နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း

Mesa Arizona၊ မြို့တော်ဝန် John Giles

မင်္ဂလာညချမ်းပါ။ ကျွန်တော့်အနေနဲ့ အားလုံးကို ဝန်ခံဖို့ ရှိပါတယ်။ ဒါကတော့ ကျွန်တော်ဟာ တစ်သက်တာလုံး ရီပတ်ဘလစ်ကန်တစ်ဦး ဖြစ်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ဒီနေ့ညမှာ ရောက်နေတဲ့နေရာ မတူတာကို ခံစားမိပေမယ့် ဒီနေ့ ရီပတ်ဘလီကန်ပါတီထက် အိမ်မှာ ပြန်ရောက်နေသလို ပိုပြီး ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ ခန့်ငြားတဲ့ ရှေးရိုး (Grand Old) ပါတီကို အစွန်းရောက်တွေက ပြန်ပေးဆွဲပြီး ကိုးကွယ်မှု အစုအဖွဲ့တခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ကို ကိုးကွယ်တဲ့ အစုအဖွဲ့ပဲ ဖြစ်ပါတယ်။ ထရမ့်ဟာ ပြည်သူ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ဘာမှမသိပါဘူး။ သူဟာ ကလေးငယ်တယောက်လို သူ့ကိုယ်ကျိုးအတွက် လျှောက်လုပ်နေသူပါ။ ကျွန်တော်တို့အားလုံး အိမ်ဖြူတော်မှာ အရွယ်ရောက်ပြီးသူ လူကြီးတစ်ယောက် လိုအပ်နေပြီး ကျွန်တော်တို့မှာ တစ်ယောက်မှ မရှိတဲ့အခါ ဘာဖြစ်သွားခဲ့သလဲဆိုတာ တွေ့ခဲ့ရပါတယ်။

ထရန့်ဟာ မြင့်မားတဲ့ကတိတွေ၊ အကန့်အသတ်မရှိတဲ့ စီးပွားရေးတိုးတက်မှု၊ အမေရိကန် ကုန်ထုတ်လုပ်မှု ပြန်လည်မွေးဖွားလာစေဖို့နဲ့ လုံခြုံတဲ့နယ်စပ်တစ်ခုအဖြစ် လုပ်ဆောင်ပေးမယ်ဆိုပေမဲ့ အားလုံးက စကားတွေသာ ဖြစ်နေခဲ့ပါတယ်။ သူက ကျွန်တော်တို့ရဲ့မဲတွေကို လိုချင်ပေမယ့် ဘာအရာတစ်ခုကို သူက မပေးအပ်နိုင်ခဲ့ပေမဲ့ အဲ့ဒီရက်ပိုင်းတွေမှာ ကျွန်တော်ရဲ့ အာရီဇိုးနားရှိ မီဆာမြို့ဟာ ဂျိုးဘိုင်ဒင်နဲ့ ကင်မလာဟဲရစ်တို့ဟာ အကူအညီတွေကို ကမ်းရိုးတန်းကိုဖြတ်ပြီး ပို့ဆောင်ပေးနေတဲ့အတွက် အပတ်စဉ် ဖဲကြိုးတွေဖြတ်ပြီး ကြိုဆိုနေခဲ့ကြတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ရှေးရိုးဆန်တဲ့ ကွန်ဆာဗေးတစ် အသိုင်းအဝိုင်းအတွက်နဲ့ နိုင်ငံအနှံ့ကို မရေမတွက်နိုင်အောင် အကူအညီတွေ ပို့ဆောင်ပေးခဲ့ကြပါတယ်။

ကျွန်တော်ရဲ့ သူရဲကောင်း ဂျွန်မက်ကိန်း (John McCain) ဟာ ကျွန်တော်တို့ကို ပါတီရှေ့မှာ နိုင်ငံကို သတ်မှတ်ထားဖို့ သွန်သင်ဆုံးမခဲ့ပြီး ဒုသမ္မတကာမလာဟဲရစ်နဲ့ အုပ်ချုပ်ရေးမှူးဝါ့ဇ်တို့ကလည်း ဒီအတိုင်း ဦးဆောင်ကြမှာဖြစ်ပါတယ်။ ကျွန်တော်လို ကြားရောက်နေတဲ့ အမေရိကန်နိုင်ငံသား အများစုအတွက် အရေးတကြီး သတင်းစကားတစ်ခုပေးဖို့ ရှိပါတယ်။ ဂျွန်မက်ကိန်းရဲ့ ရီပတ်ဘလီကန်ပါတီ မရှိတော့ပါဘူး။ အဲဒီနောက်မှာ ဘာတွေကျန်နေခဲ့လဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါကြောင့် ဒီစာမျက်နှာကို လှန်ပစ်လိုက်ကြရအာင်။ တိုင်းပြည်ကို အရှေ့မှာ ထားကြရအောင်။ ငါတို့နိုင်ငံကို အုပ်ချုပ်မဲ့သူနေရာမှာ ငါတို့နိုင်ငံနဲ့ထိုက်တန်တဲ့ တွေးခေါ်နိုင်တဲ့လူကြီးတယောက်ကို ဘဲဥပုံရုံးခန်းမှာ ထားကြရအောင်။ ကျေးဇူးတင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 16 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 15 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 31 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို