နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ယခင် ရီပတ်ပလင်ကန် ဂျော်ဂျီယာ အုပ်ချုပ်ရေးမှူးဟောင်း ဂျက်ဒန်ကန်

++++++++++++++++++++++++++++++++++++++

ကျွန်တော့် ခရီးဟာ ဒီစင်မြင့်ပေါ်ရောက်ဖို့ စခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်များက ကျွန်တော်သိလာတယ်။ ဒေါ်နယ်ထရန့်က စိတ်ရော ကိုယ်ပါ လိမ်မယ်၊ ညာပြောမယ်။ နောက် ၂၀၂၀ ရွေးကောက်ပွဲကို ပြောင်းပြန်လှန်ပစ်ပြီး ခိုးယူမယ် ဆိုတာပါပဲ။ ကျွန်တော် သိလာတာက ထရန့်ဟာ ဒီမိုကရေစီကို တိုက်ရိုက်ခြိမ်းခြောက်နေတာပဲ ဖြစ်တယ်ဆိုတာပါပဲ။ သူ့လုပ်ဆောင်ချက်ဟာ ဘယ်တော့မှ ဘယ်တော့မှ ဘယ်တော့မှ ဘဲဥပုံသမတရုံးခန်းမှာ ထိုင်ဖို့ခွင့်ပြုလို့ မရနိုင်တော့ဘူး။

ဒီနေရာမှာ ဒေါ်နယ်ထရန့်ကို မဲပေးမဲ့သူတွေတော့ ရှိမှာမဟုတ်တဲ့အတွက် ကျွန်တော့်အနေနဲ့ သန်းနဲ့ချီပြီး နေအိမ်တွေမှာရှိနေတဲ့ ရီပတ်ပလီကင်ပါတီဝင်တွေ၊ အမတ်တွေ၊ ဆီနိတ်တာတွေကိုမိမိ ဒီနေရာကနေ အာရုံစိုက်ပြီး ပြောချင်ပါတယ်။ ဒေါ်နယ်ထရန်အတွက် အကြောင်းပြချက်တွေပေးပြီး နေတာတာကို စိတ်ပျက်ညီးငွေ့လာတဲ့ခင်ဗျားတို့ကို ပြောချင်ပါတယ်။ ရီပတ်ပလီတွေက လုပ်ကိုင်နိုင်စွမ်းမဲ့စွာ မိမိကိုယ်တိုင်အပေါ်မှာ ရိုးသားမှု မရှိကြတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပါတီဟာ မယဉ်ကျေးတဲ့ပါတီ ရှေးရိုးဆန်လွန်းတဲ့ပါတီ မဟုတ်ပါဘူး။ ပရမ်းပတာ ဖြစ်နေပြီး ရူးသွပ်နေတာပါ။ လုပ်စရာတခုထဲကိုသာ ခင်ဗျားတို့ လုပ်ဆောင်ရမှာ ဖြစ်တယ်။ အဲဒါကတော့ ထရန့်ကို ထုတ်ပစ်လိုက်ဖို့ပါပဲ။ ဒီနေ့ဒီအချိန်မှာ ပါတီကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအဖြစ် ပြောင်းလဲလာနေတယ်။ ရာဇဝတ်မှု ကျူးလွန်ထားသူကို ကိုးကွယ်ဆည်းကပ်နေကြတယ်။ သင်တို့အနေနဲ့ ကာမလာဟဲရစ် လုပ်ဆောင်နေသမျှ ပေါ်လစီအားလုံးကို သဘောတူ နေစရာမလိုပါဘူး။ ကျွန်တော်လည်း သဘောမတူပါဘူး။ ဒါပေမဲ့ သင်တို့အနေနဲ့ သူမရဲ့ အစိုးရရှေ့နေတယောက်ရဲ့ အမှားအမှန်ကို ဆုံးဖြတ်တတ်တဲ့အသိဉာဏ်၊ ကောင်းမှုနဲ့ မကောင်းမှုကို နားလည်ထားတဲ့ သူမဟာ တည်ငြိမ်သူတယောက် ဖြစ်တယ်။ အိမ်ဖြူတော်ကို ကောင်းစွာအုပ်ချုပ်နိုင်မှာဖြစ်ပြီးထရန့်ကတော့ ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။

၂၀၂၄ ခုနှစ်မှာ ကာမလာဟဲရစ်ကို မဲပေးရင် ဒီမိုကရက်တစ်မဟုတ်ပေမယ့် ခင်ဗျားက မျိုးချစ်စိတ်ရှိတဲ့သူပဲလို့ အိမ်မှာရှိနေတဲ့ ရီပတ်ဘလီကန် သူငယ်ချင်းတွေကို ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ကျွန်တော်တို့ မိသားစုမှာ ကျွန်တော့်ဇနီး ဘရုစ်ခ်နဲ့ ကျွန်တော့်သား ယောက်ျားလေး သုံးယောက်ကို ပြုစုပျိုးထောင်ထားပြီး မိသားစုဆောင်ပုဒ်တစ်ခု ရှိတယ်။ ဒါကတော့ “မှန်တာကို လုပ်တာဟာ ဘယ်တော့မှ မှားမှာ မဟုတ်ဘူး” ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာ တခြားရီပတ်ဘလီကန်အမတ်တွေနဲ့ ဒေါ်နယ်ထရန့်တို့က ကျွန်တော့်မိသားစုကို ရန်ရှာတဲ့အတွက် ကျွန်တော်တို့ကို ကာကွယ်ပေးနေတဲ့ အိမ်အပြင်ဘက်မှာ လက်နက်ကိုင် အရာရှိတွေ ရှိနေတယ်။ အနိမ့်ဆုံးအချိန်အတွင်းမှာ ကျွန်တော့်သားက အောက်ထပ်ကို ဆင်းလာပြီး လွန်ခဲ့တဲ့နှစ်များစွာက သားအဖနှစ်ယောက် ခရစ်ယန်ဘုရားကျောင်းက အတူတူပြန်လာကြတုံးက ပေးထားခဲ့တဲ့ “မှန်တာကို လုပ်တာဟာ ဘယ်တော့မှ မှားမှာမဟုတ်ဘူး” ဆိုတဲ့ စာသားလေးရေးထားတဲ့ အောက်ခံပြားလေးကိုလာ ပေးခဲ့ပြီး “ဖေဖေ ကြံ့ခိုင်စွာ ရပ်တည်ပါ” လို့ ပြောခဲ့တယ်။ ရီပတ်ဘလီကန် အပေါင်းအသင်းတွေအတွက် လုပ်သင့်လုပ်ထိုက်တာကို သိတဲ့သူတွေအနေနဲ့ အခု နိုဝင်ဘာလမှာ အဲဒါကို လုပ်ရဲတဲ့သတ္တိ ရှိကြပါစို့။ ကျေးဇူးတင်ပါတယ် ဘုရားသခင် ကောင်းချီးပေးပါစေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက