီးတော့ လာမယ့်ရက်တွေမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခိုင်မာပြီး နောက်ဆုံး သဘောတူညီချက်တစ်ခု ရရှိတဲ့ အခြေအနေကို အရောက်လှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် စောင့်ကြည့်ရအုံးမှာပါ။”

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 35 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 41 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 45 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်