နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာပြည်မှာ ဘယ်လိုအာဏာရှင်မှ ထပ်ပြီးအုပ်စိုးလို့မရအောင် ကြိုးစားနေတာလို့ SNLD ဥက္ကဋ္ဌပြော

အောက်တိုဘာလ (၂၆)ရက်။

မြန်မာပြည်မှာ ဘယ်လိုအာဏာရှင်မှ ထပ်ပြီးအုပ်စိုးလို့မရအောင် ကြိုးစားနေတာလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ စိုင်းညွှန့်လွင်က ဒီကနေ့ နှစ်ပတ်လည်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“အခုကာလမှာ ကျွန်တော်တို့တွေဟာ ကပ်ရောဂါဘေးဒဏ်၊ စစ်ဘေးစစ်ဒဏ်၊ သဘာဝဘေးဒဏ်၊ စစ်လက်နက်တွေရဲ့ဒဏ်၊ မိုးပေါ်ကကျလာတဲ့ ဗုံးတွေရဲ့ဒဏ်၊ မချစ်မနှစ်သက်သူရဲ့ အုပ်ချုပ်တာကို ခံရတဲ့ဒဏ်၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်၊ ရန်သူမျိုးငါးပါးရဲ့ဒဏ်၊ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာကို ခံနေကြရတာဖြစ်ပါတယ်။ ဒါတွေဟာ တပြည်လုံးအတိုင်းအတာနဲ့ ခံနေရတာပါ။ ဒါကို တနေရာထဲ ကွက်ပြီးကောင်းအောင် လုပ်လို့မရပါဘူး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်ဆိုတာကို ရှင်းပြချင်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာပြည်မှာ ဘယ်လိုအာဏာရှင်မှ ထပ်ပြီးအုပ်စိုးလို့မရအောင်နဲ့ အာဏာရှင်စိုးမိုးတဲ့တိုင်းပြည်ကနေ ပြည်သူ့ကိုယ်စားလှယ်တွေ စိုးမိုးအုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်လာအောင် ကြိုးစားနေတာလို့ ပြောဆိုခဲ့ပါတယ်။

SNLD အနေနဲ့ ပါတီဝင်တွေ၊ မဲဆန္ဒရှင်တွေနဲ့ အားပေးထောက်ခံသူတွေကို ပစ်ထားမှာမဟုတ်ဘဲ နိုင်ငံရေးမိတ်ဆွေတွေနဲ့ လက်တွဲကာ ပြည်သူလူထုရဲ့ စိတ်ဆန္ဒတွေနဲ့ ကိုက်ညီပြီး ပြည်သူ့ဘဝနဲ့ ထိုက်တန်တဲ့ အခြေအနေ ပြန်ရောက်အောင် ကြိုးစားသွားမယ်လို့ အသိပေးထားပါတယ်။

အာဏာရှင်တိုက်ဖျက်ဖို့ကို ဆောင်ရွက်ကာ အခက်အခဲပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်ကို ပြာပုံထဲကနေ ပြန်လည်ရုန်းထွက်လာနိုင်စေဖို့အတွက် ဆက်လက်လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ SNLD ဥက္ကဋ္ဌက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မကြာခင် မြန်မာဟာ အေးချမ်းသာယာတဲ့ တိုင်းပြည်၊ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်တွေက စီမံအုပ်ချုပ်တဲ့တိုင်းပြည်၊ အာဏာရှင်မှန်သမျှ ကင်းစင်တဲ့တိုင်းပြည်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတခုအနေနဲ့ ပြန်လည်ပေါ်ထွန်းလာဖို့ကိုလဲ ဆုတောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 114 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 87 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို