နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အသတ်ခံရတဲ့တပ်မှူးအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို ဟစ်ဇ်ဘိုလာ ဒုံးကျည်ရာနဲ့ချီ ပစ်ခတ်ခဲ့

++++++++++++++++++++++++++++++++++++++++++++++++

သြဂုတ်လ (၂၅) ရက်၊ ဂျေရုဆလင်/ဘေရွတ် (Reuters)။

သြဂုတ်လ (၂၅) ရက်နေ့က ဟစ်ဇ်ဘိုလာသည် ၎င်း၏ထိပ်တန်းခေါင်းဆောင်ကို အစ္စရေးက သတ်ဖြတ်ခဲ့ခြင်းအတွက် ရာနှင့်ချီသော ဒုံးကျည်များနှင့် ဒရုန်းများကို အစ္စရေးဘက်သို့ ပစ်လွှတ်ခဲ့သည်။

လက်ဘနွန်ရှိ ရှီးယိုက်အစ္စလာမ္မစ်အဖွဲ့ ဟစ်ဇ်ဘိုလာသည် အစ္စရေးက ၎င်း၏ ထိပ်တန်းခေါင်းဆောင်ကို သတ်ဖြတ်မှုအတွက် သြဂုတ်လ (၂၅) ရက်နေ့တွင် အစ္စရေးနိုင်ငံတွင်းသို့ ရာနှင့်ချီသော ဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ခတ်ခဲ့ပြီး လက်တုံ့ပြန်ခဲ့ကြောင်း သိရသည်။ အစ္စရေးက ၎င်းတိုက်ခိုက်မှုကို တုံ့ပြန်ရန် အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပခဲ့သည်။

ဟစ်ဇ်ဘိုလာသည် ၎င်းတို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့်အတွက် ကြိုတင်ပြီး လက်ဘနွန်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရေး ဂျက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြေညာခဲ့သည်။

ဟစ်ဇ်ဘိုလာက Katyusha ဒုံးကျည် ၃၂၀ ကျော်ကို ပစ်ခတ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၁၁ ခုကို ထိမှန်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းက လက်တုံ့ပြန်ခြင်း၏ “ ပထမအဆင့်” ပြီးမြောက်ကြောင်း အမှတ်အသားပြုသော်လည်း အပြည့်အဝတုံ့ပြန်မှု “ အချိန်အနည်းငယ်ယူရမည်” ဟု ပြောဆိုခဲ့သည်။

ဟစ်ဇ်ဘိုလာတပ်မှူး Shukr သည် ပြီးခဲ့သည့်လက ဘေရွတ်မြို့ဆင်ခြေဖုံးအရပ်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး နှစ်ဘက်အကြား တင်းမာမှုများ တိုးလာခဲ့သည်။

မြေပြင်အခြေအနေပြောင်းလဲမှုများကို အစ္စရေးက တုံ့ပြန်မည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ကတ်ဇ်က ပြောကြားခဲ့သည်။

“ လက်ဘနွန်မှာ အစ္စရေးပြည်သူတွေအား ခြိမ်းခြောက်မှုကို ဟန့်တားဖို့ တိကျတဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဘေရွတ်မှာ ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး ပြည်သူတွေကို ကာကွယ်ဖို့ နည်းလမ်းအားလုံးကို အသုံးပြုသွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး Gallant က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုအများစုသည် လက်ဘနွန်တောင်ပိုင်းရှိ ပစ်မှတ်များကို ရည်ရွယ်ထားသည်ဟု အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ ဒါဇင်နဲ့ချီတဲ့ (အစ္စရေးလေတပ်) ဂျက်တိုက်လေယာဉ်တွေဟာ လက်ဘနွန်တောင်ပိုင်းက နေရာမျိုးစုံကို တိုက်ခိုက်နေပါတယ်။ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပြီး ဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့ကို ဆက်လက်တိုက်ခိုက်နေပါတယ်။

Gallant သည် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး Tel Aviv လေဆိပ်သို့ အသွားအပြန် လေယာဉ်ခရီးစဉ်များကို မိနစ် ၉၀ ခန့် ဆိုင်းငံ့ထားသည်။ လေဆိပ်အာဏာပိုင်များက ပုံမှန်လည်ပတ်မှုများကို ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ပြန်လည်စတင်ရန် မျှော်လင့်ထားသည်။

အစ္စရေး အရေးပေါ် အာဏာပိုင်၏ အဆိုအရ အသေအပျောက် မရှိကြောင်း သတင်း ရရှိသည်။

<ဒေသတွင်း ပဋိပက္ခများ အတွက် စိုးရိမ်မှုများ>

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား တင်းမာမှုများ တိုးလာခြင်းကြောင့် အမေရိကန်နှင့် အီရန်တို့ ပါဝင်သော ဒေသတွင်း ပဋိပက္ခ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

သမ္မတ ဘိုင်ဒန်က အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု အိမ်ဖြူတော်က ပြောခဲ့သည်။

“ ဘိုင်ဒန်ရဲ့ လမ်းညွှန်မှုအရ၊ အစိုးရ အကြီးတန်း အရာရှိတွေဟာ အစ္စရေးဘက်နဲ့ စဉ်ဆက်မပြတ် အဆက်အသွယ် မပြတ်ရှိနေအောင် ကြိုးစားနေပါတယ်။”

ဓာတ်ပုံတွင် လက်ဘနွန်နယ်စပ်တွင် မီးတောက်များ တက်လာသည်ကို တွေ့ရသည်။ (2024 Reuters/Aziz Taher)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 28 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို